ယေဇကျေလ 24:5 - မြန်မာ့စံမီသမ္မာကျမ်း အကောင်းဆုံးသိုးကို ယူလော့။ အိုးအောက်၌ ထင်းပုံထားလော့။ အရိုးတို့ကို အသားနှင့်အတူ ပွက်ပွက်ဆူအောင် ပြုတ်လော့’ဟု မိန့်တော်မူ၏။ Common Language Bible အဆူဖြိုးဆုံးသောသိုးကိုသာလျှင်အသုံး ပြုလော့။ ကြေးအိုးအောက်တွင်မီးထင်းထည့်ကာ ရေကိုပွက်ပွက်ဆူစေ၍အရိုးများကိုပြုတ်လော့'' ဟုမိန့်တော်မူပါ၏။ Garrad Bible သိုး ဆိတ် အ ထူး ကို ရွေး ခြင်း၊ အ ရိုး များ ကို အိုး အောက် ပုံ ဆိုက် ခြင်း များ ပြု လျက်၊ အိုး တွင်း ရှိ အ ရိုး များ မြေ့ အောင် ဆူ ပွက် စေ လော့ ဟု မိန့် တော် မူ ကြောင်း၊ Judson Bible သိုးအကောင်းဆုံးတို့ကို ယူပြီးလျှင်၊ အရိုးအချို့တို့ကို အိုးကင်းအောက်မှာပုံ၍၊ အိုးကင်းထဲမှာ အရိုးတို့ကို ကျက်စေခြင်းငှာ၊ ကျပ်ကျပ်ဆူစေလော့။ |
ဘေဘီလုံဘုရင်သည် ရိဗလမြို့၌ ဇေဒကိမင်းကြီး၏သားတို့ကို ဇေဒကိမင်းကြီး၏ရှေ့မှောက်တွင်ပင် သတ်၏။ ယုဒမှူးမတ်အပေါင်းတို့ကိုလည်း သတ်လေ၏။
ဘေဘီလုံဘုရင်သည် ဇေဒကိမင်းကြီး၏သားတို့ကို ဇေဒကိမင်းကြီး၏ရှေ့မှောက်တွင်ပင် သတ်၏။ ယုဒလူမျိုးအကြီးအကဲအပေါင်းတို့ကိုလည်း ရိဗလမြို့တွင် သတ်လေ၏။
တောင်ဘက်ရှိတောအုပ်အား ‘ထာဝရဘုရား၏စကားကို နားထောင်လော့။ ဘုရားရှင်ထာဝရဘုရားက ကြည့်ရှုလော့။ သင့်ကို မီးရှို့သဖြင့် သင်၌ရှိသောစိမ်းလန်းသောအပင်၊ ခြောက်သွေ့သောအပင် ရှိသမျှတို့ကို မီးလောင်ကျွမ်းလိမ့်မည်။ တောက်လောင်သောမီးသည် မငြိမ်းဘဲ တောင်ဘက်မှ မြောက်ဘက်တိုင်အောင် မြေတစ်ပြင်လုံးကို လောင်လိမ့်မည်။
သို့ဖြစ်၍ ဘုရားရှင်ထာဝရဘုရားက သူတို့အား ‘ကြည့်ရှုလော့။ ဆူဖြိုးသောသိုးနှင့် ပိန်လှီသောသိုးတို့အမှုကို ငါကိုယ်တိုင်စီရင်မည်။
သို့သော် သားရဲသည် ပရောဖက်အတုအယောင်နှင့်အတူ အဖမ်းခံရ၏။ ထိုပရောဖက်အတုအယောင်သည် သားရဲ၏ရှေ့မှောက်၌ နိမိတ်လက္ခဏာများကိုပြုလျက် ထိုနိမိတ်လက္ခဏာများအားဖြင့် သားရဲ၏တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုကိုးကွယ်သောသူတို့အား လှည့်ဖြားသောသူဖြစ်၏။ ထိုသူနှစ်ဦးစလုံးတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ်ပစ်ချခြင်းခံရကြ၏။