ယေဇကျေလ 16:19 - မြန်မာ့စံမီသမ္မာကျမ်း19 သင့်အား ငါထောက်ပံ့ကျွေးမွေးသောအစားအစာဖြစ်သည့် အကောင်းဆုံးဂျုံမှုန့်၊ သံလွင်ဆီ၊ ပျားရည်တို့ကို သင်သည် မွှေးကြိုင်သောရနံ့အဖြစ် သူတို့အား ပူဇော်လေပြီ’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible19 ငါသည်သင်စားရန်အကောင်းဆုံးမုန့်ညက်၊ သံလွင်ဆီနှင့်ပျားရည်တည်းဟူသောအစား အစာများကိုပေး၏။ သို့ရာတွင်သင်သည် ရုပ်တုများထံမှမျက်နှာရစေရန် ထိုအစား အစာများကိုသူတို့အားအမွှေးရနံ့အဖြစ် ဆက်သပူဇော်၏'' ဟူ၍တည်း။ ဤကားအရှင် ထာဝရဘုရားမိန့်တော်မူသောစကားပင် တည်း။ အခန်းကိုကြည့်ပါ။Garrad Bible19 အ စာ အာ ဟာ ရ အ ဖို့ ငါ ပေး လျက် ကျွေး မွေး သော မုန့် ညက်၊ ဆီ၊ ပျား ရည် များ ကို လည်း၊ စိတ် ပြေ ဖွယ် ရ နံ့ အ ဖြစ် တင် သ သည် တ ကား ဟု၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ အခန်းကိုကြည့်ပါ။Judson Bible19 ငါပေးသောဘောဇဉ်၊ သင့်ကိုငါကျွေးသော မုန့်ညက်၊ ဆီ၊ ပျားရည်ကိုလည်း သူတို့ရှေ့မှာ မွှေးကြိုင်စရာဖို့ တင်ထားလေပြီတကား။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည် မွှေးကြိုင်သောရနံ့ကိုခံယူတော်မူ၏။ ထိုအခါ ထာဝရဘုရားက “လူတို့၏စိတ်နှလုံးအကြံအစည်များသည် ငယ်ရွယ်စဉ်ကတည်းက ဆိုးညစ်သော်လည်း ငါသည် လူတို့ကြောင့် မြေကြီးကို နောက်တစ်ဖန် မည်သည့်အခါမျှကျိန်တော့မည်မဟုတ်။ ငါသည် သက်ရှိသတ္တဝါအပေါင်းတို့ကို ယခုပြုသကဲ့သို့ နောက်တစ်ဖန် မည်သည့်အခါမျှဒဏ်ခတ်တော့မည်မဟုတ်။