ထို့ကြောင့် အို အဟောလိဗ၊ ဘုရားရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ သင်စွန့်ထားခဲ့သော သင့်ချစ်သူများကို ငါနှိုးဆွမည်။ သင့်ကိုဝိုင်းဝန်းတိုက်ခိုက်ရန်
``သို့ဖြစ်၍အချင်းအဟောလိဗ၊ သင့်အားငါ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား သင် သည်ဤချစ်သူတို့ကိုငြီးငွေ့သွားပြီဖြစ်သော် လည်း ငါသည်သူတို့အားခေါ်ဆောင်ခဲ့မည်။ သူတို့ သည်သင့်ကိုအမျက်ထွက်၍ဝိုင်းရံထားကြ လိမ့်မည်။-
သို့ ဖြစ်၍၊ အို အ ဟော လိ ဗ၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား က၊ ဗာ ဗု လုန် လူ မျိုး၊ ခါ လ ဒဲ လူ မျိုး၊ ပေ ကုတ် လူ မျိုး၊ ရှော့ လူ မျိုး၊ ကော့ လူ မျိုး၊ အာ ရှု ရိ လူ မျိုး တည်း ဟူ သော မြင်း စီး သူ ရဲ၊ နှစ် သက် ဖွယ် လူ ပျို၊ မြို့ ဝန်၊ မြို့ စား၊ ဗိုလ် မင်း၊ မင်း တိုင် ပင် ဖြစ် သူ၊ ခင် မင် ဖူး လျက် သင် မေ တ္တာ ကုန် သူ တို့ ကို၊ ငါ ဆော် သြ လျက်၊ အ ရပ် ရပ် မှ လာ ရောက် စေ သည့် အ တိုင်း၊
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်ရွံရှာသောရည်းစားတို့ကို ငါထစေပြီးလျှင်၊ အရပ်ရပ်တို့ကလာ၍ တိုက်စေမည်။
သင့်ကိုသာယာမှုပေးသော သင့်ချစ်သူများမှစ၍ သင်မုန်းတီးသောသူများအားလုံးကို အရပ်ရပ်မှစုရုံးစေပြီးလျှင် သင့်ကိုဆန့်ကျင်စေမည်။ သူတို့အား သင်၌ အဝတ်မပါအချည်းစည်းဖြစ်နေသည်ကို ငါပြမည်။ သင်၌ အဝတ်မပါအချည်းစည်းဖြစ်ခြင်းကို သူတို့မြင်ရလိမ့်မည်။
ဤသို့ သင်သည် အီဂျစ်ပြည်တွင် အပျိုစင်သားမြတ်ကို အပွတ်သပ်ခံခဲ့၍ အပျိုဖြန်းဘဝကပြုခဲ့သော ညစ်ညမ်းမှုကိုသာ သင်တမ်းတနေ၏။
ဘေဘီလုံပြည်ရှိ ခါလဒဲလူမျိုးများမှစ၍၊ ပေကုပ်လူမျိုး၊ ရှောလူမျိုး၊ ကောလူမျိုးတို့နှင့်တကွ သူတို့နှင့်အတူနေထိုင်သော အဆီးရီးယားလူမျိုးများ စသည့် ခန့်ညားသောမင်းအရာရှိလုလင်ပျိုများ၊ စစ်ဗိုလ်များ၊ နာမည်ကျော်ကြားသောတပ်မှူးများ၊ မြင်းစီးသူရဲများအားလုံးတို့ကို ငါခေါ်လာမည်။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘သင်မုန်းတီးသောသူတို့လက်သို့၊ သင်စွန့်ပစ်သွားခဲ့သောသူတို့လက်သို့ သင့်ကိုငါအပ်မည်။
ထို့ကြောင့် သူချစ်သောသူတို့လက်သို့၊ သူတပ်မက်သော အဆီးရီးယားလူတို့လက်သို့ သူ့ကိုငါအပ်လိုက်ပြီ။
သင်မြင်ရသော ဦးချိုဆယ်ချောင်းနှင့် သားရဲတို့သည် ထိုပြည့်တန်ဆာကိုမုန်း၍ သူ့ကိုလုံးလုံးပျက်စီးစေကာ အဝတ်မပါအချည်းစည်းဖြစ်စေကြလိမ့်မည်။ သူ၏အသားကိုလည်းကိုက်စား၍ သူ့ကိုမီးရှို့ကြလိမ့်မည်။