ယေဇကျေလ 20:26 - Common Language Bible26 သူတို့သည်မိမိတို့၏သားဦးများကိုယဇ်ပူ ဇော်ခြင်းအားဖြင့် မိမိတို့ကိုယ်ကိုညစ်ညမ်း ကြစေရန်သူတို့အားငါအခွင့်ပေး၏။ ယင်း သို့အခွင့်ပေးရသည့်အကြောင်းမှာ ငါသည် ဘုရားသခင်ဖြစ်တော်မူကြောင်းပြသရန် နှင့်သူတို့အားဒဏ်ခတ်ရန်ဖြစ်၏။'' အခန်းကိုကြည့်ပါ။Garrad Bible26 ငါ သည် ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း၊ သူ တို့ ဆိတ် ညံ ရာ ရောက်၍ သိ ရ ကြ စေ ခြင်း ငှာ၊ ဦး စွာ ဖွား သော သား တို့ ကို ဆက် ကပ် ရာ အ လှူ ဒါ န များ ဖြင့်၊ ထို သူ တို့ ကို ညစ် ညူး စေ သည် ဟု မိန့် တော် မူ ကြောင်း၊ ဆင့် ဆို လော့။ အခန်းကိုကြည့်ပါ။Judson Bible26 ငါသည် ထာဝရဘုရားဖြစ်သည်ကို သူတို့သည် သိမည်အကြောင်း၊ သူတို့ကိုဖျက်ဆီးခြင်းငှာ၊ သူတို့သည် သားဦးအပေါင်းတို့ကို မီးဖြင့် ပူဇော်ရာတွင်၊ သူတို့ပူဇော်သကာများအားဖြင့် ငါညစ်ညူးစေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း26 သူတို့၏ပူဇော်သက္ကာဖြစ်သည့် သားဦးတိုင်းကို မီးရှို့ပူဇော်ခြင်းဖြင့် ငါသည် သူတို့ကို ညစ်ညူးစေ၍ သူတို့ကို ငါဖျက်ဆီးသောအခါမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိရမည်။ အခန်းကိုကြည့်ပါ။ |
သင်တို့သည်ယနေ့တိုင်အောင်ပင်သူတို့ ဆက်သသည့်ပူဇော်သကာများကိုဆက် သလျက် ရုပ်တုများအားမိမိတို့၏သား သမီးများကိုမီးရှို့ပူဇော်ကာကိုယ့်ကိုယ် ကိုညစ်ညမ်းစေကြ၏။ အချင်းဣသရေလ အမျိုးသားတို့၊ သင်တို့သည်ငါ့ထံသို့ လာ၍ငါ၏အလိုတော်ကိုစုံစမ်းမေး မြန်းကြ၏။ ငါသည်အသက်ရှင်တော်မူ သောအရှင်ထာဝရဘုရားဖြစ်တော်မူ သည်နှင့်အညီ အဘယ်သို့မျှစုံစမ်းမေး မြန်းခွင့်ကိုသင်တို့အားပေးမည်မဟုတ်။-
ကျွန်တော်မျိုးတို့အားအဘယ်ကြောင့်ကိုယ်တော် ရှင်၏တရားလမ်းမှလွှဲရှောင်သွားစေတော်မူ ပါသနည်း၊ အဘယ်ကြောင့်ကျွန်တော်မျိုးတို့ အားခေါင်းမာစေလျက် ကိုယ်တော်ရှင်ထံမှရှောင် လွှဲစေပါသနည်း။ ကိုယ်တော်ရှင်အားကိုးကွယ် သူတို့ကိုထောက်ထားသဖြင့်လည်းကောင်း၊ ကိုယ်တော်ရှင်ထာဝစဉ်ပိုင်သတော်မူသည့် လူမျိုးတော်အားထောက်ထားသဖြင့်လည်း ကောင်း ပြန်လည်ကြွလာတော်မူပါ။
သူတို့သည်မိမိတို့သားသမီးများအား မောလုပ်ဘုရားကိုယဇ်ပူဇော်ရန်ဟိန္နုံချိုင့် ဝှမ်းတွင် ဗာလဘုရားအတွက်ယဇ်ပလ္လင်ကို တည်ဆောက်ကြ၏။ ဤအမှုကိုပြရန်သူတို့ အားငါမခိုင်းစေခဲ့။ သူတို့သည်ယုဒပြည် သားတို့အားဤသို့အပြစ်ကူးလွန်ရန်ပို့ ဆောင်လမ်းပြကြလိမ့်မည်ဟုလည်း အဘယ် အခါကမျှငါမတွေးတောမိခဲ့'' ဟု မိန့်တော်မူ၏။
မိမိ၏သားတော်များကိုဟိန္နုံချိုင့်တွင်မီးဖြင့် ပူဇော်၏။ မင်းကြီးသည်နတ်ဝိဇ္ဇာအတတ်နှင့်မှော် အတတ်များကိုကျင့်သုံး၍ဗေဒင်ဆရာနှင့်နတ် ဝင်သည့်သူတို့ထံမှအကြံဉာဏ်များကိုတောင်း ယူတတ်လေသည်။ သူသည်ထာဝရဘုရားအား လွန်စွာပြစ်မှား၍အမျက်တော်ကိုလှုံ့ဆော် ပေး၏။-
ဟိန္နုံချိုင့်ဝှမ်းတွင်နံ့သာပေါင်းကိုမီးရှို့ ပူဇော်၏။ သူသည်ဣသရေလအမျိုးသား တို့ချီတက်လာချိန်၌ ထာဝရဘုရားနှင် ထုတ်တော်မူသောလူမျိုးတို့၏စက်ဆုတ် ရွံရှာဖွယ်ကောင်းသည့်ဋ္ဌလေ့ထုံးစံတို့ကို အတုခိုး၍ မိမိ၏သားတော်များကိုပင် မီးရှို့၍ပူဇော်သကာအဖြစ်ဖြင့်ရုပ်တု တို့အားပူဇော်လေသည်။-
အဘယ်ကြောင့်ဆိုသော်လူတို့သည်ငါ့ကိုစွန့် ပစ်ကာ မိမိတို့ကိုယ်တိုင်မိမိတို့ဘိုးဘေးများ နှင့်ယုဒဘုရင်များမသိဘူးသည့်အခြား ဘုရားများကိုယဇ်ပူဇော်ခြင်းဖြင့် ဤဌာန တော်ကိုညစ်ညမ်းစေကြသောကြောင့်ဖြစ်၏။ သူတို့သည်ဤဌာနကိုအပြစ်မဲ့သူတို့၏ အသွေးဖြင့်ပြည့်စေလျက်၊-
ဣသရေလမင်းတို့၏လမ်းစဉ်ကိုလိုက်လေ သည်။ သူသည်ဣသရေလအမျိုးသားတို့ချီ တက်လာချိန်၌ ထာဝရဘုရားနှင်ထုတ်တော် မူသောလူမျိုးတို့၏စက်ဆုတ်ရွံရှာဖွယ်ကောင်း သည့်ဋ္ဌလေ့ထုံးစံတို့ကိုအတုခိုးကာ မိမိ ၏သားတော်ကိုပင်လျှင်မီးရှို့ရာပူဇော်သကာ အဖြစ်ရုပ်တုတို့အားပူဇော်လေသည်။-