Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 12:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 အစ္စရေး​ပြည်​၊ ဂျေရုဆလင်​မြို့သူမြို့သား​တို့​အား ‘ဘုရားရှင်​ထာဝရဘုရား​က သူ​တို့​သည် အစာ​ကို စိုးရိမ်ပူပန်စိတ်​ဖြင့် စား​ရ​မည်​။ ရေ​ကို ကြောက်ရွံ့ထိတ်လန့်စိတ်​ဖြင့် သောက်​ရ​မည်​။ ပြည်သူပြည်သား​အပေါင်း​တို့​၏​ရက်စက်ကြမ်းကြုတ်မှု​ကြောင့် တစ်ပြည်လုံး လူသူကင်းမဲ့​ရ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 အ​ရှင်​ထာ​ဝရ​ဘု​ရား​ပေး​တော်​မူ​သော​ဤ ဗျာ​ဒိတ်​တော်​ကို​ဣ​သ​ရေ​လ​ပြည်​ယေ​ရု ရှ​လင်​မြို့​တွင် ယ​ခု​နေ​ထိုင်​လျက်​ရှိ​သော လူ​တို့​အ​တွက်​ဖြစ်​ကြောင်း​ပြော​ကြား​လော့။ ထို​သူ​တို့​သည်​တုန်​လှုပ်​လျက်​အ​စား​အ​စာ ကို​စား​ရ​ကြ​လိမ့်​မည်။ ကြောက်​လန့်​တုန်​လှုပ် လျက်​ရေ​ကို​သောက်​ရ​ကြ​လိမ့်​မည်။ လူ​တိုင်း ပင်​တ​ရား​လက်​လွတ်​ပြု​ကျင့်​ကြ​သည်​ဖြစ် ၍ သူ​တို့​၏​ပြည်​ကို​ငါ​သည်​ပြောင်​တ​လင်း ဖြစ်​စေ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 ပြည် သား ချင်း တို့ အား ဆင့် ဆို ရ မည် မှာ၊ ယေ ရု ရှ လင် မြို့ သူ ဣ သ ရေ လ ပြည် သား တို့ သည်၊ ချင်း တို့ ရက် စက် မှု များ အ တွက်၊ အ စာ ကို ကြောင့် ကြ လျက်၊ ရေ ကို အံ့ အား သင့် လျက် စား သောက် ရ ကြ မည်။ တစ် ပြည် လုံး လည်း၊ ပေါက် ရောက် သ မျှ ပါ၊ ဖုန်း ဆိုး ကုန်း ဖြစ် လ တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​ပြည်၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို ရည်​မှတ်၍ မိန့်​တော်​မူ​သော​စ​ကား​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သူ​တို့​သည် သ​တိ​ပြု​လျက် အ​စာ​ကို စား​ရ​ကြ​မည်။ မိန်း​မော​တွေ​ဝေ​လျက် ရေ​ကို သောက်​ရ​ကြ​မည်။ ထို​သို့​သော​အား​ဖြင့်၊ ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​ပြု​သော အ​ဓ​မ္မ​အ​မှု​ကြောင့်၊ ဣ​သ​ရေ​လ​ပြည်​သည် မိ​မိ​ပြည့်​စုံ​ခြင်း​နှင့် ကင်း​လွတ်​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 12:19
24 ပူးပေါင်းရင်းမြစ်များ  

အသီးအနှံ​ဖြစ်ထွန်း​သော​မြေ​ကို ဆားမြေ​အဖြစ်​သို့​လည်းကောင်း ပြောင်းလဲ​စေ​တော်မူ​၏​။ ထိုသို့​ပြု​တော်မူ​ခြင်း​မှာ ထို​အရပ်​၌​နေထိုင်​သော​သူ​တို့​၏​မကောင်းမှု​ကြောင့်​ဖြစ်​၏​။


ထာဝရဘုရား​သည် မြေကြီး​နှင့် မြေကြီး​ပေါ်၌ ရှိသမျှ​သော​အရာ​တို့​ကို​လည်းကောင်း​၊ ကမ္ဘာလောက​နှင့် ကမ္ဘာလောက​၌ နေထိုင်​သော​သူ​တို့​ကို​လည်းကောင်း ပိုင်​တော်မူ​၏​။


ထိုအခါ ငါ​က “​အို ဘုရားရှင်​၊ မည်မျှ​ကြာ​ပါ​မည်နည်း​”​ဟု မေးလျှောက်​ရာ ကိုယ်တော်​က “​မြို့​တို့​သည်​ပျက်စီး​၍ နေထိုင်​သူ​မ​ရှိ​၊ အိမ်​တို့​တွင် လူ​မ​ရှိ​၊ တစ်ပြည်လုံး​သည် ပျက်စီး​၍ လူသူကင်းမဲ့​သည့်​တိုင်အောင်​၊


သတင်း​တစ်​ခု​ရောက်လာ​၏​။ ကြည့်ရှု​လော့​။ တုန်ဟည်းသံ​ကြီး​သည် မြောက်​အရပ်​မှ​လာ​၍ ယုဒ​မြို့ရွာ​များ​ကို လူသူကင်းမဲ့​ရာ​အရပ်​ဖြစ်​စေ​မည်​၊ ခွေးအ​တို့​ခိုအောင်း​ရာ​ဖြစ်​စေ​မည်​။


သူ​တို့​ပြည်​ကို လူသူကင်းမဲ့​ရာ​၊ အစဉ်​ကဲ့ရဲ့ပြစ်တင်စရာ ဖြစ်​စေ​သဖြင့် ထို​ပြည်​နား ဖြတ်သန်းသွားလာ​သူ​တိုင်း အံ့ဩ​လျက် ခေါင်း​ကို​ခါယမ်း​ကြ​လိမ့်မည်​။


တိုင်းပြည်​တစ်ပြည်လုံး​သည် ပြိုပျက်​ရာ​၊ လူသူကင်းမဲ့​ရာ ဖြစ်​လိမ့်မည်​။ ဤ​ပြည်သူပြည်သား​တို့​သည် ဘေဘီလုံ​ဘုရင်​ကို အနှစ်​ခုနစ်ဆယ် အစေခံ​ရ​လိမ့်မည်​။


ထို့ကြောင့် ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ ငါ​သည် ဤ​မြို့​ကို ခါလဒဲ​တပ်​၏​လက်​သို့​၊ ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​၏​လက်​သို့ အပ်​မည်​။ သူ​သည် မြို့​ကို​သိမ်းပိုက်​လိမ့်မည်​။


ထာဝရဘုရား​က ‘​ဤ​အရပ်​တွင် လူ​မ​ရှိ​၊ တိရစ္ဆာန်​မ​ရှိ​၊ ဆိတ်ညံ​ရာ​ဖြစ်​လေ​ပြီ​ဟု သင်​တို့​ပြောဆို​ကြ​သော လူ​မ​ရှိ​၊ တိရစ္ဆာန်​မ​ရှိ​၊ နေထိုင်​သူ​မ​ရှိ ဆိတ်ညံ​သော​ယုဒ​မြို့​များ​နှင့် ဂျေရုဆလင်​မြို့​လမ်း​များ​ပေါ်တွင်


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘လူ​မ​ရှိ​၊ တိရစ္ဆာန်​မ​ရှိ​၊ ဆိတ်ညံ​ရာ​ဖြစ်​ခဲ့​သော ဤ​အရပ်​ရှိ​မြို့ရွာ​အားလုံး​တွင် သိုးထိန်း​တို့ သိုး​များ​ကို​ထိန်းကျောင်း​ရာ စားကျက်မြေ​ရှိ​လာ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​က “​ငါ​သည် ပြည်​တစ်ပြည်လုံး​ကို လူသူကင်းမဲ့​ရာ​ဖြစ်​စေ​မည်​။ သို့သော် အကုန်အစင်​သုတ်သင်ဖျက်ဆီး​မည်​မ​ဟုတ်​။


ရေတွင်း​မှ​ရေ​ထွက်လာ​သကဲ့သို့ ထို​မြို့​ထဲမှ​မကောင်းမှု​ထွက်လာ​၏​။ မြို့​ထဲ၌ ရက်စက်ကြမ်းကြုတ်​ခြင်း​၊ ဖျက်ဆီး​ခြင်း​သတင်း​ကို ကြား​ရ​၏​။ ရောဂါဝေဒနာ​၊ ထိခိုက်ဒဏ်ရာ​သည် ငါ့​ရှေ့​၌ အစဉ်​ရှိ​၏​။


ထို့ကြောင့် သင်​သည် ဤသို့ ပရောဖက်ပြု​ဟောပြော​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ‘ရန်သူ​တို့​သည် သင်​တို့​ကို အဘက်ဘက်​က​ဝိုင်းဝန်း​ချေမှုန်း​ပြီး လူသူကင်းမဲ့​ရာ​ဖြစ်​စေ​၏​။ အခြား​တိုင်းပြည်​များ​သည် သင်​တို့​ကို ပိုင်ဆိုင်​သွား​၏​။ သင်​တို့​ကို လူ​အများ​အတင်းပြောစရာ​၊ ရှုတ်ချစရာ ဖြစ်​စေ​၏’​ဟု မိန့်​တော်မူ​၏​။


တစ်ဖန် ကိုယ်တော်​က “အချင်း​လူသား​၊ ငါ​သည် ဂျေရုဆလင်​မြို့​၏​စားနပ်ရိက္ခာ​ကို ဖြတ်တောက်​ပစ်​မည်​။ သူ​တို့​သည် မုန့်​ကို​ချိန်​လျက် စိုးရိမ်ပူပန်စိတ်​ဖြင့် စား​ရ​လိမ့်မည်​။ ရေ​ကို​ချင့်​လျက် ထိတ်လန့်​စွာ သောက်​ရ​လိမ့်မည်​။


ငါ့​လက်​ကို​ဆန့်​၍ သူ​တို့​ကို ဆန့်ကျင်​မည်​။ ဒိဗလတ်​ကန္တာရ​မှစ၍ သူ​တို့​နေလေရာ​အရပ်ရပ်​တို့​ကို လူသူကင်းမဲ့​ရာ​၊ ဆိတ်ညံ​ရာ ဖြစ်​စေ​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို သူ​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။


ပြည်​သည် မတရား​သတ်ဖြတ်မှု​နှင့် ပြည့်​လျက်​နေ​လေ​ပြီ​။ မြို့​သည် ရက်စက်ကြမ်းကြုတ်မှု​နှင့် ပြည့်​လျက်​နေ​လေ​ပြီ​။ ထို့ကြောင့် သံကြိုး​ကို ပြင်ဆင်​လော့​။


မြေကြီးသား​တို့​ပြု​သော​အမှု​၏​အကျိုးဆက်​ကြောင့် ကမ္ဘာမြေကြီး​သည် လူဆိတ်ညံ​ရာ​ဖြစ်​လိမ့်မည်​။


ထို့ပြင် သူ​တို့​မ​သိ​သော​လူမျိုးခြား​တို့​နေရာ​အရပ်ရပ်​သို့ သူ​တို့​အား​လေပွေ​နှင့်အတူ ငါ​လွင့်သွား​စေ​၏​။ သူ​တို့​ပြည်​သည် လူသူကင်းမဲ့​ရာ​အဖြစ် ကျန်ရစ်​လေ​ပြီ​။ ဖြတ်သန်းသွားလာ​သော​သူ​လည်း မ​ရှိ​။ သာယာ​သော​ပြည်​သည် လူသူကင်းမဲ့​လေ​ပြီ”​ဟု မိန့်ဆို​၏​။


အကြောင်းမူကား “မြေကြီး​နှင့် မြေကြီး​ပေါ်၌​ရှိသမျှ​သော​အရာ​တို့​ကို ထာဝရ​ဘုရား​ပိုင်ဆိုင်​တော်မူ​၏။”


သို့သော် တစ်စုံတစ်ယောက်​က “ဤ​အရာ​သည် ရုပ်တု​အား​ပူဇော်​ထား​သော​အရာ​ဖြစ်​သည်”​ဟု သင်​တို့​ကို​ဆို​ခဲ့​လျှင် ထိုသို့​ဆို​သော​သူ​အတွက်​လည်းကောင်း၊ အသိစိတ်​အတွက်​လည်းကောင်း ထို​အရာ​ကို​မ​စား​ကြ​နှင့်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ