သူတို့၏စိတ်နှလုံးသည် ကိုယ်တော့်အပေါ်မတည်ကြည်။ ကိုယ်တော်၏ပဋိညာဉ်တော်အပေါ်၌လည်း သစ္စာမရှိကြပေ။
ယေဇကျေလ 16:30 - မြန်မာ့စံမီသမ္မာကျမ်း အရှက်မရှိ ဖောက်ပြန်မှားယွင်းမှုရှိသမျှကို ပြုရလောက်အောင် သင့်စိတ်ထားယုတ်ညံ့လှချေတကား’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။ Common Language Bible အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား``သင် သည်စိတ်အလွန်ပျော့၍ အရှက်မရှိသည့် ပြည့်တန်ဆာကဲ့သို့ဤအမှုအရာတို့ကို ပြု၏။- Garrad Bible စွာ လွန်း သော ပြည့် တန် ဆာ မ၏ ပြု လေ့ ဖြစ် သော၊ ထို အ မှု ရှိ သ မျှ ကို ကျင့် လျက်၊ လမ်း ခွ တိုင်း၌ ကုန်း ဖို့ ခြင်း လမ်း ဆုံ တိုင်း၌ မြေ တောင် မြှောက် ခြင်း ပြု လျက်၊ အ ခ ကို အ ရေး မ ယူ ရာ၌ ပြည့် တန် ဆာ ချင်း ခြား နား လျက်၊ ကိုယ့် ခင် ပွန်း အ စား သူ စိမ်း တို့ နှင့် ကြာ ခို၍၊ စိတ် ညံ့ သော ဇ နီး တ ကား။ Judson Bible အစိုးတရပြု၍ သီလပျက်သောမိန်းမပြုတတ်သမျှသော ဤအမှုတို့ကို သင်သည်ပြုမိလျက်၊ သင့်စိတ်နှလုံးသည် အလွန်မိုက်ပါသည်တကား။ |
သူတို့၏စိတ်နှလုံးသည် ကိုယ်တော့်အပေါ်မတည်ကြည်။ ကိုယ်တော်၏ပဋိညာဉ်တော်အပေါ်၌လည်း သစ္စာမရှိကြပေ။
ထိုမိန်းမသည် ဆွဲဆောင်သောစကားများစွာတို့ဖြင့် သူ့ကိုမြှူဆွယ်၍ မိမိနှုတ်ခမ်းမှ ချိုသာသောစကားဖြင့် သူ့ကိုသွေးဆောင်လေရာ
နွားသည် မိမိပိုင်ရှင်ကိုသိ၏။ မြည်းသည်လည်း သခင်ကျွေးသောစားခွက်ကိုသိ၏။ သို့သော် အစ္စရေးလူမျိုးသည် မသိ။ ငါ၏လူမျိုးတော်သည် နားမလည်ပါတကား”ဟု မိန့်တော်မူ၏။
သူတို့၏မျက်နှာထားသည် သူတို့ကို သက်သေခံနေ၏။ သူတို့သည် မိမိတို့အပြစ်ကိုထိမ်ဝှက်မထားဘဲ သောဒုံမြို့ကဲ့သို့ ပြောကြားကြ၏။ မကောင်းမှုကို ကိုယ့်အပေါ်ကိုယ် ကျရောက်စေကြသောကြောင့် သူတို့၏စိတ်ဝိညာဉ်သည် အမင်္ဂလာရှိ၏။
ယောက်ျားသည် မိမိမယားကို ကွာရှင်း၍ ထိုမယားသည် ယောက်ျားထံမှထွက်သွားပြီး အခြားယောက်ျား၏မယားဖြစ်ပြီးမှ ပထမယောက်ျားသည် ထိုမယားနှင့်ပြန်ပေါင်းမည်လော။ ထိုသို့ပြုလျှင် ပြည်ကို အလွန်ညစ်ညူးစေရာရောက်သည်မဟုတ်လော။ သင်သည်လည်း ချစ်နှစ်သက်သူများစွာနှင့် ဖောက်ပြန်မှားယွင်းပြီးမှ ငါ့ထံသို့ပြန်လာပါသည်တကား”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထို့ကြောင့် မိုးခေါင်၍ နွေဦးမိုးလည်း မရွာတော့ပေ။ ထိုသို့ဖြစ်သော်လည်း သင်သည် ပြည့်တန်ဆာကဲ့သို့ ခေါင်းမာ၍အရှက်အကြောက်မရှိ။
“ငါ့လူမျိုးတော်တို့သည် ဆိုးမိုက်သောသူများဖြစ်ကြ၏။ ငါ့ကိုမသိကြ။ မိုက်မဲသောသားသမီးများဖြစ်ကြ၏။ အသိဉာဏ်မရှိကြ။ ဆိုးညစ်သောအမှုကိုပြုရာ၌ ကျွမ်းကျင်၍ ကောင်းသောအမှုကိုမပြုကြ။”
ထိုမျှမက ခါလဒဲပြည်သား ကုန်သည်တို့နှင့်လည်း ဖောက်ပြန်မှားယွင်းသေး၏။ ထိုမျှနှင့်လည်း သင်သည် အားရကျေနပ်မှုမရှိ။
အို အစ္စရေး၊ လူမျိုးခြားတို့ကဲ့သို့ မရွှင်လန်း၊ မဝမ်းမြောက်နှင့်။ သင်တို့သည် ဖောက်ပြန်မှားယွင်းကြပြီ။ ဘုရားသခင်ကို စွန့်ပစ်ကြပြီ။ ကောက်နယ်တလင်းရှိသမျှတို့တွင် ပြည့်တန်ဆာလုပ်၍ရသောအခကို နှစ်သက်လေပြီ။