အစ္စရေးဘုရင်တို့ လျှောက်သောလမ်းအတိုင်း လိုက်လျှောက်ခဲ့၏။ အစ္စရေးအမျိုးသားတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသောလူမျိုးခြားတို့၏စက်ဆုပ်ရွံရှာဖွယ်ဓလေ့များအတိုင်း ကိုယ့်သားကိုပင် မီးရှို့ပူဇော်ခဲ့၏။
ယေဇကျေလ 20:26 - မြန်မာ့စံမီသမ္မာကျမ်း သူတို့၏ပူဇော်သက္ကာဖြစ်သည့် သားဦးတိုင်းကို မီးရှို့ပူဇော်ခြင်းဖြင့် ငါသည် သူတို့ကို ညစ်ညူးစေ၍ သူတို့ကို ငါဖျက်ဆီးသောအခါမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိရမည်။ Common Language Bible သူတို့သည်မိမိတို့၏သားဦးများကိုယဇ်ပူ ဇော်ခြင်းအားဖြင့် မိမိတို့ကိုယ်ကိုညစ်ညမ်း ကြစေရန်သူတို့အားငါအခွင့်ပေး၏။ ယင်း သို့အခွင့်ပေးရသည့်အကြောင်းမှာ ငါသည် ဘုရားသခင်ဖြစ်တော်မူကြောင်းပြသရန် နှင့်သူတို့အားဒဏ်ခတ်ရန်ဖြစ်၏။'' Garrad Bible ငါ သည် ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း၊ သူ တို့ ဆိတ် ညံ ရာ ရောက်၍ သိ ရ ကြ စေ ခြင်း ငှာ၊ ဦး စွာ ဖွား သော သား တို့ ကို ဆက် ကပ် ရာ အ လှူ ဒါ န များ ဖြင့်၊ ထို သူ တို့ ကို ညစ် ညူး စေ သည် ဟု မိန့် တော် မူ ကြောင်း၊ ဆင့် ဆို လော့။ Judson Bible ငါသည် ထာဝရဘုရားဖြစ်သည်ကို သူတို့သည် သိမည်အကြောင်း၊ သူတို့ကိုဖျက်ဆီးခြင်းငှာ၊ သူတို့သည် သားဦးအပေါင်းတို့ကို မီးဖြင့် ပူဇော်ရာတွင်၊ သူတို့ပူဇော်သကာများအားဖြင့် ငါညစ်ညူးစေ၏။ |
အစ္စရေးဘုရင်တို့ လျှောက်သောလမ်းအတိုင်း လိုက်လျှောက်ခဲ့၏။ အစ္စရေးအမျိုးသားတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသောလူမျိုးခြားတို့၏စက်ဆုပ်ရွံရှာဖွယ်ဓလေ့များအတိုင်း ကိုယ့်သားကိုပင် မီးရှို့ပူဇော်ခဲ့၏။
သူတို့၏သားသမီးတို့ကို မီးရှို့ပူဇော်ကြ၏။ ဂမ္ဘီရအတတ်၊ ဟူးရားအတတ်တို့ကို ဆည်းပူးကြ၏။ မကောင်းမှုပြုရန် ကိုယ့်ကိုယ်ကိုယ်ရောင်းစားခြင်းဖြင့် ထာဝရဘုရားကို အမျက်ထွက်စေကြ၏။
မိမိသားကို မီးရှို့ပူဇော်၏။ ဗေဒင်အတတ်၊ ဟူးရားအတတ်ကို လိုက်စားသည်သာမက နတ်ဝင်သည်၊ နတ်ထိန်းသည်တို့အား မေးမြန်းသောအလေ့အထကိုလည်း ကျင့်သုံး၏။ ဤသို့မကောင်းမှုများကို အဆမတန်ပြုလျက် ထာဝရဘုရားကို အမျက်ထွက်စေ၏။
သူသည် ဗင်ဟိန္နုံချိုင့်ဝှမ်းတွင် နံ့သာပေါင်းကိုမီးရှို့ပူဇော်၏။ အစ္စရေးအမျိုးသားတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသောလူမျိုးခြားတို့၏စက်ဆုပ်ရွံရှာဖွယ်ဓလေ့များအတိုင်း ကိုယ့်သားများကိုပင် မီးရှို့ပူဇော်ခဲ့၏။
ဗင်ဟိန္နုံချိုင့်ဝှမ်းတွင် မိမိသားတို့ကိုလည်း မီးရှို့ပူဇော်၏။ ဗေဒင်အတတ်၊ ဟူးရားအတတ်၊ မှော်အတတ်တို့ကို လိုက်စားသည်သာမက နတ်ဝင်သည်၊ နတ်ထိန်းသည်တို့အား မေးမြန်းသောအလေ့အထကိုလည်း ကျင့်သုံး၏။ ဤသို့မကောင်းမှုများကိုပြုလျက် ထာဝရဘုရားကို အမျက်ထွက်စေ၏။
သားအိမ်မှအဦးဆုံးထွက်လာသောသူရှိသမျှနှင့် သင်တို့၏တိရစ္ဆာန်များမှ အဦးဆုံးပေါက်သောသားပေါက်ရှိသမျှတို့ကို ထာဝရဘုရားအား ဆက်ကပ်ရမည်။ အထီးဟူသမျှ ထာဝရဘုရားပိုင်တော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို အဘယ်ကြောင့် လမ်းတော်မှလမ်းလွဲစေသနည်း။ ကိုယ်တော်ကို မကြောက်ရွံ့စေရန် ကျွန်ုပ်တို့၏စိတ်ကို အဘယ်ကြောင့် ခိုင်မာစေသနည်း။ ကိုယ်တော်၏အစေအပါး၊ ကိုယ်တော်၏အမွေတော်လူမျိုးစုအတွက် ပြန်လာတော်မူပါ။
အကြောင်းမူကား သူတို့သည် ငါ့ကိုစွန့်ပယ်၍ ဤအရပ်ကို ညစ်ညမ်းစေပြီ။ သူတို့ကိုယ်တိုင်မသိ၊ ယုဒဘုရင်တို့လည်းမသိ၊ သူတို့၏ဘိုးဘေးတို့လည်းမသိသော အခြားဘုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်ကြပြီ။ ဤအရပ်ကိုလည်း အပြစ်မဲ့သောသူတို့အားသတ်သောအပြစ်နှင့်ပြည့်စေပြီ။
သူတို့အသက်ကိုရန်ရှာသောရန်သူတို့သည် သူတို့ကို ဝိုင်းရံထားသဖြင့် အကျပ်အတည်းထဲသို့ရောက်သောအခါ သူတို့သားသမီးများ၏အသားကို သူတို့အား ပြန်စားစေမည်။ သူတို့သည် အချင်းချင်းတို့၏အသားကို ပြန်စားကြရမည်ဟူ၍ မိန့်တော်မူပြီ’ဟု ဆင့်ဆိုလော့။
ငါမမိန့်မှာခဲ့၊ စိတ်ပင်မကူးခဲ့ဘဲလျက် ရွံရှာဖွယ်အမှုဖြစ်သည့် ဗင်ဟိန္နုံချိုင့်ဝှမ်း၌ ဗာလကုန်းမြင့်ကိုတည်ခြင်း၊ သူတို့၏သားသမီးများကို မောလုတ်ဘုရားအားပူဇော်ခြင်းကို ပြုကြ၏။ ဤသို့ဖြင့် ယုဒအမျိုးတို့ကို အပြစ်ဖြစ်စေကြပြီ’ဟု မိန့်တော်မူ၏။
ငါမမိန့်မှာခဲ့၊ စိတ်ပင်မကူးခဲ့ဘဲလျက် သူတို့သည် သားသမီးများကို မီးရှို့ပူဇော်ရန် ဗင်ဟိန္နုံချိုင့်ဝှမ်းရှိ တောဖက်ဟူသောနေရာတွင် အထွတ်အမြတ်ထားရာကုန်းမြင့်များကို တည်ကြပြီ”ဟု မိန့်တော်မူ၏။
ငါထာဝရဘုရားသည် သူတို့ကိုသန့်ရှင်းစေသောဘုရားဖြစ်ကြောင်း သူတို့သိရှိရန် အမှတ်လက္ခဏာအဖြစ် ဥပုသ်နေ့ကို သတ်မှတ်ပေးခဲ့၏။
ဥပုသ်နေ့ကို သန့်ရှင်းအောင်စောင့်ထိန်းလော့။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိစေဖို့ ဥပုသ်နေ့သည် ငါနှင့်သင်တို့ကြားတွင် အမှတ်လက္ခဏာဖြစ်၏’ဟု ငါဆိုခဲ့၏။
ထို့ကြောင့် အစ္စရေးအမျိုးအနွယ်အား ဘုရားရှင်ထာဝရဘုရားက ‘သင်တို့သည် ဘိုးဘေးတို့၏အပြုအမူအကျင့်အကြံအတိုင်း ကိုယ့်ကိုယ်ကိုယ် ညစ်ညူးစေကြသလော။ သူတို့ပြုသော ရွံရှာဖွယ်ရာနောက်သို့လိုက်၍ ဖောက်ပြန်မှားယွင်းကြသလော’ဟု မိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ‘အို အစ္စရေးအမျိုးအနွယ်တို့၊ သင်တို့သည် ယနေ့တိုင်အောင် ပူဇော်သက္ကာများအဖြစ် ကိုယ့်သားတို့ကို မီးရှို့ပူဇော်လျက်၊ ရုပ်တုရှိသမျှတို့နောက်သို့လိုက်၍ ကိုယ်ကိုညစ်ညူးစေလျက်နှင့်ပင် သင်တို့မေးလျှောက်သည်ကို ငါခွင့်ပြုရမည်လော။ စင်စစ် ငါအသက်ရှင်သည်နှင့်အညီ သင်တို့ကို ငါ့ထံမေးလျှောက်ခွင့်မပေး။
သူတို့သည် အိမ်ထောင်ရေးဖောက်ပြန်၏။ လူအသက်သတ်၏။ ရုပ်တုများနှင့် ဖောက်ပြန်၏။ ငါ့အဖို့ ဖွားမြင်သောသားသမီးများကိုပင် ထိုရုပ်တုတို့၏အစာအဖြစ် ပူဇော်ကြ၏။
သင်တို့တွင် လူတို့ လဲကျသေဆုံးကြလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိကြလိမ့်မည်။
သင်၏သားမြေးတို့ကို မောလုတ်ဘုရားအားပူဇော်ရန် မပေးရ။ သင့်ဘုရားသခင်၏နာမတော်ကို မရှုတ်ချရ။ ငါသည် ထာဝရဘုရားဖြစ်၏။
“သင်သည် အစ္စရေးအမျိုးသားတို့အား ‘အစ္စရေးအမျိုးသားထဲမှဖြစ်စေ၊ အစ္စရေးလူမျိုးထံ၌တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားထဲမှဖြစ်စေ တစ်စုံတစ်ယောက်သည် မိမိသားမြေးကို မောလုတ်ဘုရားအားပေးလှူလျှင် သူသည် မုချအသတ်ခံရမည်။ ပြည်သူပြည်သားတို့သည် သူ့ကို ခဲနှင့်ပေါက်သတ်ရမည်။
ဤသည်ကား ထာဝရဘုရား၏ပညတ်တရားကျမ်းတွင် “သားဦးယောက်ျားအပေါင်းတို့ကို ထာဝရဘုရားအတွက် သန့်ရှင်းစေလျက် ဆက်ကပ်ထားရမည်”ဟု ရေးထားသည်နှင့်အညီဖြစ်၏။