ထိုအခါ ဘေဘီလုံဘုရင်၏မှူးမတ်များဖြစ်ကြသော နေရဂါလရှရေဇာ၊ သံဂါနေဗော၊ ရာဗသာရိပ်စာသခိမ်၊ ရာမက်နေရဂါလရှရေဇာနှင့် ဘေဘီလုံဘုရင်၏အခြားမှူးမတ်အပေါင်းတို့သည် မြို့ထဲသို့ဝင်လာ၍ အလယ်တံခါးဝ၌ နေရာယူကြ၏။
ယေဇကျေလ 26:10 - မြန်မာ့စံမီသမ္မာကျမ်း များပြားလှသောမြင်းများကြောင့် ဖုန်များတထောင်းထောင်းထ၍ သင့်ကိုဖုံးလွှမ်းလိမ့်မည်။ မြို့တံခါးမှတစ်ဆင့် ပြိုပျက်သွားသောမြို့ထဲသို့ပြေးဝင်လာသော မြင်းစီးသူရဲများ၊ စစ်ရထားများ၏ဘီးသံများကြောင့် မြို့ရိုးများပင် တုန်ခါသွားရလိမ့်မည်။ Common Language Bible သူတို့၏မြင်းများကြောင့်လွင့်တက်လာသော မြေမှုန့်တို့သည်သင့်အားဖုံးလွှမ်းလိမ့်မည်။ မြို့တွင်းသို့လူများဝင်သကဲ့သို့ပျက်စီး နေသောမြို့၏တံခါးများကိုဖြတ်၍ မြင်း များလှည်းဆွဲသံ၊ စစ်မြင်းရထားဆွဲသံ တို့သည်သင်၏မြို့ရိုးများကိုတုန်လှုပ် စေလိမ့်မည်။- Garrad Bible ပေါက် ပြီး မြို့ ကို ဝင် တတ် သည့် နည်း တူ၊ မြို့ တံ ခါး ဖြင့် ချဉ်း ဝင် သော၊ မြင်း တပ် မြောက် မြား သည့် အ တွက်၊ ခွာ စာ မုန့် လွှမ်း မိုး သည့် ပြင်၊ မြင်း တပ်၊ လှည်း တပ်၊ ရ ထား တပ် အ သံ ကြောင့်၊ မြို့ ရိုး ပင် တုန် လှုပ် လ တ္တံ့။ Judson Bible မြင်းများသောကြောင့် မြေမှုန့်သည် သင့်ကိုဖုံးလွှမ်းလိမ့်မည်။ တိုက်ဖျက်သောမြို့ထဲသို့ ဝင်တတ်သကဲ့သို့ သင်၏မြို့တံခါးသို့ ဝင်သောအခါ၊ လှည်းရထားမျိုး မြည်သံ၊ မြင်းစီးသူရဲတို့အသံကြောင့် သင်၏မြို့ရိုးလှုပ်ရှားလိမ့်မည်။ |
ထိုအခါ ဘေဘီလုံဘုရင်၏မှူးမတ်များဖြစ်ကြသော နေရဂါလရှရေဇာ၊ သံဂါနေဗော၊ ရာဗသာရိပ်စာသခိမ်၊ ရာမက်နေရဂါလရှရေဇာနှင့် ဘေဘီလုံဘုရင်၏အခြားမှူးမတ်အပေါင်းတို့သည် မြို့ထဲသို့ဝင်လာ၍ အလယ်တံခါးဝ၌ နေရာယူကြ၏။
ကြည့်ရှုလော့။ ဖျက်ဆီးသောသူသည် မိုးတိမ်ကဲ့သို့တက်လာမည်။ သူ၏စစ်ရထားသည် လေပွေကဲ့သို့ ဖြစ်မည်။ သူ၏မြင်းတို့သည် လင်းယုန်ထက်လျင်မြန်၏။ ငါတို့၌ အမင်္ဂလာရှိ၏။ ငါတို့သည် ဖျက်ဆီးခြင်းခံကြရပြီ။
မြင်းခွာသံတခွပ်ခွပ်၊ စစ်ရထားသံတဂျုန်းဂျုန်း၊ ဘီးလိမ့်သံတဒုန်းဒုန်းကြောင့် ဖခင်တို့သည် လက်မှိုင်ချ၍ သူတို့၏ကလေးများကိုပင် လှည့်မကြည့်နိုင်ကြ။
သူတို့သည် စစ်ရထားများ၊ လှည်းများ၊ လူအလုံးအရင်းများနှင့်တကွ သင့်ကိုလာတိုက်လိမ့်မည်။ ဒိုင်းများ၊ လွှားများ၊ သံခမောက်များပါလျက် သင့်ကိုဝိုင်းရံတပ်စွဲကြလိမ့်မည်။ သင့်ကိုအပြစ်ပေးရန် သူတို့လက်သို့အပ်လိုက်သဖြင့် သူတို့၏စီရင်ချက်အတိုင်း သင့်ကိုစီရင်လိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက တိုင်ရာမြို့အား ‘သင်ပြိုလဲလေပြီ။ မြို့ထဲတွင် အကြီးအကျယ်သတ်ဖြတ်ခံရ၍ ဒဏ်ရာရသူများညည်းတွားသောအသံကြောင့် ကမ်းရိုးတန်းတစ်ခုလုံး တုန်ခါသွားပြီမဟုတ်လော။
ဘုရားရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ မြောက်ဘက်အရပ်မှ ဘုရင်တကာတို့၏ဘုရင်ဘေဘီလုံဘုရင်နေဗုခဒ်နေဇာကို လူအလုံးအရင်းနှင့်တကွ မြင်းများ၊ ရထားများ၊ မြင်းစီးသူရဲများပါလျက် တိုင်ရာမြို့သို့ ငါချီတက်လာစေမည်။
တုံးမောင်းများဖြင့် မြို့ရိုးကို ရိုက်ချိုးလိမ့်မည်။ ဓားလက်နက်များဖြင့် ရဲတိုက်ကိုဖြိုဖျက်လိမ့်မည်။
မာလိန်မှူးတို့အော်ဟစ်သံကြောင့် သင်ကျင်လည်ကျက်စားခဲ့သောနယ်မြေများ တုန်လှုပ်လေပြီ။
ဤသို့ဖြင့် လူအပေါင်းတို့သည်လည်း ကြွေးကြော်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် တံပိုးမှုတ်ကြ၏။ လူတို့သည် တံပိုးမှုတ်သံကို ကြားရသည်နှင့် ကျယ်လောင်စွာကြွေးကြော်ကြရာ မြို့ရိုးကြီး ပြိုကျသွားကုန်၏။ လူတို့ကလည်း မြို့ထဲသို့ တန်းတန်းမတ်မတ်ဝင်၍ မြို့ကိုသိမ်းပိုက်လေ၏။
ယဇ်ပုရောဟိတ်တို့သည် တံပိုးကိုသံရှည်ဆွဲ၍မှုတ်ရမည်။ တံပိုးမှုတ်သံကိုကြားသောအခါ လူအုပ်ကြီးသည် ကျယ်လောင်စွာအော်ဟစ်ရမည်။ ထိုအခါ မြို့ရိုးကြီး ပြိုကျလိမ့်မည်။ လူတိုင်း မြို့ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားရမည်”ဟု မိန့်တော်မူ၏။