ယေဇကျေလ 16:37 - Common Language Bible37 ဤအကြောင်းကြောင့်ငါသည်သင်နှစ်သက် သောသင်၏ချစ်သူများကိုစုဝေးစေပြီး နောက် သင်ချစ်သူမုန်းသူအားလုံးကိုစု ဝေးစေပြီးလျှင်သင့်အားဝန်းရံ၍နေစေ မည်။ ထိုနောက်သင်၏အဝတ်များကိုချွတ် ၍ သင်အဝတ်အချည်းစည်းဖြစ်နေပုံ ကိုပြမည်။- အခန်းကိုကြည့်ပါ။Garrad Bible37 ငါ သည် သင့် အား ခင် မင် နှစ် သက် သူ၊ သင် ခင် မင် သူ၊ သင် မုန်း ထား သူ အ ပေါင်း တို့ ကို၊ အ ရပ် ရပ် မှ စု ရုံး လာ ရောက် စေ ပြီး လျှင်၊ ၎င်း တို့ ရှေ့ သင့် ရှက် ဖွယ် ရာ ကို အ ထင် အ ရှား လှစ် ပြ လျက်၊ အခန်းကိုကြည့်ပါ။Judson Bible37 သင့်ကိုချစ်သော ရည်းစားရှိသမျှတို့နှင့် သင်ချစ်သောသူ၊ မုန်းသောသူ အပေါင်းတို့ကို ငါစုဝေးမည်။ သင့်တစ်ဖက်ပတ်လည်၌ စုဝေးစေ၍၊ သင်၌ အဝတ်အချည်းစည်းရှိခြင်းကို ငါပြသဖြင့်၊ ထိုသူအပေါင်းတို့သည် သင်၌ အဝတ်အချည်းစည်းရှိသမျှကို မြင်ရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း37 သင့်ကိုသာယာမှုပေးသော သင့်ချစ်သူများမှစ၍ သင်မုန်းတီးသောသူများအားလုံးကို အရပ်ရပ်မှစုရုံးစေပြီးလျှင် သင့်ကိုဆန့်ကျင်စေမည်။ သူတို့အား သင်၌ အဝတ်မပါအချည်းစည်းဖြစ်နေသည်ကို ငါပြမည်။ သင်၌ အဝတ်မပါအချည်းစည်းဖြစ်ခြင်းကို သူတို့မြင်ရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အကယ်၍သင်တို့က``ဤအမှုအရာသည် အဘယ်ကြောင့်ဖြစ်ပျက်ရပါမည်နည်း။ ငါ တို့၏အဝတ်များသည်အဘယ်ကြောင့်စုတ် ပြတ်သွားရပါသနည်း။ ငါတို့သည်အဘယ် ကြောင့်အနှောင့်အယှက်ခံရကြပါသနည်း'' ဟူ၍မေးပါမူ``သင်တို့၏အပြစ်သည် ကြောက်လန့်ဖွယ်ကောင်းလှသောကြောင့် ဖြစ်သည်'' ဟုဖြေကြားရပေမည်။-
အို ယေရုရှလင်မြို့၊သင်သည်အမင်္ဂလာ ရှိပါသည်တကား။ သင်သည်အဘယ်ကြောင့်နီးမြန်းသည့်အဝတ် ကို ဝတ်ဆင်ထားသနည်း။ အဘယ်ကြောင့်ကျောက်မျက်ရတနာများကို ဆင်ယင်၍ သင်၏မျက်လုံးများကိုခြယ်လှယ်ထားသနည်း။ သင်သည်မိမိကိုယ်ကိုအကြောင်းမဲ့အလှ ပြင်၍ ထားပါသည်တကား။ သင်၏ချစ်သူတို့သည်သင့်ကိုပစ်ပယ်လိုက်ကြ လေပြီ။ သူတို့သည်သင့်ကိုသတ်လိုကြ၏။