သူတို့သည် အထွတ်အမြတ်ထားရာနေရာများ၊ ကျောက်တိုင်များ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ကုန်းမြင့်ရှိသမျှ၊ စိမ်းလန်းသောသစ်ပင်ရှိသမျှတို့အောက်တွင် ကိုယ့်အဖို့ တည်ထားကြ၏။
ယေဇကျေလ 20:28 - မြန်မာ့စံမီသမ္မာကျမ်း သူတို့အားပေးမည်ဟု ငါကျိန်ဆိုခဲ့သည့်အတိုင်း သူတို့ကို ထိုပြည်သို့ ငါခေါ်ဆောင်လာသောအခါ သူတို့သည် ကုန်းမြင့်များ၊ စိမ်းလန်းသောသစ်ပင်များကို မြင်လျှင် ထိုနေရာတို့၌ ယဇ်ပူဇော်၍ ငါ့အမျက်ကိုနှိုးဆော်သော ပူဇော်သက္ကာကို ပူဇော်ကြ၏။ မွှေးကြိုင်သောနံ့သာပေါင်းကိုလည်း တင်လှူ၍ သွန်းလောင်းရာပူဇော်သက္ကာကိုလည်း သွန်းလောင်းပူဇော်ကြ၏။ Common Language Bible ငါသည်သူတို့အားကျိန်ဆိုကတိပြုထား သည့်ပြည်သို့ခေါ်ဆောင်၍သွား၏။ သူတို့သည် မြင့်သောတောင်ကုန်းများနှင့်စိမ်းလန်းသော သစ်ပင်တို့ကိုမြင်သောအခါ ထိုအရပ်တို့ တွင်ယဇ်ပူဇော်ကြကုန်၏။ နံ့သာပေါင်းကို မီးရှို့ရာယဇ်နှင့်စပျစ်ရည်ပူဇော်သကာ ကိုဆက်ကပ်ကြ၏။ ဤနည်းအားဖြင့်သူ တို့သည်ငါ၏အမျက်တော်ကိုနှိုးဆော် ကြသည်။- Garrad Bible ပေး မည် ဟု လက် ရုံး မြှောက် လျက် သ စ္စာ ဆို ခဲ့ ရာ ပြည် သို့ ငါ ဆောင် သွင်း ပြီး လျှင်၊ ထို သူ တို့ သည်၊ အ ရပ် ရပ် ရှိ မြင့် လှ သော ကုန်း၊ အ ရွက် ဖြာ သော သစ် ပင် များ ကို ရှာ ဖွေ လျက်၊ ယဇ် ပူ ဇော် ခြင်း၊ အ မျက် တော် တိုက် အ လှူ လှူ ခြင်း၊ စိတ် ပြေ ဖွယ် ရ နံ့ ဆက် သွင်း ခြင်း၊ သွန်း လောင်း ရာ သ က္ကာ တင် သ ခြင်း ကို၊ ထို အ ရပ် များ၌ ပြု ကြ သည် တ ကား။ Judson Bible သူတို့အားပေးခြင်းငှာ ငါကျိန်ဆိုသောပြည်သို့ ဆောင်သွင်းသောအခါ၊ သူတို့သည်မြင့်သောတောင်၊ ထူထပ်သော သစ်ပင်ရှိသမျှတို့ကို ကြည့်ရှု၍၊ ထိုအရပ်တို့၌ ယဇ်ပူဇော်ခြင်း၊ ငါ့အမျက်ကို နှိုးဆော်သောအလှူဒါနကိုတင်ခြင်း၊ နံ့သာပေါင်းကိုမီးရှို့ခြင်း၊ အရည်ပူဇော်သကာ သွန်းလောင်းခြင်းတို့ကို ပြုကြ၏။ |
သူတို့သည် အထွတ်အမြတ်ထားရာနေရာများ၊ ကျောက်တိုင်များ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ကုန်းမြင့်ရှိသမျှ၊ စိမ်းလန်းသောသစ်ပင်ရှိသမျှတို့အောက်တွင် ကိုယ့်အဖို့ တည်ထားကြ၏။
ရှိရှိသမျှကုန်းမြင့်များပေါ်တွင်ဖြစ်စေ၊ စိမ်းလန်းသောသစ်ပင်များအောက်တွင်ဖြစ်စေ ကျောက်တိုင်များ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များကို စိုက်ထူထားကြ၏။
ထာဝရဘုရားက “ဤအမှုကို မပြုရ”ဟု တားမြစ်ထားသောရုပ်တုကိုးကွယ်ခြင်းအမှုကို သူတို့ပြုကြ၏။
အစ္စရေးအမျိုးသားတို့သည် သူတို့၏ဘုရားသခင်ထာဝရဘုရားကို ဆန့်ကျင်ပြီး မဟုတ်မမှန်သောအရာများကို တိတ်တဆိတ်လုပ်ဆောင်ကြ၏။ ကင်းစောင့်ရာမျှော်စင်မှစ၍ ခံတပ်မြို့အထိ မြို့ရွာရှိသမျှတို့၌ အထွတ်အမြတ်ထားရာနေရာတို့ကို သူတို့အတွက် တည်ဆောက်ကြ၏။
တောင်ကြီးများပေါ်တွင် နံ့သာပေါင်းကိုမီးရှို့၍ တောင်ငယ်များပေါ်တွင် ငါ့ကိုစော်ကားပြုမူကြသော သင်တို့၏ဒုစရိုက်များနှင့် သင်တို့ဘိုးဘေးတို့၏ဒုစရိုက်များကို အတူတကွ ငါပြန်ပေးဆပ်စေမည်။ ထို့ကြောင့် ငါသည် သူတို့၏ယခင်လုပ်ရပ်တို့ကို အကုန်အစင်စစ်ဆေးမည်”ဟု မိန့်တော်မူ၏။
သူတို့သည် ခေါင်မိုးများပေါ်တွင် ကောင်းကင်တန်ဆာရှိသမျှအား နံ့သာပေါင်းမီးရှို့ပူဇော်၏။ အခြားသောဘုရားများရှေ့တွင် သွန်းလောင်းရာပူဇော်သက္ကာကိုပူဇော်၏။ ထို့ကြောင့် ဂျေရုဆလင်မြို့ရှိအိမ်များ၊ ယုဒဘုရင်တို့၏နန်းတော်များသည် တောဖက်အရပ်ကဲ့သို့ ညစ်ညူးလိမ့်မည်ဟု မိန့်တော်မူပြီ’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
ကောင်းသောအသီးအနှံတို့ကို စားရမည့်အကြောင်း သင်တို့အား သီးနှံဖြစ်ထွန်းသောပြည်သို့ ငါခေါ်ဆောင်လာ၏။ သို့သော် သင်တို့ရောက်လာ၍ ငါ့ပြည်ကိုညစ်ညူးစေကြ၏။ အမွေပြည်ကို စက်ဆုပ်ရွံရှာဖွယ် ဖြစ်စေကြ၏။
ယောရှိမင်းကြီးလက်ထက်တွင်လည်း ငါ့အား ထာဝရဘုရားမိန့်ဆိုတော်မူ၏။ “လမ်းလွဲဖောက်ပြန်သောအစ္စရေးလူမျိုးပြုသောအမှုကို သင်မြင်ပြီလော။ သူသည် မြင့်မားသောတောင်ပေါ်နှင့် စိမ်းလန်းသောသစ်ပင်အောက် ရှိသမျှတို့သို့သွား၍ ပြည့်တန်ဆာလုပ်လေပြီ။
အစ္စရေးအမျိုးသား၊ ယုဒအမျိုးသားတို့သည် ငယ်စဉ်ကတည်းက မကောင်းမှုကိုသာ ငါ့မျက်စိရှေ့တွင် ပြုကြပြီ။ အကယ်စင်စစ် အစ္စရေးအမျိုးသားတို့သည် ကိုယ့်လက်နှင့်လုပ်သောအရာများဖြင့် ငါ့အမျက်ကို နှိုးဆော်ကြပြီ’ဟု မိန့်တော်မူ၏။
သင့်အား ငါထောက်ပံ့ကျွေးမွေးသောအစားအစာဖြစ်သည့် အကောင်းဆုံးဂျုံမှုန့်၊ သံလွင်ဆီ၊ ပျားရည်တို့ကို သင်သည် မွှေးကြိုင်သောရနံ့အဖြစ် သူတို့အား ပူဇော်လေပြီ’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
ထို့ပြင် သင်သည် လူစည်ကားသောနေရာတိုင်းတွင် ကိုယ့်အဖို့ အထွတ်အမြတ်ထားသောနေရာဆောက်၏။ ပူဇော်ရာကိုတည်၏။
ပြည်တကာတို့ထက် သာယာဝပြောသောပြည်ဖြစ်၍ ‘နို့နှင့်ပျားရည်စီးသောပြည်’ ဖြစ်သည့် သူတို့အားငါပေးသောပြည်သို့ သူတို့ကို မပို့ဆောင်တော့ဟု တောကန္တာရတွင် ငါကျိန်ဆိုခဲ့၏။
ထို့ကြောင့် သင်တို့သွားလေ့ရှိသောကုန်းမြင့်အရပ်ကား မည်သို့နည်းဟူ၍ပင် သူတို့ကို ငါမေးယူရ၏။ ယနေ့တိုင်အောင် ထိုအရပ်ကို ဗာမာဟု အမည်ခေါ်တွင်လျက်ရှိ၏ဟူ၍ မိန့်တော်မူသည်’ဟု ဆင့်ဆိုလော့။
ထိုနေ့တွင်ပင် သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ပြီး ပြည်တကာတို့ထက် သာယာဝပြောသောပြည်၊ သူတို့အဖို့ ရွေးချယ်ထားသော ‘နို့နှင့်ပျားရည်စီးသောပြည်’သို့ ပို့ဆောင်ပေးမည်ဟု ကတိသစ္စာပြုခဲ့၏။
ရုပ်တုရှိသမျှကို မွှေးကြိုင်သောနံ့သာပေါင်းပူဇော်ရာနေရာများဖြစ်သည့် ရုပ်တုများကြားနှင့် ယဇ်ပလ္လင်ပတ်ပတ်လည်၊ တောင်ကုန်းများနှင့် တောင်ထိပ်များပေါ်၊ စိမ်းလန်းသောသစ်ပင်များနှင့် သပိတ်ပင်များအောက်တို့တွင် လူတို့သေနေသည်ကို မြင်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိကြလိမ့်မည်။
ဤသည်ကား အစ္စရေးအမျိုးသားတို့သည် ကွင်းပြင်၌ သူတို့ပူဇော်သောယဇ်ကောင်ကိုတွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၊ ထာဝရဘုရားရှေ့တော်၊ ယဇ်ပုရောဟိတ်ထံ ယူဆောင်ခဲ့၍ ထာဝရဘုရားအား မိတ်သဟာယယဇ်ပူဇော်ကြရန်ဖြစ်၏။
မြေကြီးသားတို့သွားရာလမ်းအတိုင်း ယနေ့ ငါလည်း သွားရတော့မည်။ သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသောကောင်းကျိုးချမ်းသာဆိုင်ရာကတိတော်ဟူသမျှ တစ်စုံတစ်ခုမျှမပျက်၊ အလုံးစုံပြည့်စုံလာကြောင်းကို သင်တို့၏စိတ်နှလုံး၊ စိတ်ဝိညာဉ်ထဲမှ အကြွင်းမဲ့သိကြ၏။ သင်တို့အဖို့ ထိုကတိတော်တို့သည် တစ်စုံတစ်ခုမျှမပျက်၊ အလုံးစုံပြည့်စုံလာ၏။