သုံးလခန့်ကြာပြီးနောက် တစ်စုံတစ်ဦးက ယုဒအား “သင်၏ချွေးမတာမာသည် ပြည့်တန်ဆာအလုပ်လုပ်၏။ ကြည့်လော့။ ပြည့်တန်ဆာလုပ်ခြင်းဖြင့်လည်း ကိုယ်ဝန်ရနေပြီ”ဟု ကြားပြော၏။ ထို့ကြောင့် ယုဒက “သူ့ကိုအပြင်ထုတ်၍ မီးရှို့သတ်စေ”ဟု ဆို၏။
ယေဇကျေလ 23:11 - မြန်မာ့စံမီသမ္မာကျမ်း ထိုအဖြစ်အပျက်ကို သူ့ညီမအဟောလိဗ မြင်သော်လည်း ရာဂစိတ်အားကြီး၍ သူ့အစ်မထက် သာ၍အကျင့်ပျက်ပြား၏။ ပြည့်တန်ဆာလုပ်၍ သူ့အစ်မထက် သာ၍ဖောက်ပြန်မှားယွင်း၏။ Common Language Bible ``အဟောလိဗသည်ဤအဖြစ်အပျက်ကို တွေ့မြင်၏။ သို့ရာတွင်သူသည်အဟောလ ထက်ပင် ပိုမိုဆိုးရွားသောပြည့်တန်ဆာ ဖြစ်လာ၏။- Garrad Bible ထို အ မှု ကို ညီ မ အ ဟော လိ ဗ မြင် သော် လည်း၊ အစ် မ ထက် တပ် မက်၍ မှား ယွင်း ခြင်း၊ ပြည့် တန် ဆာ လုပ်၍ ကျူး လွန် ခြင်း ကို ပြု လျက်၊ Judson Bible ထိုအမှုကို ညီမအဟောလိဗသည် မြင်သောအခါ၊ အစ်မထက်သာ၍ တပ်မက်သောစိတ်ရှိသည်နှင့်၊ အစ်မထက်သာ၍ မတရားသောမေထုန်ကို ပြု၏။ |
သုံးလခန့်ကြာပြီးနောက် တစ်စုံတစ်ဦးက ယုဒအား “သင်၏ချွေးမတာမာသည် ပြည့်တန်ဆာအလုပ်လုပ်၏။ ကြည့်လော့။ ပြည့်တန်ဆာလုပ်ခြင်းဖြင့်လည်း ကိုယ်ဝန်ရနေပြီ”ဟု ကြားပြော၏။ ထို့ကြောင့် ယုဒက “သူ့ကိုအပြင်ထုတ်၍ မီးရှို့သတ်စေ”ဟု ဆို၏။
ထို့ပြင် သူသည် ယုဒတောင်ကုန်းများပေါ်တွင် အထွတ်အမြတ်ထားရာနေရာများကိုလည်း တည်၍ ဂျေရုဆလင်မြို့သားများကို ဖောက်ပြန်မှားယွင်းစေ၏။ ယုဒပြည်သားများကိုလည်း လမ်းလွဲစေ၏။
ယောရှိမင်းကြီးလက်ထက်တွင်လည်း ငါ့အား ထာဝရဘုရားမိန့်ဆိုတော်မူ၏။ “လမ်းလွဲဖောက်ပြန်သောအစ္စရေးလူမျိုးပြုသောအမှုကို သင်မြင်ပြီလော။ သူသည် မြင့်မားသောတောင်ပေါ်နှင့် စိမ်းလန်းသောသစ်ပင်အောက် ရှိသမျှတို့သို့သွား၍ ပြည့်တန်ဆာလုပ်လေပြီ။
အစ်မကား အဟောလ၊ ညီမကား အဟောလိဗဟု အမည်တွင်၏။ သူတို့ကို ငါပိုင်၏။ သူတို့၌ သားသမီးများရှိ၏။ အဟောလအမည်ရှိသောသူသည် ရှမာရိမြို့၊ အဟောလိဗအမည်ရှိသောသူသည် ဂျေရုဆလင်မြို့ဖြစ်၏။