သင်၏အရှက် ပေါ်လိမ့်မည်။ မမြင်အပ်သောအရာကို မြင်ကြလိမ့်မည်။ ငါသည် လက်စားချေမည်။ မည်သူ့ကိုမျှ ချမ်းသာပေးမည်မဟုတ်။
ယေဇကျေလ 16:37 - မြန်မာ့စံမီသမ္မာကျမ်း သင့်ကိုသာယာမှုပေးသော သင့်ချစ်သူများမှစ၍ သင်မုန်းတီးသောသူများအားလုံးကို အရပ်ရပ်မှစုရုံးစေပြီးလျှင် သင့်ကိုဆန့်ကျင်စေမည်။ သူတို့အား သင်၌ အဝတ်မပါအချည်းစည်းဖြစ်နေသည်ကို ငါပြမည်။ သင်၌ အဝတ်မပါအချည်းစည်းဖြစ်ခြင်းကို သူတို့မြင်ရလိမ့်မည်။ Common Language Bible ဤအကြောင်းကြောင့်ငါသည်သင်နှစ်သက် သောသင်၏ချစ်သူများကိုစုဝေးစေပြီး နောက် သင်ချစ်သူမုန်းသူအားလုံးကိုစု ဝေးစေပြီးလျှင်သင့်အားဝန်းရံ၍နေစေ မည်။ ထိုနောက်သင်၏အဝတ်များကိုချွတ် ၍ သင်အဝတ်အချည်းစည်းဖြစ်နေပုံ ကိုပြမည်။- Garrad Bible ငါ သည် သင့် အား ခင် မင် နှစ် သက် သူ၊ သင် ခင် မင် သူ၊ သင် မုန်း ထား သူ အ ပေါင်း တို့ ကို၊ အ ရပ် ရပ် မှ စု ရုံး လာ ရောက် စေ ပြီး လျှင်၊ ၎င်း တို့ ရှေ့ သင့် ရှက် ဖွယ် ရာ ကို အ ထင် အ ရှား လှစ် ပြ လျက်၊ Judson Bible သင့်ကိုချစ်သော ရည်းစားရှိသမျှတို့နှင့် သင်ချစ်သောသူ၊ မုန်းသောသူ အပေါင်းတို့ကို ငါစုဝေးမည်။ သင့်တစ်ဖက်ပတ်လည်၌ စုဝေးစေ၍၊ သင်၌ အဝတ်အချည်းစည်းရှိခြင်းကို ငါပြသဖြင့်၊ ထိုသူအပေါင်းတို့သည် သင်၌ အဝတ်အချည်းစည်းရှိသမျှကို မြင်ရကြလိမ့်မည်။ |
သင်၏အရှက် ပေါ်လိမ့်မည်။ မမြင်အပ်သောအရာကို မြင်ကြလိမ့်မည်။ ငါသည် လက်စားချေမည်။ မည်သူ့ကိုမျှ ချမ်းသာပေးမည်မဟုတ်။
သင်သည် မိမိစိတ်ထဲ၌ “အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း”ဟု တွေးလျှင် သင်၏ဒုစရိုက်များကြောင့် သင်အဝတ်အချွတ်ခံရ၏၊ သင်အကြမ်းဖက်ခံရ၏။
ငါကိုယ်တော်တိုင် သင့်အဝတ်ကို မျက်နှာဖုံးသည်အထိလှန်ပစ်မည်။ သင့်အရှက် ထင်ရှားလိမ့်မည်။
လက်ဘနွန်တောင်ပေါ်သို့တက်သွား၍ အော်ဟစ်လော့။ ဗာရှန်ပြည်၌ သင့်အသံကိုလွှင့်လော့။ အာဗရိမ်အရပ်မှ အော်ဟစ်လော့။ သင်ချစ်သောသူအားလုံး ပျက်စီးကုန်ပြီ။
အို ဖျက်ဆီးခြင်းခံရသောသူ၊ သင်မည်သို့ပြုမည်နည်း။ ကတ္တီပါနီကိုဝတ်ဆင်ခြင်း၊ ရွှေတန်ဆာဆင်ယင်ခြင်း၊ မျက်လုံးအလှပေါ်အောင်အရောင်ခြယ်ခြင်းဖြင့် သင့်ကိုယ်သင် အချည်းနှီးလှပစေပြီ။ သင်ချစ်သောသူတို့သည် သင့်ကိုစွန့်ပစ်ပြီ။ သင့်အသက်ကိုသတ်ရန် ရှာကြံကြပြီ။
ငါ့ချစ်သူတို့ကို ငါခေါ်သော်လည်း သူတို့သည် ငါ့ကိုလှည့်စားကြလေပြီ။ ငါ၏ယဇ်ပုရောဟိတ်များနှင့်သက်ကြီးဝါကြီးတို့သည် ဆက်လက်ရှင်သန်နိုင်ရန် အစာရေစာရှာဖွေရင်း မြို့တွင်း၌ပင် သေဆုံးကြလေပြီ။
ဂျေရုဆလင်မြို့သည် အပြစ်ကျူးလွန်လေပြီ။ ထို့ကြောင့် ရွံရှာဖွယ်ဖြစ်လေပြီ။ သူ့ကိုဂုဏ်ပြုချီးမွမ်းသောသူရှိသမျှတို့သည် သူ၌အဝတ်မပါအချည်းစည်းဖြစ်နေသည်ကိုမြင်သဖြင့် သူ့ကိုစက်ဆုပ်ရွံရှာကြလေပြီ။ သူသည်လည်း ညည်းတွားလျက် လှည့်ထွက်သွားလေပြီ။
ယခုမှာ ဆီးရီးယားသမီးပျိုနှင့် သူ့ဝန်းကျင်ရှိလူများ သင့်ကိုကဲ့ရဲ့သောအချိန်ရောက်လေပြီ။ သင့်ဝန်းကျင်ရှိ ဖိလိတ္တိသမီးပျိုများ သင့်ကိုမထီမဲ့မြင်ပြုသောအချိန်ရောက်လေပြီ။
ဘေဘီလုံအမျိုးသားတို့သည်လည်း သူ့ထံရောက်လာ၍ သူနှင့်အတူ အိပ်ကြ၏။ သူနှင့်ဖောက်ပြန်မှားယွင်းပြီး သူ့ကိုညစ်ညူးစေ၏။ ထိုသူတို့ကို ရွံရှာသွားသည်အထိ သူ့ကိုညစ်ညူးစေကြ၏။
ယခုမှာ သူ့ချစ်သူများရှေ့တွင် သူ့အရှက်ကို ပေါ်စေမည်။ မည်သူမျှ သူ့ကို ငါ့လက်မှကယ်နိုင်မည်မဟုတ်။
သို့မဟုတ်လျှင် ငါသည် သူ့အဝတ်ကိုချွတ်ပစ်၍ သူမွေးလာသောနေ့ကကဲ့သို့ အဝတ်အချည်းစည်းဖြစ်စေမည်။ တောကန္တာရကဲ့သို့ ဖြစ်စေ၍ ခြောက်သွေ့သောမြေ ဖြစ်စေမည်။ ရေငတ်သေစေမည်။
သူတို့သည် လူမျိုးခြားတို့ထံမှ ချစ်သူများငှားရမ်းသော်လည်း သူတို့ကို ငါပြန်လည်စုစည်းမည်။ ဘုရင်နှင့် အကြီးအကဲတို့ တင်သောဝန်ကို လေးလံစွာထမ်းရသောကြောင့် သူတို့သည် ယုတ်လျော့စပြုလိမ့်မည်။
သင်မြင်ရသော ဦးချိုဆယ်ချောင်းနှင့် သားရဲတို့သည် ထိုပြည့်တန်ဆာကိုမုန်း၍ သူ့ကိုလုံးလုံးပျက်စီးစေကာ အဝတ်မပါအချည်းစည်းဖြစ်စေကြလိမ့်မည်။ သူ၏အသားကိုလည်းကိုက်စား၍ သူ့ကိုမီးရှို့ကြလိမ့်မည်။