လာဗန်သည် မိမိသိုးတို့ကိုအမွေးညှပ်ရန်သွားနေချိန်တွင် ရာခေလသည် ဖခင်ပိုင်ဆိုင်သည့် တေရပ်ရုပ်တုတို့ကိုခိုးယူလေ၏။
ယေဇကျေလ 21:21 - မြန်မာ့စံမီသမ္မာကျမ်း ဘေဘီလုံဘုရင်သည် လမ်းနှစ်လမ်းဆုံရာ လမ်းခွ၌ရပ်၍ ဗေဒင်တွက်၏။ သူသည် မြားတို့ကို ခလောက်၍မဲချ၏။ ရုပ်တုများကို မေးမြန်း၏။ အသည်းဗေဒင်ကို ဖတ်၏။ Common Language Bible ဗာဗုလုန်မင်းသည်လမ်းဆုံ၊ လမ်းဝသို့ရောက် သောအခါ ရပ်၍အဘယ်လမ်းကိုလိုက်ရမည် ကိုသိနိုင်ရန်မြားတို့ကိုလှုပ်၍မဲချ၏။ သူ ၏ရုပ်တုတို့ကိုမေးမြန်း၏။ တိရစ္ဆာန်အသည်း ကိုလည်းကြည့်၏။- Garrad Bible ဗာ ဗု လုန် ဘု ရင် သည် မြှား များ ကို လှုပ် ရှား လျက်၊ ရုပ် တု များ ကို မေး လျှောက် လျက်၊ အ သည်း ကြည့် လျက်၊ Judson Bible ဗာဗုလုန်ရှင်ဘုရင်သည် ဗေဒင်တွက်ခြင်းငှာ လမ်းနှစ်လမ်းဆုံမိရာလမ်းခွ၌ ရပ်၏။ မြားတို့ကို ရောနှော၏။ တေရပ်ရုပ်တုတို့ကို မေးမြန်း၏။ အသည်းကို ကြည့်ရှု၏။ |
လာဗန်သည် မိမိသိုးတို့ကိုအမွေးညှပ်ရန်သွားနေချိန်တွင် ရာခေလသည် ဖခင်ပိုင်ဆိုင်သည့် တေရပ်ရုပ်တုတို့ကိုခိုးယူလေ၏။
ယခု သင်သည် သင့်ဖခင်၏အိမ်ကို အလွန်လွမ်းဆွတ်သဖြင့် အကယ်ပင်ပြန်သွားလိုသည်မှန်စေတော့ အဘယ်ကြောင့် ငါ၏ဘုရားတို့ကိုခိုးယူရသနည်း”ဟု ဆို၏။
ယောရှိမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်၌ ယဇ်ပုရောဟိတ်ဟိလခိတွေ့ရှိခဲ့သောကျမ်းတွင်ရေးသားထားသည့် ပညတ်တရားစကားတော်တို့ကို စောင့်ထိန်းရန် ဂျေရုဆလင်မြို့အပါအဝင် ယုဒပြည်တွင်တွေ့ရှိသော နတ်ဝင်သည်များ၊ နတ်ထိန်းများ၊ တေရပ်ရုပ်တုအပါအဝင်ရုပ်တုဆင်းတုများနှင့် စက်ဆုပ်ရွံရှာဖွယ်အရာအားလုံးတို့ကိုလည်း ဖယ်ရှားပစ်၏။
ရှင်ဘုရင်၏နှုတ်ခမ်းတွင် နိမိတ်စကားရှိ၏။ တရားစီရင်ရာ၌ သူ၏နှုတ်သည် မှားယွင်းမည်မဟုတ်။
မဲကို ပေါင်ခွင်၌ချတတ်ကြ၏။ သို့သော် စီရင်ဆုံးဖြတ်ချက်အားလုံးသည် ထာဝရဘုရားထံတော်မှလာ၏။
ရှင်ဘုရင်၏စိတ်နှလုံးသည် ထာဝရဘုရား၏လက်တော်၌ရှိ၍ ရေစီးသောချောင်းများကဲ့သို့ဖြစ်၏။ ကိုယ်တော်သည် ၎င်းကို အလိုတော်ရှိသည့် နေရာတိုင်းသို့ လှည့်စေတော်မူ၏။
အစ္စရေးအမျိုးသားတို့သည် ရှင်ဘုရင်နှင့် အကြီးအကဲ မရှိ၊ ယဇ်ပူဇော်ခြင်း မရှိ၊ အထွတ်အမြတ်ကျောက်တိုင် မရှိ၊ ဧဖုဒ် မရှိ၊ တေရပ်ရုပ်တု မရှိ။ ထိုကဲ့သို့ နေ့ရက်များစွာ နေရလိမ့်မည်။
ငါ့လူမျိုးတော်သည် သစ်သားရုပ်တုကို မေးမြန်းတတ်၏။ တောင်ဝှေးသည်လည်း သူတို့ကို ပြောပြတတ်၏။ ပြည့်တန်ဆာပြုလိုစိတ်ကြောင့် လမ်းလွဲ၍ ဘုရားသခင်ကိုစွန့်ပယ်ကာ ပြည့်တန်ဆာလုပ်ကြ၏။
အကယ်စင်စစ် တေရပ်ရုပ်တုတို့သည် လှည့်စားသောစကားကိုဆို၏။ ဂမ္ဘီရပညာရှင်တို့လည်း မဟုတ်မမှန်သောနိမိတ်ကို မြင်ကြ၏။ အလိမ်အညာအိပ်မက်များကို မြင်မက်ပြီး အချည်းနှီးနှစ်သိမ့်ပေးတတ်၏။ ထို့ကြောင့် လူတို့သည် သိုးစုကဲ့သို့ လှည့်လည်သွားလာရကြ၏။ သိုးထိန်းမရှိသဖြင့် အနှိပ်စက်ခံရကြ၏။
မောဘလူမျိုးသက်ကြီးဝါကြီးတို့နှင့် မိဒျန်လူမျိုးသက်ကြီးဝါကြီးတို့သည်လည်း ဉာဏ်ပူဇော်ခကိုယူလျက် ထွက်သွားကြ၏။ ဗာလမ်ထံသို့ရောက်သောအခါ ဗာလက်မင်းကြီး၏စကားတို့ကို ဗာလမ်အား ပြောကြားကြ၏။
ယာကုပ်အမျိုးကို မှော်အတတ်ဖြင့်မပြုစားနိုင်။ အစ္စရေးလူမျိုးကို ဂမ္ဘီရပညာဖြင့်မလှည့်ဖြားနိုင်။ ယခုတွင် ‘ဘုရားသခင် မည်သို့ပြုတော်မူပါသနည်း’ဟူ၍ ယာကုပ်အမျိုး၊ အစ္စရေးလူမျိုးကိုရည်ဆောင်၍ ပြောဆိုရလိမ့်မည်။
ထို့နောက် ဗာလက်မင်းကြီးသည် ဗာလမ်ကို ကန္တာရမြေကိုစီးမြင်ရသော ပေဂုရတောင်ထိပ်သို့ခေါ်သွား၏။
လမ်းဆုံလမ်းခွများသို့သွား၍ တွေ့သမျှသောသူတို့ကို မင်္ဂလာဆောင်ပွဲသို့ ဖိတ်ခေါ်ကြလော့’ဟု မိန့်တော်မူ၏။
တစ်နေ့တွင် ငါတို့သည် ဆုတောင်းပတ္ထနာပြုသောနေရာသို့သွားကြစဉ် ဗေဒင်ဟောတတ်သောနတ်ပူးနေသည့် အစေခံမိန်းမတစ်ဦးနှင့် ဆုံကြ၏။ သူသည် ဗေဒင်ဟောခြင်းဖြင့် မိမိသခင်တို့အတွက် များစွာသောအကျိုးစီးပွားကိုဖြစ်စေ၏။
သင်တို့တွင် သားသမီးကို မီးဖြင့်ပူဇော်သောသူ၊ ဂမ္ဘီရအတတ်ကိုသုံးသောသူ၊ ဗေဒင်အတတ်ကိုသုံးသောသူ၊ နိမိတ်ဖတ်သောသူ၊ မှော်အတတ်ကိုသုံးသောသူ၊
ထိုသူ မိက္ခာ၌ ဘုရားဝတ်ကျောင်းရှိ၏။ သူသည် ဧဖုဒ်နှင့်တေရပ်ရုပ်တုများကို သွန်းလုပ်ပြီးလျှင် မိမိသားတစ်ယောက်ကို ယဇ်ပုရောဟိတ်အဖြစ်ခန့်ထား၏။
ထိုအခါ လဲရှမြို့ကိုသွားရောက်စူးစမ်းခဲ့သောလူငါးယောက်က အမျိုးသားချင်းတို့အား “ဤအိမ်၌ ဧဖုဒ်ရုပ်တု၊ တေရပ်ရုပ်တုများနှင့် သွန်းလုပ်ထားသောရုပ်တုတို့ရှိသည်ကို သင်တို့သိသလော။ ယခု သင်တို့မည်သို့ပြုရမည်ကို ဆင်ခြင်ကြလော့”ဟု ဆိုကြ၏။
ထိုသို့ စစ်လက်နက်စွဲကိုင်သောလူခြောက်ရာနှင့်ယဇ်ပုရောဟိတ်သည် တံခါးဝ၌ရပ်နေစဉ် လဲရှမြို့ကိုသွားရောက်စူးစမ်းခဲ့သောလူငါးယောက်တို့သည် အိမ်ထဲသို့ဝင်၍ ထွင်းထုထားသောရုပ်တု၊ ဧဖုဒ်ရုပ်တု၊ တေရပ်ရုပ်တုများနှင့် သွန်းလုပ်ထားသောရုပ်တုတို့ကို ယူလေ၏။
ထိုသူတို့သည် မိက္ခာ၏အိမ်ထဲသို့ဝင်၍ ထွင်းထုထားသောရုပ်တု၊ ဧဖုဒ်ရုပ်တု၊ တေရပ်ရုပ်တုများနှင့်သွန်းလုပ်ထားသောရုပ်တုတို့ကို ယူကြသဖြင့် ယဇ်ပုရောဟိတ်က သူတို့အား “သင်တို့ ဘာလုပ်နေကြသနည်း”ဟု မေး၏။
ယဇ်ပုရောဟိတ်သည်လည်း ဧဖုဒ်ရုပ်တု၊ တေရပ်ရုပ်တုများနှင့် ထွင်းထုထားသောရုပ်တုတို့ကိုယူပြီး သူတို့နှင့်အတူ ဝမ်းသာအားရလိုက်သွားလေ၏။
မိက္ခာက “သင်တို့သည် ငါထုလုပ်သောဘုရားများနှင့် ယဇ်ပုရောဟိတ်ကို ခေါ်ဆောင်သွားကြပြီ။ ငါ၌ ဘာကျန်သေးသနည်း။ သို့ပါလျက်နှင့် ငါ့အား ‘သင် ဘာဖြစ်နေသနည်း’ဟူ၍ အဘယ်ကြောင့်မေးရသနည်း”ဟု ပြန်ပြောလေ၏။
ပုန်ကန်ခြင်းအပြစ်သည် ဂမ္ဘီရပညာသုံးခြင်းအပြစ်နှင့် အတူတူပင်ဖြစ်၏။ ခေါင်းမာခြင်းသည် မကောင်းမှုပြုခြင်း၊ ရုပ်တုကိုးကွယ်ခြင်းပင်ဖြစ်၏။ သင်သည် ထာဝရဘုရား၏စကားကိုပယ်သောကြောင့် ထာဝရဘုရားသည်လည်း သင့်ကို ဘုရင်အဖြစ်မှပယ်တော်မူပြီ”ဟု သူ့အား ဆို၏။