ဖာရောနေခေါမင်းကြီးသည် သူ့ကို ဂျေရုဆလင်မြို့တွင် နန်းချပြီး ဟာမတ်ပြည်၊ ရိဗလမြို့တွင် အကျဉ်းချထား၍ တိုင်းပြည်ကိုလည်း ငွေတာလန်တစ်ရာ၊ ရွှေတစ်တာလန် ဒဏ်တပ်လေ၏။
ယေဇကျေလ 19:7 - မြန်မာ့စံမီသမ္မာကျမ်း လူတို့၏ခံတပ်တို့ကိုဖြိုဖျက်၍ မြို့တို့ကို တိတ်ဆိတ်ခြောက်ကပ်စေ၏။ သူ၏ဟိန်းဟောက်သံကြောင့် တစ်ပြည်လုံး တုန်လှုပ်ချောက်ချားကုန်၏။ Common Language Bible သူသည်ခံတပ်များကိုဖြိုချ၍မြို့တို့ကို ဖျက်ဆီးနေ၏။ သူဟောက်လိုက်သည့်အခါတိုင်း၊ ပြည်သူပြည်သားတို့သည်ကြောက်လန့်တုန်လှုပ် ကြ၏။ Garrad Bible ဘုံ ဗိ မာန် များ ကို သိ ကျွမ်း ၍၊ မြို့ ရွာ များ ကို ဖျက် ဆီး ခြင်း ပြု လျက်၊ ဟိန်း ဟောက် သံ ကြောင့်၊ နေ ပြည် နှင့် ရှိ ရှိ သ မျှ ပါ၊ ဆိတ် ညံ ရာ ရောက် ၏။ Judson Bible သူတို့မုဆိုးများကို သိ၍၊ သူတို့မြို့များကို သုတ်သင်ပယ်ရှင်းလေ၏။ ဟောက်သောအသံကြောင့် ပြည်နှင့် ပြည်၌ ရှိသမျှတို့သည် ဆိတ်ညံလျက်ရှိကြ၏။ |
ဖာရောနေခေါမင်းကြီးသည် သူ့ကို ဂျေရုဆလင်မြို့တွင် နန်းချပြီး ဟာမတ်ပြည်၊ ရိဗလမြို့တွင် အကျဉ်းချထား၍ တိုင်းပြည်ကိုလည်း ငွေတာလန်တစ်ရာ၊ ရွှေတစ်တာလန် ဒဏ်တပ်လေ၏။
ရှင်ဘုရင်၏အမျက်ဒေါသသည် ခြင်္သေ့ပျိုဟောက်သကဲ့သို့ဖြစ်၏။ သူ၏ကျေးဇူးပြုခြင်းမူကား မြက်ပင်ပေါ်မှနှင်းစက်ကဲ့သို့ဖြစ်၏။
ဆင်းရဲသောသူတို့ကိုနှိပ်စက်သော ဆင်းရဲသားသည် မည်သည့်အစားအစာမျှမကျန်အောင် တိုက်ချသွားသောမိုးရေနှင့်တူ၏။
သင့်မျက်စိ၊ သင့်စိတ်နှလုံးထဲတွင်မူကား မတရားစီးပွားရှာခြင်း၊ အပြစ်မဲ့သောသူကိုသတ်ဖြတ်ခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်း၊ နှိပ်စက်ခြင်းတို့သာရှိ၏။
အစ္စရေးပြည်၊ ဂျေရုဆလင်မြို့သူမြို့သားတို့အား ‘ဘုရားရှင်ထာဝရဘုရားက သူတို့သည် အစာကို စိုးရိမ်ပူပန်စိတ်ဖြင့် စားရမည်။ ရေကို ကြောက်ရွံ့ထိတ်လန့်စိတ်ဖြင့် သောက်ရမည်။ ပြည်သူပြည်သားအပေါင်းတို့၏ရက်စက်ကြမ်းကြုတ်မှုကြောင့် တစ်ပြည်လုံး လူသူကင်းမဲ့ရလိမ့်မည်။
ထိုသားပေါက်သည် ခြင်္သေ့များကြားတွင် သွားလာနေထိုင်ရင်း သန်စွမ်းသောခြင်္သေ့ပျိုဖြစ်လာပြီး သားကောင်ကိုကိုက်ဖြတ်စားသောက်သောအတတ်ကို သင်ယူ၍ လူကိုပါ ကိုက်စားဝါးမျိုတတ်လာ၏။
ထိုအခါ ဝန်းကျင်ရှိတိုင်းနိုင်ငံများမှ လူမျိုးတို့သည် သူ့ကိုလာတိုက်ခိုက်ကြ၏။ သူ့ကိုပိုက်ကွန်နှင့်အုပ်၏။ သူသည် ထောင်ချောက်တွင်းထဲသို့ ကျလေပြီ။
ထိုမြို့တွင် ပရောဖက်တို့သည် လျှို့ဝှက်ကြံစည်၍ သားကောင်ကိုဟိန်းဟောက်ကိုက်ဖဲ့သည့်ခြင်္သေ့ကဲ့သို့ လူတို့ကိုဝါးမျို၍ သူတို့၏ဥစ္စာရတနာများကို ယူကြ၏။ ထိုမြို့တွင် မိန်းမအမြောက်အမြားကို မုဆိုးမဘဝသို့ရောက်စေ၏။
မြစ်ချောင်းများကို ခန်းခြောက်စေမည်။ ပြည်ကို လူဆိုးတို့လက်သို့ အပ်လိုက်မည်။ တစ်ပါးအမျိုးသားတို့လက်ချက်ဖြင့် ပြည်တစ်ပြည်လုံးကို ဖျက်ဆီးပစ်မည်ဟု ငါထာဝရဘုရား မိန့်ဆိုပြီ’ဟု မိန့်တော်မူ၏။
အားနည်းသောသိုးတို့ကို အားမဖြည့်ပေး၊ ဖျားနာသောသိုးတို့ကို ဆေးမကုပေး၊ ဒဏ်ရာရသောသိုးတို့ကိုလည်း ကျပ်မစည်းပေးကြ။ လမ်းလွဲသောသိုးများကို ပြန်မခေါ်ဆောင်လာ၊ ပျောက်သောသိုးတို့ကိုလည်း မရှာဖွေကြ။ သင်တို့သည် သိုးတို့ကို ခက်ထန်ကြမ်းတမ်းစွာ ထိန်းကျောင်းကြ၏။
အစ္စရေးပြည်ထဲမှ ဤမြေသည် မင်းသား၏အပိုင်ဖြစ်ရမည်။ ငါ့မင်းသားတို့သည်လည်း ငါ့လူမျိုးတော်ကို နိုင်ထက်စီးနင်းမပြုတော့ဘဲ အစ္စရေးအမျိုးသားတို့အား အမျိုးအနွယ်အလိုက် မြေခွဲဝေပေးရမည်’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားသည် မိမိကိုယ်ကိုတိုင်တည်ကျိန်ဆိုတော်မူပြီ။ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားက “ယာကုပ်၏မာနကို ငါရွံရှာ၏။ သူ၏ခံတပ်များကိုလည်း ငါမုန်း၏။ ထို့ကြောင့် မြို့နှင့်တကွ မြို့ထဲရှိသမျှတို့ကို ရန်သူလက်သို့အပ်ပစ်မည်”ဟု မိန့်တော်မူ၏။
အို လူမျိုးအပေါင်းတို့၊ နားထောင်ကြလော့။ အို မြေကြီးနှင့် မြေကြီးသားအပေါင်းတို့၊ အာရုံစိုက်ကြလော့။ သန့်ရှင်းရာဗိမာန်တော်၌စံတော်မူသောအရှင်၊ ဘုရားရှင်ထာဝရဘုရားသည် သင်တို့ကို ဆန့်ကျင်၍ သက်သေခံတော်မူလိမ့်မည်။