ယေဇကျေလ 16:30 - Common Language Bible30 အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား``သင် သည်စိတ်အလွန်ပျော့၍ အရှက်မရှိသည့် ပြည့်တန်ဆာကဲ့သို့ဤအမှုအရာတို့ကို ပြု၏။- အခန်းကိုကြည့်ပါ။Garrad Bible30-32 စွာ လွန်း သော ပြည့် တန် ဆာ မ၏ ပြု လေ့ ဖြစ် သော၊ ထို အ မှု ရှိ သ မျှ ကို ကျင့် လျက်၊ လမ်း ခွ တိုင်း၌ ကုန်း ဖို့ ခြင်း လမ်း ဆုံ တိုင်း၌ မြေ တောင် မြှောက် ခြင်း ပြု လျက်၊ အ ခ ကို အ ရေး မ ယူ ရာ၌ ပြည့် တန် ဆာ ချင်း ခြား နား လျက်၊ ကိုယ့် ခင် ပွန်း အ စား သူ စိမ်း တို့ နှင့် ကြာ ခို၍၊ စိတ် ညံ့ သော ဇ နီး တ ကား။ အခန်းကိုကြည့်ပါ။Judson Bible30 အစိုးတရပြု၍ သီလပျက်သောမိန်းမပြုတတ်သမျှသော ဤအမှုတို့ကို သင်သည်ပြုမိလျက်၊ သင့်စိတ်နှလုံးသည် အလွန်မိုက်ပါသည်တကား။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း30 အရှက်မရှိ ဖောက်ပြန်မှားယွင်းမှုရှိသမျှကို ပြုရလောက်အောင် သင့်စိတ်ထားယုတ်ညံ့လှချေတကား’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ကျွဲနွားများသည်မိမိတို့ပိုင်ရှင်ကိုသိကြ၏။ မြင်းများသည်လည်းမိမိတို့သခင်၏မြင်းစောင်း၊ မိမိတို့သခင်အစာကျွေးရာအရပ်တို့ကိုသိကြ၏။ သို့ရာတွင်ငါ၏လူမျိုးတော်ဣသရေလအမျိုးသားတို့မူကား ထိုမျှပင်မသိကြ။ သူတို့သည်အသိပညာခေါင်းပါးကြပါသည်တကား'' ဟုမိန့်တော်မူပါ၏။
သူတို့၏မျက်နှာအမူအရာကသူတို့တွင် အပြစ်ရှိကြောင်းဖော်ပြသက်သေခံလျက် ရှိပေသည်။ သောဒုံမြို့မှလူများကဲ့သို့သူ တို့သည်အပြစ်ကိုပေါ်လွင်ထင်ရှားစွာပြု ကြ၏။ သူတို့သည်အမင်္ဂလာရှိကြ၏။ မိမိ တို့ပျက်စီးရာပျက်စီးကြောင်းကိုသူတို့ ကိုယ်တိုင်ပင်ဖန်တီးပေးကြလေပြီ။
ထာဝရဘုရားက``အကယ်၍တစ်စုံတစ် ယောက်သည် မိမိ၏ဇနီးကိုကွာရှင်းလိုက် သောအခါ ထိုအမျိုးသမီးသည်သူ၏ထံ မှထွက်ခွာ၍အခြားအမျိုးသားတစ်ဦး နှင့်အိမ်ထောင်ပြု၏။ ထိုအခါပထမခင်ပွန်း သည်မိမိ၏ဇနီးဟောင်းကိုတစ်ဖန်ပြန်၍ မသိမ်းမယူအပ်။ ပြန်၍သိမ်းယူခဲ့သော်ထို တိုင်းပြည်သည်လုံးဝညစ်ညမ်း၍သွားပေ မည်။ သို့ရာတွင်အချင်းဣသရေလ၊ သင်သည် ချစ်သူအမြောက်အမြားထားပြီးမှ ယခု ငါ့ထံသို့ပြန်၍လာလိုသည်တကား။-
ဣသရေလပြည်သားတို့၊ အခြားသောလူ မျိုးများကဲ့သို့ပျော်ပွဲရွှင်ပွဲများကိုမ ကျင်းပကြနှင့်။ သင်တို့သည်သင်တို့၏ ဘုရားသခင်ကိုသစ္စာဖောက်ကြပြီ။ သင် တို့သည်တိုင်းပြည်တစ်ဝှမ်းလုံးတွင် မိမိ ကိုယ်ကိုပြည့်တန်ဆာအဖြစ်ဗာလဘုရား ထံရောင်းစားကြပြီ။ သီးထွက်ကောင်းမှု များသည်ဗာလဘုရားကြောင့်ရသည်ဟု သင်တို့ထင်မှတ်ကြသည်။-