သူသည် ထာဝရဘုရား၏အိမ်တော်မှစ၍ ဘုရင့်နန်းတော်နှင့် ဂျေရုဆလင်မြို့ရှိ အိမ်အားလုံးကို မီးရှို့၏။ မှူးကြီးမတ်ရာတို့၏အိမ်အားလုံးကိုလည်း မီးရှို့လေ၏။
ယေဇကျေလ 10:2 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ပိတ်ချောထည်ဝတ်ထားသူအား “ခေရုဗိမ်အောက် ဘီးများကြားသို့ဝင်၍ ခေရုဗိမ်အလယ်ရှိမီးခဲကို လက်နှင့်အပြည့်ယူပြီးလျှင် မြို့ပေါ်ကြဲချလော့”ဟု မိန့်တော်မူရာ ထိုသူလည်း ဝင်သွားသည်ကို ငါတွေ့ရ၏။ Common Language Bible ဘုရားသခင်ကပိတ်ချောထည်ဝတ်ဆင် ထားသူအား``ထိုသတ္တဝါတို့၏အောက်၌ရှိ သောရထားဘီးများအကြားသို့သွား၍ ထိုသတ္တဝါတို့၏ကြားရှိမီးကျီးခဲတို့ ကိုလက်ခုပ်ဖြင့်ကျုံးကာမြို့ပေါ်သို့ကြဲ ချလော့'' ဟုမိန့်တော်မူ၏။ ထိုသူသည်လည်းငါ၏ရှေ့မှောက်၌ပင် ထွက်သွား၏။- Garrad Bible ပိတ် ထည် ဝတ် သူ အား၊ ခေ ရု ဗ တို့ အောက် ရှိ စက် များ ကြား သို့ ဝင် လျက်၊ ခေ ရု ဗ တို့ စပ် ကြား မှ၊ မီး ကျီး ကို လက် တစ် ခုပ် သဲ့ ယူ၍၊ မြို့ ပေါ် တွင် ဖြန့် ကျဲ လော့ ဟု မိန့် တော် မူ သည့် အ တိုင်း၊ ငါ့ မျက် မှောက် တွင် ဝင် သွား လေ၏။ Judson Bible ပိတ်အဝတ်ကိုဝတ်သော သူအားလည်း၊ ရထားဘီးတို့အကြားမှာ ခေရုဗိမ်အောက်သို့ ဝင်လော့။ ခေရုဗိမ် အကြားမှာရှိသော မီးခဲတို့ကို လက်နှစ်ဖက်နှင့် ကျုံးပြီးလျှင်၊ မြို့အပေါ်မှာ ဖြန့်ကြဲလော့ဟု မိန့်တော်မူသည် အတိုင်း၊ ထိုသူသည် ငါ့မျက်မှောက်၌ သွား၏။ |
သူသည် ထာဝရဘုရား၏အိမ်တော်မှစ၍ ဘုရင့်နန်းတော်နှင့် ဂျေရုဆလင်မြို့ရှိ အိမ်အားလုံးကို မီးရှို့၏။ မှူးကြီးမတ်ရာတို့၏အိမ်အားလုံးကိုလည်း မီးရှို့လေ၏။
မီးခဲများသည် သူတို့အပေါ်သို့ကျရောက်ပါစေသော။ သူတို့သည် မီးထဲသို့လည်းကောင်း၊ တွင်းနက်ထဲသို့လည်းကောင်း ပစ်ချခြင်းခံရပါစေသော။ တစ်ဖန် မထကြပါစေနှင့်။
ကိုယ်တော်သည် ခေရုဗိမ်ကိုစီး၍ ပျံသန်းတော်မူ၏။ လေအတောင်ပံများအားဖြင့် ထိုးဆင်းတော်မူ၏။
ကရုဏာတော်ပလ္လင်၏အစွန်းနှစ်ဖက်၌ ခေရုဗိမ်နှစ်ပါးကို ရွှေဖြင့်ထုလုပ်ထားရမည်။
ထာဝရဘုရားသည် မိမိ၏ဘုန်းကြီးသောအသံကို ကြားစေတော်မူမည်။ ပြင်းထန်သောအမျက်တော်၊ တောက်လောင်နေသောမီးတောက်မီးလျှံနှင့်တကွ သည်းထန်သောမိုး၊ မုန်တိုင်း၊ မိုးသီးတို့ဖြင့် လက်ရုံးတော်ကြွဆင်းလာသည်ကို မြင်စေတော်မူမည်။
ထိုသတ္တဝါတို့၏သဏ္ဌာန်သည် မီးတောက်နေသော မီးခဲသဏ္ဌာန်နှင့်တူ၏။ မီးရှူးမီးပန်းသဏ္ဌာန်နှင့်တူသောအရာများသည်လည်း ထိုသတ္တဝါတို့ကြားတွင် ရွေ့လျားသွားလာလျက်ရှိ၏။ မီးသည် တောက်ပလျက် မီးထဲမှလည်း လျှပ်စီးတဖျပ်ဖျပ်လက်လျက်ရှိ၏။
ထိုသို့ ခေရုဗိမ်တို့ သွားသောအခါ ဘီးတို့သည်လည်း သူတို့၏ဘေးမှ လိုက်ကြ၏။ ခေရုဗိမ်တို့အတောင်ပံဖြန့်၍ မြေမှကြွသောအခါ ဘီးတို့သည်လည်း ထက်ကြပ်မကွာလိုက်ကြ၏။
ပိတ်ချောထည်ဝတ်ထား၍ ခါး၌မင်အိုးဆောင်ထားသောလူကလည်း “ကိုယ်တော်မိန့်မှာခဲ့သည့်အတိုင်း အကျွန်ုပ်ပြုပြီးပါပြီ”ဟု ပြန်လျှောက်လေ၏။
ငါကြည့်လျက်နေစဉ် ပလ္လင်များကိုခင်းကျင်း၍ သက်တော်ကြီးရင့်သောအရှင် ထိုင်တော်မူ၏။ အဝတ်တော်သည် နှင်းပွင့်ကဲ့သို့ဖြူ၏။ ဦးခေါင်းတော်မှဆံပင်သည်လည်း သိုးမွေးကဲ့သို့ ဖြူ၏။ ပလ္လင်တော်သည် မီးလျှံ၊ ဘီးတော်တို့သည် မီးတောက် ဖြစ်၏။
ထို့နောက် ထိုကောင်းကင်တမန်သည် နံ့သာပူဇော်ရာခွက်ကိုယူ၍ ၎င်းကို ယဇ်ပလ္လင်၏မီးနှင့်ပြည့်စေပြီးလျှင် မြေကြီးပေါ်သို့ပစ်ချလိုက်ရာ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးချုန်းခြင်းနှင့် ငလျင်လှုပ်ခြင်းများ ဖြစ်ပေါ်လေ၏။