ငါသည် သင့်ကို အမှန်ပင်ကောင်းချီးပေး၍ သင်၏အမျိုးအနွယ်ကို ကောင်းကင်ကြယ်နှင့်အမျှ၊ ပင်လယ်ကမ်းခြေရှိသဲပွင့်နှင့်အမျှ အလွန်များပြားစေမည်။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးကို သိမ်းပိုက်လိမ့်မည်။
ယေဇကျေလ 16:7 - မြန်မာ့စံမီသမ္မာကျမ်း သင့်ကို တောထဲမှအပင်ကဲ့သို့ ကြီးထွားစေ၏။ သင်သည် ကြီးထွားဖွံ့ဖြိုးလာပြီး လှပသောအဆင်တန်ဆာ ဖြစ်လာ၏။ ရင်သားစူလာ၏။ ဆံပင်ရှည်လာ၏။ သို့သော် အဝတ်မပါအချည်းစည်း ဖြစ်နေ၏။ Common Language Bible အနာအဆာမရှိသည့်အပင်ငယ်ကဲ့သို့ရှင် သန်ကြီးပွားစေ၏။ သင်သည်သန်မာထွားကြိုင်း လာကာ အလှဆုံးရတနာကလေးဖြစ်လာ၏။ သင်၏ရင်သားများသည်ပြည့်ဖြိုးလျက်ဆံပင် မှာလည်းရှည်လာ၏။ သို့ရာတွင်သင်သည် အဝတ်အချည်းစည်းဖြစ်လျက်ပင်ရှိ၏။ Garrad Bible မြက် ပင် သ ဖွယ် ကြီး ပွား စေ သည့် အ လျောက်၊ သင် သည် ကြီး ပွား တိုး တက် လျက်၊ ပန်း ပွင့် လျက်၊ ရင် သား ကြွ လျက်၊ ဦး ဆံ ရှည် လျက် နှင့်၊ အ ဝတ် အ ချည်း စည်း နေ သေး သည် ဟု၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ Judson Bible မြက်ပင်ကဲ့သို့ ငါကြီးပွားစေသဖြင့်၊ သင်သည် အစဉ်အတိုင်းကြီး၍ လှသောအဆင်းနှင့် ပြည့်စုံ၏။ ရင်သားထ၍ ကိုယ်၌လည်း အမွေးပေါက်၏။ အရင်က အဝတ်မရှိ၊ အချည်းစည်းနေရ၏။ |
ငါသည် သင့်ကို အမှန်ပင်ကောင်းချီးပေး၍ သင်၏အမျိုးအနွယ်ကို ကောင်းကင်ကြယ်နှင့်အမျှ၊ ပင်လယ်ကမ်းခြေရှိသဲပွင့်နှင့်အမျှ အလွန်များပြားစေမည်။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးကို သိမ်းပိုက်လိမ့်မည်။
“ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲမှထွက်လာ၏။ အဝတ်မပါဘဲ ပြန်သွားရတော့မည်။ ထာဝရဘုရား ပေးသနားတော်မူ၏။ ထာဝရဘုရား ပြန်ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏နာမတော်သည် မင်္ဂလာရှိပါစေသတည်း”ဟု ဆိုလေ၏။
အကယ်စင်စစ် ထာဝရဘုရားသည် ယာကုပ်ကို မိမိအတွက်လည်းကောင်း၊ အစ္စရေးကို မိမိ၏ဘဏ္ဍာအဖြစ်လည်းကောင်း ရွေးချယ်တော်မူ၏။
ကိုယ်တော်သည် မည်သည့် လူမျိုးခြား၌မျှ ဤကဲ့သို့ပြုတော်မမူခဲ့ပေ။ ထိုလူမျိုးခြားတို့သည် ကိုယ်တော်၏ စီရင်ထုံးဖွဲ့ချက်တို့ကို မသိကြပေ။ ဟာလေလုယ။
ကိုယ်တော်သည် မိမိ၏လူမျိုးတော်အတွက် ဦးချိုကိုချီးမြှောက်တော်မူ၏။ ၎င်းသည် မိမိ၏သန့်ရှင်းသူအားလုံးအတွက်၊ မိမိအနီးတွင်ရှိသည့်လူမျိုးတည်းဟူသော အစ္စရေးအမျိုးသားတို့အတွက် ချီးမွမ်းရာဖြစ်၏။ ဟာလေလုယ။
သို့ရာတွင် အစ္စရေးအမျိုးသားတို့သည် တိုးပွားသည်ထက်တိုးပွားလာကြ၏။ ထိုသို့ တိုးပွားလာကြသဖြင့် လူဦးရေများသည်ထက်များလာ၍ တစ်ပြည်လုံး သူတို့နှင့် ပြည့်လေ၏။
ကလေးများအပြင် အစ္စရေးအမျိုးသား ယောက်ျားခြောက်သိန်းခန့်တို့သည် ရာမသက်အရပ်မှ သုကုတ်အရပ်တိုင်အောင် ခြေကျင်ခရီးပြုကြ၏။
မိန်းမတို့သည် မိမိ၏အိမ်နီးချင်းထံမှလည်းကောင်း၊ မိမိအိမ်၌တည်းခိုနေထိုင်သောသူထံမှလည်းကောင်း ငွေထည်များ၊ ရွှေထည်များနှင့် အဝတ်အစားများကို တောင်း၍ သင်တို့သည် သင်တို့၏သားသမီးများကို ဝတ်ဆင်စေရမည်။ ဤသို့ဖြင့် သင်တို့သည် အီဂျစ်လူမျိုးတို့၏ဥစ္စာပစ္စည်းများကို သိမ်းယူရလိမ့်မည်”ဟု မိန့်တော်မူ၏။
သင့်ရင်သားနှစ်မြွှာသည်လည်း နှင်းပန်းကြားတွင် ကျက်စားသော သမင်ငယ်လေးနှစ်ကောင်၊ အမြွှာဒရယ်ငယ်လေးနှစ်ကောင်တို့နှင့် တူပါ၏။
“အကျွန်ုပ်သည် မြို့ရိုးဖြစ်၍ အကျွန်ုပ်၏သားမြတ်တို့သည် မျှော်စင်နှင့်တူပါ၏။ ထို့ကြောင့် အရှင့်မျက်လုံးထဲတွင် အကျွန်ုပ်သည် အေးချမ်းမှုကိုပေးသောသူဖြစ်ပါ၏။
“အကျွန်ုပ်တို့၌ ငယ်ရွယ်သောညီမတစ်ဦးရှိပါ၏။ သူသည် သားမြတ်ပင်မပေါ်သေး။ သူ့ကို လာရောက်တောင်းရမ်းသောနေ့တွင် အကျွန်ုပ်တို့ မည်သို့ပြုပေးရပါမည်နည်း။
ငါသည် ထာဝရဘုရား၌ အလွန်ဝမ်းမြောက်မည်။ ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်၌ ရွှင်လန်းမည်။ အကြောင်းမူကား သတို့သားသည် ခေါင်းပေါင်းပေါင်းထားသကဲ့သို့၊ သတို့သမီးသည် ရတနာများဖြင့် ကိုယ်ကိုတန်ဆာဆင်ထားသကဲ့သို့ ကိုယ်တော်သည် ငါ့ကို ကယ်တင်ခြင်းအဝတ်တန်ဆာဆင်ယင်ပေး၍ ဖြောင့်မတ်ခြင်းဝတ်ရုံလွှမ်းခြုံစေတော်မူပြီ။
သင်သည် ထာဝရဘုရားလက်တော်မှ တင့်တယ်သောသရဖူ၊ သင်၏ဘုရားသခင်လက်တော်မှ တော်ဝင်သရဖူဖြစ်လိမ့်မည်။
သင်သည် အဝတ်အစားအချို့ကိုယူပြီး အထွတ်အမြတ်ထားရာနေရာတို့ကို ရောင်စုံခြယ်လျက် မလုပ်သင့်၊ မလုပ်ထိုက်သော ဖောက်ပြန်မှားယွင်းခြင်းကိုပြု၏။
သင်သည် အလုံးစုံသောစက်ဆုပ်ရွံရှာဖွယ်ပြည့်တန်ဆာအမှုကိုပြုစဉ် ငယ်စဉ်ဘဝက အဝတ်မပါအချည်းစည်းဖြစ်ခဲ့၍ သွေးထဲတွင်လူးနေခဲ့ရသည်ကို သင်မအောက်မေ့ပါတကား။
ငါသည် သင့်အနားမှဖြတ်သွားသောအခါ သွေးအလူးလူးဖြင့်ကန်ကျောက်နေသောသင့်ကိုမြင်၍ အသက်ရှင်ပါဟု သင့်အား ငါဆို၏။ သွေးလူးနေသောသင့်ကို အသက်ရှင်ပါဟု ငါအားပေးခဲ့၏။
သို့မဟုတ်လျှင် ငါသည် သူ့အဝတ်ကိုချွတ်ပစ်၍ သူမွေးလာသောနေ့ကကဲ့သို့ အဝတ်အချည်းစည်းဖြစ်စေမည်။ တောကန္တာရကဲ့သို့ ဖြစ်စေ၍ ခြောက်သွေ့သောမြေ ဖြစ်စေမည်။ ရေငတ်သေစေမည်။
အာဗြဟံအား ဘုရားသခင်ကတိပေးတော်မူသော ကတိတော်၏နေ့ရက်နီးကပ်လာသည်နှင့်အညီ လူမျိုးတော်သည် အီဂျစ်ပြည်တွင် တိုးပွားလျက်များပြားလာ၍
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကို တိုးပွားစေတော်မူသဖြင့် ယနေ့ သင်တို့သည် ကောင်းကင်ကြယ်နှင့်အမျှ များပြားကြပြီ။
သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကို အဆတစ်ထောင်တိုးပွားစေတော်မူပါစေသော။ ကတိထားတော်မူသည့်အတိုင်း သင်တို့ကိုကောင်းချီးပေးတော်မူပါစေသော။
ယနေ့ သင်တို့ရှေ့မှောက်၌ ငါထားသော ဤတရားအလုံးစုံတို့ကဲ့သို့ ဖြောင့်မှန်သော ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်မျိုး မည်သည့်လူမျိုးကြီး၌ရှိသနည်း။