ထိုပစ္စည်းတို့ကိုမှတ်မိသဖြင့် ယုဒက “သူသည် ငါ့ထက်ဖြောင့်မတ်မှန်ကန်၏။ ငါမူကား ငါ့သားရှေလကို သူနှင့်မပေးစားဘဲနေမိပြီ”ဟု ဆိုလေ၏။ ယုဒသည် သူနှင့် နောက်တစ်ဖန်မဆက်ဆံတော့ပေ။
ယေဇကျေလ 16:52 - မြန်မာ့စံမီသမ္မာကျမ်း ညီအစ်မတို့ကို ထောက်ခံသောသင်သည် အသရေပျက်ရလိမ့်မည်။ သင်သည် သူတို့ထက် စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုသောကြောင့် သူတို့က သင့်ထက်ဖြောင့်မတ်သည်ဟုထင်ရ၏။ သင်သည် သင့်ညီအစ်မတို့ကို ဖြောင့်မတ်သည်ဟု ထင်စရာဖြစ်စေသောကြောင့် အရှက်ခွဲခြင်းကို ခံလော့။ အသရေပျက်ခြင်းကို ခံယူလော့’ဟု မိန့်တော်မူ၏။ Common Language Bible ယခုသင်သည်မိမိအရှက်ကွဲမှုကိုခံစား ရမည်။ သင့်ညီအစ်မများအတွက် တရားမျှ တမှုအချို့ဆောင်ရွက်ခဲ့ပြီ။ သင်၏အပြစ် များသည်သင့်ညီအစ်မတို့၏အပြစ်များ ထက် လွန်စွာပို၍ဆိုးရွားသဖြင့် သူတို့သည် သင်နှင့်စာသော်အပြစ်မဲ့သူများကဲ့သို့ ဖြစ်ကြ၏။ ယင်းသို့မိမိ၏ညီအစ်မတို့အား အပြစ်မဲ့သူများကဲ့သို့ထင်မှတ်စေသော ကြောင့် သင်သည်မိမိအရှက်ကွဲမှုကိုခံစား လော့'' ဟုမိန့်တော်မူ၏။ Garrad Bible ထို သို့ ညီ အစ် မ တို့ အ ဖို့ စုံ ရာ လုပ် သော သင် သည်၊ ကိုယ့် အ ရှက် ဝန် ကို ထမ်း ဆောင် လော့။ ချင်း တို့ သည် သာ၍ ရွံ ရှာ ဖွယ် ပြစ် မှား သော သင် ထက်၊ ဖြောင့် မတ် ကြ၏။ ထို သို့ ညီ အစ် မ တို့ ကို ဖြောင့် မတ် ရာ ရောက် စေ ခြင်း၌၊ ကိုယ့် အ ရှက် ဝန် ကို ရှုတ် ချ စွာ ထမ်း ဆောင် လော့။ Judson Bible သင်သည် ညီအစ်မတို့ကို အပြစ်တင်၍ စီရင်လျက်ပင်၊ သူတို့ပြုသည်ထက် စက်ဆုပ်ရွံရှာဖွယ်သော အမှုတို့ကို သာ၍ပြုသောကြောင့်၊ အရှက်ကွဲခြင်းကိုခံလော့။ သူတို့သည် သင့်ထက်သာ၍ အပြစ်နည်းကြ၏။ သင်မူကား၊ ညီအစ်မတို့၏အပြစ်ကို မထင်ရှားစေသည်တိုင်အောင်ပြုသောကြောင့် စိတ်ပျက်၍ အရှက်ကွဲခြင်းကို ခံလော့။ |
ထိုပစ္စည်းတို့ကိုမှတ်မိသဖြင့် ယုဒက “သူသည် ငါ့ထက်ဖြောင့်မတ်မှန်ကန်၏။ ငါမူကား ငါ့သားရှေလကို သူနှင့်မပေးစားဘဲနေမိပြီ”ဟု ဆိုလေ၏။ ယုဒသည် သူနှင့် နောက်တစ်ဖန်မဆက်ဆံတော့ပေ။
သူသည် သူ့ထက်ပို၍ဖြောင့်မတ်မှန်ကန်သူနှစ်ဦးဖြစ်သော အစ္စရေးစစ်သူကြီး နေရ၏သားအာဗနာနှင့် ယုဒစစ်သူကြီး ယေသာ၏သားအာမသတို့ကို ငါ့ခမည်းတော်ဒါဝိဒ်မင်းကြီး မသိဘဲ ဓားနှင့်သတ်ခဲ့၏။ ဤသို့ လူအသက်သတ်သောအပြစ်ကို ထာဝရဘုရားသည် သူ့ခေါင်းပေါ်သို့ ရောက်စေတော်မူမည်။
သင်တို့သည် အစဉ်ကဲ့ရဲ့ခြင်း၊ အစဉ်အရှက်ခွဲခြင်းခံရမည်။ ဘယ်သောအခါမျှ မေ့ပျောက်နိုင်မည်မဟုတ်”ဟု မိန့်တော်မူ၏။
တစ်ဖန် ထာဝရဘုရားက ငါ့အား “လမ်းလွဲဖောက်ပြန်သောအစ္စရေးလူမျိုးက မိမိကိုယ်မိမိ သစ္စာမဲ့သောယုဒအမျိုးထက် သာ၍ဖြောင့်မတ်သည်ဟု ဆို၏။
အကျွန်ုပ်လမ်းလွဲပြီးမှ အမှန်ပင် နောင်တရပါပြီ။ သွန်သင်ခြင်းခံရပြီးမှ အကျွန်ုပ်သည် ရင်ထုမနာဖြစ်ရပါ၏။ အကျွန်ုပ်သည် ငယ်ရွယ်စဉ်၌ ကဲ့ရဲ့ပြစ်တင်စရာဖြစ်သောကြောင့် အရှက်ကွဲရပါ၏။ အသရေပျက်ရပါ၏”ဟူ၍ မြည်တမ်းသည်ကို ငါသေချာစွာကြားရ၏။
ကဲ့ရဲ့ပြစ်တင်သံကို ကြားရသည်ဖြစ်၍ ငါတို့အရှက်ကွဲရပြီ။ ထာဝရဘုရား၏အိမ်တော်၊ သန့်ရှင်းရာဌာနတော်ထဲသို့ တစ်ပါးအမျိုးသားများ ဝင်ရောက်ကြပြီဖြစ်၍ ငါတို့အသရေပျက်ရပြီ။
သင်သည် သူတို့လမ်းအတိုင်း လိုက်လျှောက်၏။ သူတို့ပြုသောစက်ဆုပ်ရွံရှာဖွယ်အမှုအတိုင်းပြုသည်သာမက အချိန်တိုအတွင်းမှာပင် သင့်အကျင့်တို့သည် သူတို့ထက်သာ၍ ယိုယွင်းပျက်စီးလာ၏’ဟု မိန့်တော်မူ၏။
အသက်ရှင်တော်မူသော ငါဘုရားရှင်ထာဝရဘုရားက ‘သင်၏ညီမသောဒုံနှင့်သူ့သမီးတို့သည် သင်နှင့်သင်၏သမီးတို့ပြုသကဲ့သို့ မပြုကြ။
‘ဖမ်းခေါ်သွားခြင်းခံရသော သောဒုံနှင့်သူ၏သမီးပျိုများ၊ ရှမာရိနှင့်သူ၏သမီးပျိုများကို ဖမ်းခေါ်သွားခြင်းခံရသော သင်၏လူတို့နှင့်အတူ ပြန်ခေါ်လာမည်။
သို့ဖြစ်၍ သင်သည် သူတို့ကို နှစ်သိမ့်အားပေးခဲ့သောကြောင့် သင်အသရေပျက်မည်၊ အရှက်ကွဲမည်။
သင်လုပ်ခဲ့သောမကောင်းမှုများ မပေါ်ခင်က သင်သည် မာနထောင်လွှားပြီး သင့်ညီမသောဒုံအကြောင်းကို မကောင်းပြောခဲ့သည်မဟုတ်လော။
ငါသည် သင်ပြုခဲ့သမျှတို့ကို ခွင့်လွှတ်ပေးသောအခါ သင်လုပ်ခဲ့သောရှက်ဖွယ်လုပ်ရပ်ကို သင်အောက်မေ့၍ ရှက်သောကြောင့် နှုတ်ပင်ဟနိုင်တော့မည်မဟုတ်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏”ဟု မိန့်ဆို၏။
ထိုအရပ်တွင် ဧလံဘုရင်ရှိ၏။ သူ့လူအလုံးအရင်းတို့သည် သူ၏သင်္ချိုင်းပတ်ပတ်လည်တွင်ရှိ၏။ သူတို့သည် အသက်ရှင်စဉ် လောကလူသားတို့အား ထိတ်လန့်တုန်လှုပ်စေခဲ့၍ ဓားဖြင့်အသတ်ခံရသူများ ဖြစ်ကြ၏။ ယခုမူ မြေကြီးအောက်ရောက်သွားသော အရေဖျားလှီးခြင်းမခံသောသူတို့နှင့်အတူ သူတို့သည် အသရေပျက်လျက် တွင်းနက်ထဲသို့ကျသွားကြလေပြီ။
ဘုရားရှင်ထာဝရဘုရားက ‘လူမျိုးတကာတို့ရှုတ်ချသောစကားကို သင်ကြားရတော့မည်မဟုတ်။ လူတို့၏ကဲ့ရဲ့ခြင်းကို သင်ခံရတော့မည်မဟုတ်။ နောက်တစ်ဖန် သင့်လူမျိုးကို သင်လဲပြိုစေတော့မည်မဟုတ်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
သူတို့၏နေရင်းပြည်တွင် ခြိမ်းခြောက်မည့်သူမရှိ ဘေးကင်းလုံခြုံစွာနေရသောအခါ သူတို့အရှက်ကွဲခဲ့ရသည်ကိုလည်းကောင်း၊ ငါ့အပေါ်သစ္စာမဲ့၍ ဖောက်ပြန်မှားယွင်းခဲ့ကြသည်ကိုလည်းကောင်း မေ့လျော့ကြလိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက ‘သူတို့သည် ယဇ်ပုရောဟိတ်အဖြစ် ငါ့အမှုတော်ထမ်းဖို့ ငါ့ထံမလာရ၊ သန့်ရှင်းသောအရာတို့နားသို့ မလာရ၊ အသန့်ရှင်းဆုံးဌာနထဲသို့ မဝင်ရ။ သူတို့ပြုသောစက်ဆုပ်ရွံရှာဖွယ်အမှုများကြောင့် အသရေပျက်ခြင်း ခံရမည်။
ထိုရုပ်တုသည် အဆီးရီးယားပြည်ရှိ ယာရက်မင်းကြီးထံသို့ လက်ဆောင်အဖြစ် ယူဆောင်သွားခြင်း ခံရလိမ့်မည်။ ဧဖရိမ်သည် အရှက်ကွဲရလိမ့်မည်။ အစ္စရေးသည် မိမိအကြံအစည်ကြောင့် အရှက်ခွဲခံရလိမ့်မည်။
သူတစ်ပါးကိုမစီရင်ကြနှင့်။ သို့ပြုလျှင် သင်တို့သည်လည်း စီရင်ခြင်းကို လုံးဝခံရမည်မဟုတ်။ သူတစ်ပါးကိုအပြစ်ရှိသည်ဟုမသတ်မှတ်ကြနှင့်။ သို့ပြုလျှင် သင်တို့သည်လည်း အပြစ်ရှိသည်ဟုသတ်မှတ်ခြင်းကို လုံးဝခံရမည်မဟုတ်။ သူတစ်ပါးကိုခွင့်လွှတ်ကြလော့။ သို့ပြုလျှင် သင်တို့သည်လည်း ခွင့်လွှတ်ခြင်းကိုခံရကြလိမ့်မည်။
ဤအရာများကိုပြုကျင့်သောသူတို့သည် သေဒဏ်ခံထိုက်၏ဟူသောဘုရားသခင်၏ပြဋ္ဌာန်းချက်ကို သူတို့သိလျက်နှင့်ပင် သူတို့ကိုယ်တိုင်ပြုကြသည်သာမက ထိုသို့ပြုကျင့်သောသူများကိုလည်း သဘောတူထောက်ခံကြ၏။
ဘုန်းတော်၊ ဂုဏ်တော်နှင့် ငြိမ်သက်ခြင်းတို့မူကား ဦးစွာဂျူးလူမျိုး ထို့နောက် ဂရိလူမျိုးအပါအဝင် ကောင်းသောအမှုကိုပြုသောသူအပေါင်းတို့အပေါ်သို့ သက်ရောက်လိမ့်မည်။
ထိုစဉ်က ယခု သင်တို့ရှက်ကြောက်လျက်ရှိသောအရာတို့မှ မည်သည့်အကျိုးကျေးဇူးကို ရရှိခဲ့ကြသနည်း။ ထိုအရာတို့၏ရလဒ်သည် သေခြင်းဖြစ်၏။
ထို့နောက် ဒါဝိဒ်အား “သင်သည် ငါ့ထက် သာ၍ဖြောင့်မတ်ပါ၏။ ငါသည် သင့်ကို မကောင်းကြံခဲ့သော်လည်း သင်မူကား ငါ့ကို ကောင်းမွန်စွာဆက်ဆံခဲ့ပြီ။