ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား၊ အစ္စရေးလူမျိုးတို့၏တန်ခိုးကြီးသောအရှင်က “ငါ့ကိုရန်ပြုသောသူတို့ကို ငါကျေနပ်သည်အထိ ငါပြုမည်။ ငါ့ရန်သူတို့ကို ငါကိုယ်တိုင် လက်တုံ့ပြန်မည်။
ယေဇကျေလ 21:17 - မြန်မာ့စံမီသမ္မာကျမ်း ငါလက်ခုပ်တီးမည်။ ငါ့အမျက်ဒေါသလည်း ပြေသွားမည်’ဟူ၍ ငါထာဝရဘုရားမိန့်တော်မူပြီ”ဟု မိန့်ဆို၏။ Common Language Bible ငါသည်လည်းလက်ခုပ်တီးမည်။ ထိုနောက်ငါ ၏အမျက်တော်ပြေမည်။ ဤကားငါထာဝရ ဘုရားမိန့်တော်မူသောစကားပင်ဖြစ်၏'' ဟူ ၍တည်း။ Garrad Bible ငါ လည်း လက် ပမ်း ပေါက် ခတ် လျက်၊ အ မျက် တော် ငြိမ်း စေ မည် ဟု၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို ခဲ့ ပြီ ဟူ၍ တည်း။ Judson Bible ငါသည်လည်း လက်ချင်းရိုက်၍၊ ငါ့ဒေါသအရှိန်ကိုငြိမ်းစေမည်။ ထိုသို့ ငါထာဝရဘုရားမိန့်တော်မူပြီ။ |
ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား၊ အစ္စရေးလူမျိုးတို့၏တန်ခိုးကြီးသောအရှင်က “ငါ့ကိုရန်ပြုသောသူတို့ကို ငါကျေနပ်သည်အထိ ငါပြုမည်။ ငါ့ရန်သူတို့ကို ငါကိုယ်တိုင် လက်တုံ့ပြန်မည်။
အကျွန်ုပ်လမ်းလွဲပြီးမှ အမှန်ပင် နောင်တရပါပြီ။ သွန်သင်ခြင်းခံရပြီးမှ အကျွန်ုပ်သည် ရင်ထုမနာဖြစ်ရပါ၏။ အကျွန်ုပ်သည် ငယ်ရွယ်စဉ်၌ ကဲ့ရဲ့ပြစ်တင်စရာဖြစ်သောကြောင့် အရှက်ကွဲရပါ၏။ အသရေပျက်ရပါ၏”ဟူ၍ မြည်တမ်းသည်ကို ငါသေချာစွာကြားရ၏။
ရန်သူ၌ ဓားပါ၍ ပတ်ပတ်လည်၌ အန္တရာယ်ရှိသောကြောင့် ကွင်းပြင်သို့မသွားနှင့်။ လမ်းမပေါ် မထွက်နှင့်။
သို့မှ ငါအမျက်ပြေမည်။ သံသယစိတ်ကင်းမည်။ အမျက်မထွက်တော့သဖြင့် ငြိမ်းချမ်းလိမ့်မည်’ဟု မိန့်တော်မူ၏။
‘အချင်းလူသား၊ ပရောဖက်ပြုဟောပြောလော့။ လက်ခုပ်တီးလော့။ ဓားကို နှစ်ကြိမ်မက သုံးကြိမ်မြှောက်လော့။ ဤဓားသည် သတ်ဖြတ်မည့်ဓား၊ သူတို့ကိုဝိုင်းရံပြီး သတ်ပွဲနွှဲမည့်ဓားဖြစ်၏။
သို့ဖြစ်၍ ဘုရားရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ သင့်အလယ်တွင် မတရားအကျိုးစီးပွားရှာသောအပြစ်၊ လူအသက်သတ်သောအပြစ်ကြောင့် သင့်ကို ငါဒဏ်ခတ်မည်။
ထိုအခါ သင်တို့၏ဆိုးညစ်သောအပြုအမူ၊ မကောင်းသောလုပ်ရပ်များကို ပြန်လည်သတိရ၍ ကိုယ်ပြုခဲ့သောစက်ဆုပ်ရွံရှာဖွယ်အပြစ်တို့ကြောင့် ကိုယ့်ကိုယ်ကို စက်ဆုပ်ကြလိမ့်မည်။
‘သို့မှ ငါ့အမျက်ပြေမည်။ သူတို့ကို အမျက်ဒဏ်ခံစေပြီးမှ ငါ့စိတ်ချင်ရဲပြေမည်။ ငါ့အမျက်ငြိမ်းပြီးမှ ငါထာဝရဘုရား စိတ်အားကြီးစွာဖြင့် မိန့်ဆိုခဲ့ကြောင်းကို သူတို့သိရကြလိမ့်မည်။
ထို့နောက် သူသည် ငါ့ကိုခေါ်၍ “ကြည့်ရှုလော့။ မြောက်ပြည်သို့သွားသောသူတို့သည် ထိုပြည်၌ ငါ့စိတ်ကို သက်သာစေကြပြီ”ဟု မြွက်ဆို၏။
ထိုအခါ ဗာလက်မင်းကြီးသည် ဗာလမ်ကို အမျက်ထွက်လေ၏။ ထို့ကြောင့် လက်ဝါးရိုက်၍ ဗာလမ်အား “အကျွန်ုပ်၏ရန်သူကို ကျိန်ဆဲရန် သင့်အား အကျွန်ုပ်ခေါ်ခဲ့၏။ ယခုမူကား သင်သည် သူတို့ကို သုံးကြိမ်တိုင်အောင် ကောင်းချီးလုံးလုံးပေးလေပြီတကား။
ထာဝရဘုရားသည် သင့်ကိုကောင်းစားစေ၍ တိုးပွားစေရာ၌ နှစ်သက်အားရတော်မူသကဲ့သို့ သင့်ကိုဖျက်ဆီး၍ သုတ်သင်ပယ်ရှင်းပစ်ရာ၌လည်း ထာဝရဘုရား ဝန်လေးတော်မူမည်မဟုတ်။ သင်သည် သင်ဝင်ရောက်သိမ်းပိုက်သည့်ပြည်ထဲမှ နုတ်ပယ်ခြင်းခံရလိမ့်မည်။