အကျွန်ုပ်တို့၌မဟုတ်ဘဲ၊ အို ထာဝရဘုရား၊ အကျွန်ုပ်တို့၌မဟုတ်ဘဲ ကိုယ်တော်၏နာမတော်၌သာ ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့် ကိုယ်တော်၏သမ္မာတရားကြောင့် ဘုန်းအသရေရှိပါစေသော။
ယေဇကျေလ 20:44 - မြန်မာ့စံမီသမ္မာကျမ်း အို အစ္စရေးအမျိုးအနွယ်တို့၊ သင်တို့၏မကောင်းသောအပြုအမူ၊ ဖောက်ပြန်သောအကျင့်အကြံများကြောင့်မဟုတ်ဘဲ ငါ့နာမကိုထောက်၍ သင်တို့ကို ငါစီရင်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။ Common Language Bible အို ဣသရေလအမျိုးသားတို့၊ ငါသည်ငါ ၏နာမတော်ကိုထောက်၍ မိမိ၏အသရေ ကိုကာကွယ်ရန်သင်တို့၏ယုတ်မာဆိုးညစ် ဖောက်ပြန်သောအကျင့်များအလျောက် သင် တို့ကိုမစီရင်သောအခါငါသည်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသင်တို့သိရှိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဤကား အရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။ Garrad Bible အို ဣ သ ရေ လ အ မျိုး သား တို့၊ ဆိုး သွမ်း သော အ လေ့ အ လာ၊ ပျက် ယွင်း သော အ ပြု အ မူ များ အ တိုင်း မ ဟုတ်၊ ငါ့ နာ မ တော် အ ဖို့ သာ၊ သင် တို့၌ ငါ ပြု စု သည့် ကာ လ၊ ထာ ဝ ရ ဘု ရား ငါ ဖြစ် သည် ကို သင် တို့ သိ ရ ကြ လ တ္တံ့ ဟု၊ မိန့် တော် မူ ကြောင်း များ ကို၊ ဆင့် ဆို လော့ ဟူ၍ တည်း။ Judson Bible အို ဣသရေလအမျိုးသားတို့၊ သင်တို့၏ဒုစရိုက်များ၊ သင်တို့ဆိုးညစ်သော အကျင့်များနှင့်အညီ၊ ငါသည် သင်တို့ကိုမစီရင်။ ကိုယ်နာမကိုထောက်၍ စီရင်သောအခါ ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ |
အကျွန်ုပ်တို့၌မဟုတ်ဘဲ၊ အို ထာဝရဘုရား၊ အကျွန်ုပ်တို့၌မဟုတ်ဘဲ ကိုယ်တော်၏နာမတော်၌သာ ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့် ကိုယ်တော်၏သမ္မာတရားကြောင့် ဘုန်းအသရေရှိပါစေသော။
အကျွန်ုပ်တို့ကိုကယ်တင်တော်မူသောဘုရားသခင်၊ ကိုယ်တော့်နာမတော်၏ဘုန်းအသရေတော်ကိုထောက်၍ အကျွန်ုပ်တို့ကို ကူညီမစတော်မူပါ။ ကိုယ်တော်၏နာမတော်ကိုထောက်၍ အကျွန်ုပ်တို့ကိုကယ်နုတ်ပြီး အကျွန်ုပ်တို့၏အပြစ်များကို ဖြေလွှတ်တော်မူပါ။
ဤသို့ဖြင့် သင်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို ငါတည်စေသဖြင့် ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရလိမ့်မည်။
သို့သော် သူတို့အား ထုတ်ဆောင်လာခဲ့သည်ကို မြင်တွေ့သောလူမျိုးခြားတို့ရှေ့တွင် ငါ့နာမရှုတ်ချမခံရရန်အတွက် ငါပြုခဲ့၏။
သို့သော် သူတို့အား ထုတ်ဆောင်လာခဲ့သည်ကို မြင်တွေ့သော လူမျိုးခြားတို့ရှေ့တွင် ငါ့နာမရှုတ်ချမခံရရန်အတွက် ငါပြုခဲ့၏။ သူတို့ကို ငါမဆုံးမခဲ့။
ငါ့ကို ပုန်ကန်သောသူ၊ ပြစ်မှားသောသူတို့ကို ငါသုတ်သင်ပစ်မည်။ သူတို့ကို တည်းခိုနေထိုင်ရသောပြည်မှထုတ်ဆောင်လာမည်ဖြစ်သော်လည်း အစ္စရေးပြည်ထဲသို့ သူတို့ဝင်ရမည်မဟုတ်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရမည်’ဟု မိန့်တော်မူ၏။
သို့သော် သူတို့နေထိုင်ရာလူမျိုးခြားတို့အလယ်တွင် ငါ့နာမရှုတ်ချမခံရရန်အတွက် ငါပြုခဲ့၏။ သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်လာသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို လူမျိုးခြားတို့အား သိစေခဲ့၏။
ယေဇကျေလ၏ဖြစ်ရပ်သည် သင်တို့အတွက် နိမိတ်ဖြစ်၏။ သူပြုသည့်အတိုင်း သင်တို့ပြုရမည်။ ထိုသို့ဖြစ်ပျက်သောအခါမှ ငါသည် ဘုရားရှင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်ဟူ၍ မိန့်တော်မူသည်ဟု ဆင့်ဆိုလော့။
ဤသည်ကား ချစ်တော်မူသောသားတော်အားဖြင့် ငါတို့အားပေးသနားတော်မူသော မိမိကျေးဇူးတော်၏ဘုန်းတော်ကို ငါတို့ချီးမွမ်းကြမည့်အကြောင်းတည်း။
သို့သော် ငါသည် ကရုဏာတော်ကိုခံစားရသည့်အကြောင်းမှာ ခရစ်တော်ယေရှုသည် အဆိုးဆုံးဖြစ်သောငါ၌ ခပ်သိမ်းသောစိတ်ရှည်သည်းခံခြင်းကိုပြသတော်မူခြင်းအားဖြင့် ကိုယ်တော်ကိုယုံကြည်၍ ထာဝရအသက်ရရှိမည့်သူများအတွက် ငါ့ကိုစံနမူနာဖြစ်စေရန်ဖြစ်၏။