အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ညအချိန်၌ ကိုယ်တော်ကို တောင့်တပါ၏။ အကျွန်ုပ်အထဲရှိ ဝိညာဉ်သည်လည်း ကိုယ်တော့်ကို ကြိုးစားရှာပါ၏။ ကမ္ဘာမြေကြီးကို ကိုယ်တော်တရားစီရင်တော်မူသောအခါ လောကသားတို့သည် ဖြောင့်မတ်ခြင်းတရားကို သင်ယူကြပါ၏။
ယေဇကျေလ 23:48 - မြန်မာ့စံမီသမ္မာကျမ်း အခြားသောမိန်းမအပေါင်းတို့သည် သင်တို့ပြုသကဲ့သို့ ညစ်ညမ်းသောအမှုကိုမပြုဘဲ သင်ခန်းစာယူနိုင်ရန် ပြည်ထဲရှိ ညစ်ညမ်းမှုတို့ကို ငါအဆုံးသတ်ပစ်မည်။ Common Language Bible ထိုသူနှစ်ယောက်တို့ကဲ့သို့မျောက်မ မထားကြ စေရန် အမျိုးသမီးအပေါင်းတို့အားသတိ ပေးသည့်အနေဖြင့် ငါသည်တစ်ပြည်လုံး၌ အကျင့်ပျက်မှုမှန်သမျှကိုရပ်စဲစေမည်။- Garrad Bible ကာ မ ဂုဏ် လိုက် စား မှု ကို၊ နေ ပြည် အ တွင်း မှ ပြတ် စဲ စေ၍၊ သင် တို့ ကဲ့ သို့ မ လိုက် စား ရန် အ ဆုံး အ မ ကို၊ မိန်း မ အ ပေါင်း တို့ ခံ ကြ လိမ့် မည်။ Judson Bible ထိုသို့ အခြားသော မိန်းမရှိသမျှတို့သည် သင်တို့ကဲ့သို့ အဓမ္မအမှုကိုမပြုဘဲ သတိရစေခြင်းငှာ၊ သင်တို့ အဓမ္မအမှုကို တစ်ပြည်လုံး၌ ငါပယ်ရှင်းမည်။ |
အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ညအချိန်၌ ကိုယ်တော်ကို တောင့်တပါ၏။ အကျွန်ုပ်အထဲရှိ ဝိညာဉ်သည်လည်း ကိုယ်တော့်ကို ကြိုးစားရှာပါ၏။ ကမ္ဘာမြေကြီးကို ကိုယ်တော်တရားစီရင်တော်မူသောအခါ လောကသားတို့သည် ဖြောင့်မတ်ခြင်းတရားကို သင်ယူကြပါ၏။
သင့်အိမ်ကို မီးရှို့ပစ်မည်။ မိန်းမအများရှေ့တွင် ဒဏ်ခတ်မည်။ ဤသို့ဖြင့် သင်အဖိုးအခပေးပြီး ဖောက်ပြန်မှားယွင်းသောအမှုပြုခြင်းမှ ငါရပ်တန့်စေမည်။
သင့်ကို လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေမည်။ အရပ်ရပ်သို့ ပျံ့နှံ့စေမည်။ သင်၏အညစ်အကြေးကို သင့်ထံမှ အကုန်အစင်ဖယ်ရှားပစ်မည်။
အီဂျစ်ပြည်၌သင်ပြုခဲ့သော ဖောက်ပြန်မှားယွင်းမှု၊ ညစ်ညမ်းမှုတို့ကို ငါအဆုံးသတ်စေမည်ဖြစ်၍ သင်သည် အီဂျစ်ပြည်ကို အမှတ်ရတော့မည်မဟုတ်၊ မျှော်ကြည့်တော့မည်မဟုတ်’ဟု မိန့်တော်မူ၏။
လူအလုံးအရင်းတို့သည် သူတို့ကို ကျောက်ခဲနှင့် ပေါက်သတ်ကြလိမ့်မည်၊ ဓားဖြင့် ခုတ်သတ်လိမ့်မည်။ သူတို့၏သားသမီးများကိုလည်း သတ်၍ အိမ်များကိုလည်း မီးရှို့ပစ်လိမ့်မည်။
သူတို့သည် သင်ပြုခဲ့သောညစ်ညမ်းမှုအပြစ်ကို ပြန်ခံစေမည်။ ရုပ်တုနောက်လိုက်သည့်အပြစ်တို့ကို သင်ပြန်ခံရမည်။ သို့မှ ငါသည် ဘုရားရှင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
သင်တို့ကို သန့်ရှင်းသောရေနှင့်ပက်ဖျန်းသဖြင့် သင်တို့သည် စင်ကြယ်လိမ့်မည်။ သင်တို့၏အညစ်အကြေး၊ သင်တို့၏ရုပ်တုဆင်းတုရှိသမျှတို့မှလည်း သင်တို့ကို စင်ကြယ်စေမည်။
ငါသည် အမျက်ဒေါသပြင်းစွာဖြင့် သင့်ကိုဆုံးမ၍ အပြစ်ဒဏ်ပေးသောအခါ သင့်ဝန်းကျင်ရှိ လူမျိုးတကာတို့တွင် သင်သည် ကဲ့ရဲ့စရာ၊ ပုတ်ခတ်စရာ၊ ခိုင်းနှိုင်းစရာ၊ လူသူကင်းမဲ့ရာ ဖြစ်လိမ့်မည်ဟု ငါထာဝရဘုရား မိန့်တော်မူပြီ။
သင်တို့နေထိုင်ရာအရပ်ရပ်ရှိမြို့တို့သည် ဖျက်ဆီးခြင်းခံရမည်။ အထွတ်အမြတ်ထားရာနေရာတို့သည် လူသူကင်းမဲ့ရာဖြစ်မည်။ သင်တို့၏ယဇ်ပလ္လင်သည် ဖျက်ဆီးခံရသဖြင့် ပျက်စီးသွားမည်။ ရုပ်တုတို့သည်လည်း ချိုးဖျက်ခံရသဖြင့် ပြိုပျက်သွားမည်။ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်သည်လည်း ခုတ်လှဲခံရမည်။ သင်တို့ပြုလုပ်ထားသောအရာတို့သည် သုတ်သင်ပယ်ရှင်းခြင်းခံရမည်။
“လူအပါအဝင် တိရစ္ဆာန်တို့ကို ဖျက်ဆီးပစ်မည်။ မိုးကောင်းကင်ငှက်နှင့် ပင်လယ်ငါးတို့အပါအဝင် တိုက်မိ၍လဲစေမည့်အရာများကို ဆိုးယုတ်သောသူတို့နှင့်အတူ ဖျက်ဆီးပစ်မည်။ ကမ္ဘာမြေပေါ်ရှိလူတို့ကို အမျိုးပြုတ်စေမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သို့မှသာ အစ္စရေးလူမျိုးအပေါင်းတို့သည်ကြား၍ ကြောက်ရွံ့သဖြင့် သင်တို့တွင် ဤမကောင်းမှုမျိုးကို နောက်တစ်ဖန်မပြုဘဲနေကြလိမ့်မည်။
ထို့ပြင် သောဒုံနှင့်ဂေါမောရမြို့တို့ကို ပြစ်ဒဏ်စီရင်လျက် ပြာပုံအဖြစ်သို့ ပျက်သုဉ်းစေကာ ဘုရားတရားမဲ့ဖြစ်လာမည့်သူတို့အတွက် နမူနာဖြစ်စေတော်မူ၏။