အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယေ​ဇ​ကျေ​လ 21:26 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဘုရားရှင်​ထာဝရဘုရား​က ‘ခေါင်းပေါင်း​ကို​ချွတ်​လော့​။ သရဖူ​ကို​ဖယ်ရှား​လော့​။ ဤအတိုင်း​မ​ရှိ​စေ​ရ​။ နိမ့်ကျ​သော​သူ​ကို​ချီးမြှောက်​၍ ကြီးမြတ်​သော​သူ​ကို နိမ့်ကျ​စေ​မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

ဤ​ကား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ သော​စ​ကား​ဖြစ်​၏။ သင်​၏​ရာ​ဇ​သ​ရ​ဖူ​နှင့် ဦး​ရစ်​ကို​ချွတ်​လိုက်​လော့။ အ​ခြေ​အ​နေ​အား လုံး​ပြောင်း​လဲ​သွား​လေ​ပြီ။ ဆင်း​ရဲ​သူ​တို့ အား​တန်​ခိုး​အာ​ဏာ​ပေး​အပ်​၍ တန်​ခိုး အာ​ဏာ​ရှိ​သူ​တို့​ကို​နိမ့်​ကျ​စေ​အံ့။-

အခန်းကိုကြည့်ပါ။

Garrad Bible

ဦး ရစ် ကို ပယ် လျက်၊ မ ကိုဋ် ကို ချွတ် လော့။ အ ရင် အ တိုင်း နောက် မ ဖြစ် ရ၊ နိမ့် ကျ ရာ ကို မြင့် မြတ် စေ၊ မြင့် မြတ် ရာ ကို နိမ့် ကျ စေ၊

အခန်းကိုကြည့်ပါ။

Judson Bible

ဦး​ရစ်​တော်​ကို​ပယ်၍ ရာ​ဇ​သ​ရ​ဖူ​ကို ချွတ်​လော့။ နောက်​တစ်​ဖန် မ​ရှိ​ရ။ နိမ့်​သော​သူ​ကို ချီး​မြှောက်​ရ​မည်။ မြင့်​သော​သူ​ကို နှိမ့်​ချ​ရ​မည်။

အခန်းကိုကြည့်ပါ။



ယေ​ဇ​ကျေ​လ 21:26
18 ပူးပေါင်းရင်းမြစ်များ  

ယုဒ​ဘုရင်​ယောယခိမ်​မင်းကြီး ဖမ်းခေါ်​သွား​ခြင်း​ခံရ​ပြီးနောက် သုံးဆယ့်​ခုနစ်​နှစ်​မြောက်​၊ ဒွါဒသမ​လ​၊ နှစ်ဆယ့်​ခုနစ်​ရက်​နေ့ ဘေဘီလုံ​ဘုရင်​ဧဝိလမေရောဒက်​မင်းကြီး နန်းတက်​သော​နှစ်​တွင် ယုဒ​ဘုရင်​ယောယခိမ်​မင်းကြီး​ကို အကျဉ်းထောင်​မှ လွှတ်ပေး​လိုက်​၏​။


ခါလဒဲ​စစ်သည်​တို့​သည် ဇေဒကိ​မင်းကြီး​ကို​ဖမ်းဆီး​ပြီး ဘေဘီလုံ​ဘုရင်​ရှိ​ရာ ရိဗလ​မြို့​သို့ ခေါ်ဆောင်​သွား​ကြ​၍ သူ့​ကို စီရင်ချက်ချ​လေ​၏​။


တရားစီရင်​သော​အရှင်​ကား ဘုရားသခင်​ပေတည်း​။ ထို​အရှင်​သည် တစ်ဦး​ကို​နှိမ့်ချ​၍ တစ်ဦး​ကို​ချီးမြှောက်​တော်မူ​၏​။


အကြောင်းမူကား စည်းစိမ်​သည် အစဉ်အမြဲ​တည်​သည်​မ​ဟုတ်​။ ရာဇသရဖူ​သည်​လည်း မျိုးဆက်​အစဉ်အဆက် တည်​သည်​မ​ဟုတ်​။


သင်​ငယ်စဉ်​ကတည်းက လေ့လာလိုက်စား​ခဲ့​သော ဂါထာမန္တန်​နှင့် မှော်အတတ်​အမျိုးမျိုး​တို့​ကို ဆက်၍​လိုက်စား​လော့​။ အကျိုး​ရှိ​ကောင်း​ရှိ​လိမ့်မည်​။ ဖျက်ဆီး​ခြင်း​ဘေး​ကို ခြောက်လှန့်​နိုင်​ကောင်း​ခြောက်လှန့်​နိုင်​လိမ့်မည်​။


ရှင်ဘုရင်​နှင့်​မယ်တော်​အား “​သင်​တို့​၏​ဘုန်း​သရဖူ​သည် သင်​တို့​၏​ခေါင်း​မှ ပြုတ်ကျ​ပြီ​ဖြစ်၍ နိမ့်ကျ​သော​နေရာ​၌ ထိုင်​လော့​”​ဟု ပြော​လော့​။


အကျွန်ုပ်​တို့​ခေါင်း​ပေါ်မှ သရဖူ​သည် ပြုတ်ကျ​လေ​ပြီ​။ အကျွန်ုပ်​တို့​ပြု​မိ​သော​အပြစ်​ကြောင့် ယခုမှာ အမင်္ဂလာ​ဖြစ်​လေ​ပြီ​။


သင့်​နှာခေါင်း​၌ နှာဆွဲ​၊ သင့်​နား​၌ နားကပ်​၊ သင့်​ခေါင်း​ပေါ်၌ တင့်တယ်​သော​သရဖူ စသည်​ဖြင့် ငါ​ဆင်ယင်​ပေး​၏​။


ငါ​ထာဝရဘုရား​သည် မြင့်​သော​အပင်​ကို​နိမ့်​စေ​၍ နိမ့်​သော​အပင်​ကို​မြင့်​စေ​ကြောင်း​၊ စိမ်းလန်း​သော​အပင်​ကို​ခြောက်သွေ့​စေ​၍ ခြောက်သွေ့​သော​အပင်​ကို​ဝေဆာ​စေ​ကြောင်း ကွင်းပြင်​မှ​သစ်ပင်​ရှိသမျှ​တို့ သိ​ကြ​ရ​လိမ့်မည်​။ ငါ​ထာဝရဘုရား​သည် မိန့်ဆို​သည့်​အတိုင်း​ပြု​မည်’​ဟူ၍ မိန့်​တော်မူ​၏”​ဟု မိန့်ဆို​၏​။


ရှင်ဘုရင်​တို့​ကို နန်း​ချ​၍ နှိမ့်ချ​သော​သူ​တို့​ကို ချီးမြှောက်​တော်မူ​၏။


ထာဝရ​ဘုရား​ရှေ့​တော်​၌ မိမိ​ကိုယ်​ကို​နှိမ့်ချ​ကြ​လော့။ သို့ပြုလျှင် ကိုယ်တော်​သည် သင်​တို့​ကို​ချီးမြှောက်​တော်မူ​လိမ့်မည်။


ထို​သူ မိက္ခာ​၌ ဘုရား​ဝတ်ကျောင်း​ရှိ​၏​။ သူ​သည် ဧဖုဒ်​နှင့်​တေရပ်ရုပ်တု​များ​ကို သွန်းလုပ်​ပြီးလျှင် မိမိ​သား​တစ်​ယောက်​ကို ယဇ်ပုရောဟိတ်​အဖြစ်​ခန့်ထား​၏​။