Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 23:24 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 သူ​တို့​သည် စစ်ရထား​များ​၊ လှည်း​များ​၊ လူ​အလုံးအရင်း​များ​နှင့်တကွ သင့်​ကို​လာတိုက်​လိမ့်မည်​။ ဒိုင်း​များ​၊ လွှား​များ​၊ သံခမောက်​များ​ပါ​လျက် သင့်​ကို​ဝိုင်းရံ​တပ်စွဲ​ကြ​လိမ့်မည်​။ သင့်​ကို​အပြစ်ပေး​ရန် သူ​တို့​လက်​သို့​အပ်လိုက်​သဖြင့် သူ​တို့​၏​စီရင်ချက်​အတိုင်း သင့်​ကို​စီရင်​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 သူ​တို့​သည်​စစ်​လက်​နက်​စစ်​မြင်း​ရ​ထား​များ၊ ရိက္ခာ​လှည်း​များ​ကို​ယူ​ဆောင်​ကာ ကြီး​မား​သော စစ်​သည်​အ​လုံး​အ​ရင်း​နှင့်​သင့်​အား​တိုက်​ခိုက် ကြ​လိမ့်​မည်။ ဒိုင်း​လွှား​များ​ကို​ကိုင်​ဆောင်​လျက် သံ​ခ​မောက်​များ​ကို​ဆောင်း​၍​သင့်​ကို​ဝိုင်း​ရံ ကြ​လိမ့်​မည်။ ငါ​သည်​သင့်​အား​သူ​တို့​၏​လက် သို့​ပြစ်​ဒဏ်​ခံ​ရန်​အပ်​နှံ​မည်။ သူ​တို့​သည် လည်း​မိ​မိ​တို့​တ​ရား​ဥ​ပ​ဒေ​များ​အ​ရ သင့်​ကို​တ​ရား​စီ​ရင်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 ရ ထား တပ်၊ လှည်း တပ်၊ အ လုံး အ ရင်း ပါ၊ လက် နက် ဆောင် လျက် ချီ တက် သည့် ပြင်၊ ဒိုင်း ရှည်၊ ဒိုင်း ဝန်း၊ မောက် ရူ ဆောင်း ကိုင် လျက် ဝန်း ဝိုင်း စွဲ ရပ် ကြ သော်၊ တ ရား မှု ကို ငါ လွှဲ အပ် သည် နှင့် အ ညီ၊ ကိုယ့် ဓ မ္မ သတ် အ တိုင်း သင့် ကို ဆုံး ဖြတ် ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 စစ်​တိုက်​လက်​နက်​နှင့် လှည်း​ရ​ထား​ပါ​လျက်၊ လူ​အ​လုံး​အ​ရင်း​နှင့်​တ​ကွ လာ၍ ဒိုင်း၊ လွှား၊ သံ​ခ​မောက်​လုံး​တို့​ကို သင့်​ပတ်​လည်၌ ခင်း​ကျင်း​ကြ​လိမ့်​မည်။ တ​ရား​စီ​ရင်​သော​အ​ခွင့်​ကို သူ​တို့၌​ငါ​အပ်​ပေး၍၊ သူ​တို့​သည် မိ​မိ​ထုံး​စံ​အ​တိုင်း စီ​ရင်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 23:24
12 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ဒါဝိဒ်​မင်းကြီး​က ဂဒ်​အား “​ငါ​သည် အကျဉ်းအကျပ်​ထဲသို့ ရောက်​ပါ​ပြီ​တကား​။ ထာဝရဘုရား​သည် သနား​ခြင်း​ကရုဏာ​ကြီးမား​သည်​ဖြစ်၍ ထာဝရဘုရား​လက်​တော်​ထဲသို့​သာ ငါ​တို့​ကျရောက်​ပါစေ​၊ လူ့​လက်​ထဲသို့ မ​ကျရောက်​ပါစေ​နှင့်​”​ဟု မိန့်ဆို​၏​။


မြင်းခွာသံ​တခွပ်ခွပ်​၊ စစ်ရထား​သံ​တဂျုန်းဂျုန်း​၊ ဘီးလိမ့်​သံ​တဒုန်းဒုန်း​ကြောင့် ဖခင်​တို့​သည် လက်မှိုင်ချ​၍ သူ​တို့​၏​ကလေး​များ​ကို​ပင် လှည့်​မ​ကြည့်​နိုင်​ကြ​။


ဇေဒကိ​မင်းကြီး​၏​မျက်စိ​ကို​လည်း​ဖောက်ထုတ်​၏​။ ဘေဘီလုံ​ဘုရင်​သည် သူ့​ကို ကြေးနီ​ကြိုး​ဖြင့်​ချည်နှောင်​ကာ ဘေဘီလုံ​မြို့​သို့​ခေါ်ဆောင်​သွား​ပြီး အနိစ္စ​ရောက်​သော​နေ့​အထိ ထောင်​ထဲ၌​ထည့်​ထား​၏​။


ခါလဒဲ​စစ်သည်​တို့​သည် ဇေဒကိ​မင်းကြီး​ကို​ဖမ်းဆီး​ပြီး ဘေဘီလုံ​ဘုရင်​ရှိ​ရာ ဟာမတ်​ပြည်​၊ ရိဗလ​မြို့​သို့ ခေါ်ဆောင်​သွား​ကြ​၍ ဘေဘီလုံ​ဘုရင်​သည် သူ့​ကို စီရင်ချက်​ချ​လေ​၏​။


အိမ်ထောင်ရေးဖောက်ပြန်​သော​မိန်းမ​၊ လူသတ်​သော​မိန်းမ​တို့​ကို တရားစီရင်​သကဲ့သို့ သင့်​ကို​ငါ​တရားစီရင်​မည်​။ မနာလိုစိတ်​၊ ဒေါသစိတ်​တို့​ဖြင့် သင့်​ကို သေဒဏ်​ပေး​မည်​။


ဘေဘီလုံ​ဘုရင်​ထံ သစ္စာခံ​ထား​သော​သူ​တို့​က ထို​ဗေဒင်​သည် မဟုတ်မမှန်​ဟု ထင်မှတ်​ကြ​လိမ့်မည်​။ သို့သော် ဘေဘီလုံ​ဘုရင်​သည် သူ​တို့​အား ဖမ်းခေါ်​သွား​ပြီး သူ​တို့​အပြစ်​ကို ပြန်​သတိရ​စေ​မည်​။


သူ​တို့​သည် အိမ်ထောင်ရေးဖောက်ပြန်​သော​မိန်းမ​၊ လူ​အသက်သတ်​သော​မိန်းမ ဖြစ်​ကြ​သောကြောင့် အိမ်ထောင်ရေးဖောက်ပြန်​သူ​၊ လူ​အသက်​ကို​သတ်​သူ​တို့​ကို​စီရင်​သည့်​အတိုင်း ဖြောင့်မတ်​သော​သူ​တို့​က သူ​တို့​ကို စီရင်​လိမ့်မည်​။


များပြား​လှ​သော​မြင်း​များ​ကြောင့် ဖုန်​များ​တထောင်းထောင်းထ​၍ သင့်​ကို​ဖုံးလွှမ်း​လိမ့်မည်​။ မြို့​တံခါး​မှတစ်ဆင့် ပြိုပျက်​သွား​သော​မြို့​ထဲသို့​ပြေးဝင်​လာ​သော မြင်းစီးသူရဲ​များ​၊ စစ်ရထား​များ​၏​ဘီး​သံ​များ​ကြောင့် မြို့ရိုး​များ​ပင် တုန်ခါ​သွား​ရ​လိမ့်မည်​။


ဘုရားရှင်​ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ မြောက်ဘက်​အရပ်​မှ ဘုရင်​တကာ​တို့​၏​ဘုရင်​ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​ကို လူ​အလုံးအရင်း​နှင့်တကွ မြင်း​များ​၊ ရထား​များ​၊ မြင်းစီးသူရဲ​များ​ပါ​လျက် တိုင်ရာ​မြို့​သို့ ငါ​ချီတက်​လာ​စေ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ