လမ်းဆုံလမ်းခွတိုင်း၌ အထွတ်အမြတ်ထားရာနေရာကိုတည်၏။ သင်၏အလှကို စက်ဆုပ်ရွံရှာဖွယ်ရာဖြစ်စေ၏။ သင်၏ခြေကိုကားပြီး ဖြတ်သန်းသွားသူအပေါင်းတို့နှင့် ထပ်ခါတလဲလဲဖောက်ပြန်မှားယွင်း၏။
လမ်းထိပ်တိုင်းတွင်မြင့်သောဝတ်ပြုကိုးကွယ် ရာဌာနများဆောက်၍ မိမိ၏လှပသော အဆင်းကိုစက်ဆုပ်ဖွယ်ကောင်းအောင်ပြု လေပြီ။ လာရောက်သူတိုင်းအားမိမိ၏ ကိုယ်ကိုအပ်ပေး၍ တစ်နေ့တစ်ခြားပြည့် တန်ဆာဖြစ်သည်ထက်ဖြစ်စေ၏။-
လမ်း ခွ တိုင်း၌ လည်း မြေ တောင် မြှောက် လျက်၊ သီ သွား သူ တိုင်း အား၊ ခြေ ကား၍၊ မြောက် မြား စွာ မှား ယွင်း သ ဖြင့်၊ လှ ပ သော အ ဆင်း ကို ရှုတ် ချ လေ ပြီ။
သင်သည် မြင့်သောအရပ်ကို လမ်းဦးတိုင်းလုပ်၍၊ ကိုယ်လှသောအဆင်းကို ရွံရှာဖွယ်ဖြစ်သည်တိုင်အောင်ပြုလျက်၊ ခရီးသွားသောသူအပေါင်းတို့အား ပေါင်တို့ကိုခွာဖွင့်၍၊ မတရားသောမေထုန်အမှုတို့ကို များပြားစေ၏။
ရှေလကြီးပြင်းလာပြီဖြစ်သော်လည်း တာမာက မိမိကို ရှေလနှင့်မပေးစားကြောင်း သိမြင်သဖြင့် မိမိကိုယ်ပေါ်မှ မုဆိုးမအဝတ်ကိုချွတ်၍ မိမိကိုယ်ကိုခြုံပဝါဖြင့် ဖုံးအုပ်ခြုံရုံပြီးလျှင် တိမနတ်မြို့သို့သွားရာလမ်းရှိ ဧနိမ်မြို့အဝင်ဝ၌ ထိုင်နေ၏။
သူက ထိုအရပ်၌ရှိသောလူတို့အား “ဧနိမ်မြို့လမ်းဘေး၌ထိုင်လေ့ရှိသော ဗိမာန်ပြည့်တန်ဆာသည် အဘယ်မှာနည်း”ဟု မေး၏။ သူတို့ကလည်း “ဤအရပ်၌ ဗိမာန်ပြည့်တန်ဆာမရှိ”ဟု ပြန်ပြောကြ၏။
နှစ်ပေါင်းခုနစ်ဆယ်အဆုံးတွင် ထာဝရဘုရားသည် တိုင်ရာမြို့ကို အကြည့်အရှုကြွလာတော်မူမည်။ ထိုမြို့သည် တစ်ဖန် အခကြေးငွေနောက်သို့ လိုက်ပြန်၍ ကမ္ဘာမြေပြင်ပေါ်ရှိ တိုင်းနိုင်ငံအားလုံးတို့နှင့် ကာမဂုဏ်ခံစားလိမ့်မည်။
သူတို့၏မျက်နှာထားသည် သူတို့ကို သက်သေခံနေ၏။ သူတို့သည် မိမိတို့အပြစ်ကိုထိမ်ဝှက်မထားဘဲ သောဒုံမြို့ကဲ့သို့ ပြောကြားကြ၏။ မကောင်းမှုကို ကိုယ့်အပေါ်ကိုယ် ကျရောက်စေကြသောကြောင့် သူတို့၏စိတ်ဝိညာဉ်သည် အမင်္ဂလာရှိ၏။
ဆိုးယုတ်မှုများစွာပြုကျင့်သော ငါ့ချစ်သူသည် ငါ့အိမ်တော်နှင့် မည်သို့ဆိုင်သနည်း။ သန့်ရှင်းသောအသားသည် သင့်ကို ကျော်လွန်သွားပြီ။ မကောင်းမှုကိုပြုစဉ်ပင် သင်ဝမ်းမြောက်နေပါသည်တကား။
တောင်ကတုံးများပေါ်သို့ မျှော်ကြည့်လော့။ ယောက်ျားတို့နှင့် သင်မအိပ်ဖူးသောနေရာ ရှိသလော။ တောကန္တာရမှ အာရပ်လူမျိုးကဲ့သို့ သင်သည် လမ်းများ၌ထိုင်၍ သူတို့ကို စောင့်နေ၏။ သင်သည် ဖောက်ပြန်သောအပြစ်အားဖြင့်လည်းကောင်း၊ မကောင်းမှုအားဖြင့်လည်းကောင်း ပြည်ကိုညစ်ညူးစေပြီ။
သို့သော် အို အစ္စရေးလူမျိုး၊ မိန်းမသည် မိမိယောက်ျားကို သစ္စာမဲ့သကဲ့သို့ သင်တို့သည် ငါ့ကို သစ္စာမဲ့လေပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သူတို့သည် စက်ဆုပ်ရွံရှာဖွယ်သောအမှုကိုပြုသောအခါ ရှက်ကြသလော။ လုံးဝမရှက်ကြ။ ရှက်ကြောက်ရမည်ကို မသိကြ။ ထို့ကြောင့် အခြားသူတို့လဲကျရာသို့ သူတို့လည်း လဲကျကြလိမ့်မည်။ ငါသည် သူတို့ကို ဒဏ်ခတ်သောအခါ ပြိုလဲသွားကြလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
‘သို့သော် သင်သည် အလှဂုဏ်မောက်၍ သင်၏ကျော်ကြားမှုသည် သင့်ကို ပြည့်တန်ဆာအဖြစ်သို့ တွန်းပို့လေပြီ။ ရာဂစိတ်ပြင်းထန်၍ သင့်အနားဖြတ်သန်းသွားလာသောသူတို့နှင့် ဖောက်ပြန်မှားယွင်း၏။ သင့်အလှသည် သူတို့အဖို့ဖြစ်သွား၏။
‘သင်သည် လမ်းဆုံလမ်းခွတိုင်းတွင် အထွတ်အမြတ်ထားရာနေရာကိုတည်၏။ လူစည်ကားသောနေရာတိုင်းတွင် ပူဇော်ရာကိုတည်၏။ ထိုသို့ ဖောက်ပြန်မှားယွင်းနေသော်လည်း အခကြေးငွေမယူသောကြောင့် သင်သည် ပြည့်တန်ဆာနှင့်မတူ။
ဘုရားရှင်ထာဝရဘုရားက ‘ဇောက်နက်၍ အဝကျယ်ပြီး များစွာဆံ့သော သင့်အစ်မ၏ခွက်ဖလားကို သင်သောက်ရမည်။ သင်သည် လှောင်ပြောင်စရာ၊ အထင်အမြင်သေးစရာ ဖြစ်ရလိမ့်မည်’ဟု မိန့်တော်မူ၏။
အကြောင်းမှာ သူသည် ရာဂစိတ်ပြင်းထန်သောပြည့်တန်ဆာမ၊ အဆင်းလှ၍ ပြုစားတတ်သောမှော်ဆရာမ ဖြစ်သည်နှင့်အညီ ပြည့်တန်ဆာအလုပ်၊ မှော်အတတ်တို့ဖြင့် လူအမျိုးမျိုးအနွယ်နွယ်တို့ကို ကျွန်ပြုသောကြောင့် ဖြစ်၏။
သင်မြင်ရသော ဦးချိုဆယ်ချောင်းနှင့် သားရဲတို့သည် ထိုပြည့်တန်ဆာကိုမုန်း၍ သူ့ကိုလုံးလုံးပျက်စီးစေကာ အဝတ်မပါအချည်းစည်းဖြစ်စေကြလိမ့်မည်။ သူ၏အသားကိုလည်းကိုက်စား၍ သူ့ကိုမီးရှို့ကြလိမ့်မည်။