Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 140:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 မီးခဲ​များ​သည် သူ​တို့​အပေါ်​သို့​ကျရောက်​ပါစေသော​။ သူ​တို့​သည် မီး​ထဲသို့​လည်းကောင်း​၊ တွင်းနက်​ထဲသို့​လည်းကောင်း ပစ်ချ​ခြင်း​ခံရ​ပါစေသော​။ တစ်ဖန် မ​ထ​ကြ​ပါစေ​နှင့်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 မီး​ကျီး​ခဲ​များ​သည်​သူ​တို့​၏​ဦး​ခေါင်း​ပေါ်​သို့ ကျ​ကြ​ပါ​စေ​သော။ သူ​တို့​သည်​တွင်း​ထဲ​သို့​ကျ​ပြီး​လျှင် အ​ဘယ်​အ​ခါ​၌​မျှ​ပြန်​၍​မ​တက်​နိုင်​ပါ​စေ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 မီး ကျီး မိုး ကျ ရွာ ခြင်း၊ ထ၍ မ ရပ် နိုင် အောင် မီး တွင်း ထဲ သို့ ပစ် ချ ခြင်း ကို ခံ ရ ကြ ပါ စေ သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 မီး​ခဲ​တို့​သည် ထို​သူ​တို့​အ​ပေါ်​သို့ ကျ​ရောက်​ကြ​ပါ​စေ​သော။ မီး​ထဲ​သို့​လည်း​ကောင်း၊ နက်​သော​တွင်း​ထဲ​သို့​လည်း​ကောင်း ကျ​ကြ​ပါ​စေ​သော။ တစ်​ဖန်​မ​ထ​ကြ​ပါ​စေ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 140:10
17 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ထာဝရဘုရား​အထံ​တော် မိုးကောင်းကင်​မှ ကန့်​နှင့်​မီး​ကို သောဒုံ​မြို့​နှင့်​ဂေါမောရ​မြို့​အပေါ်​သို့ ထာဝရဘုရား​ရွာ​စေ​တော်မူ​၏​။


ကိုယ်တော်​သည် မီးခဲ​တို့​ကို ဆိုးယုတ်​သော​သူ​တို့​အပေါ် ရွာကျ​စေ​တော်မူ​လိမ့်မည်​။ မီး​၊ ကန့်​နှင့် ပူလောင်​သော​လေ​သည် သူ​တို့​ခွက်ဖလား​အတွက် ဝေစု​ဖြစ်​လိမ့်မည်​။


စစ်သူရဲ​၏​ချွန်ထက်​သော​မြား​နှင့် ရှား​မီးခဲ​တို့​ဖြင့်​ဖြစ်​၏​။


ကိုယ်တော်​ပေါ်ထွန်း​တော်မူ​သော​အချိန်​၌ ကိုယ်တော်​သည် သူ​တို့​ကို တောက်လောင်​နေ​သော​မီးပြင်းဖို​ကဲ့သို့ ဖြစ်​စေ​တော်မူ​လိမ့်မည်​။ ထာဝရဘုရား​သည် အမျက်​တော်​ဖြင့် သူ​တို့​ကို​ဝါးမျို​လိမ့်မည်​။ မီး​သည် သူ​တို့​ကို​လောင်ကျွမ်း​လိမ့်မည်​။


သို့သော် အို ဘုရားသခင်​၊ ကိုယ်တော်​သည် ထို​သူ​တို့​ကို ပုပ်ပျက်ရာ​တွင်း​ထဲသို့​ဆင်းသွား​စေ​တော်မူ​၏​။ သွေးဆာ​သော​သူ​နှင့် လိမ်လည်လှည့်ဖြား​သော သူ​တို့​သည် မိမိ​တို့​နေ့ရက်​ကာလ​၏​ထက်ဝက်​မျှပင် အသက်ရှင်​ရ​မည်​မ​ဟုတ်​။ အကျွန်ုပ်​မူကား ကိုယ်တော်​ကို​ယုံကြည်ကိုးစား​ပါ​မည်​။


ထိုအခါ လူ​အပေါင်း​တို့​သည် ကြောက်ရွံ့​၍ ဘုရားသခင်​၏​လုပ်ဆောင်​တော်မူ​ချက်​ကို ပြောကြား​ကာ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​ကို ဂရုပြု​ကြ​လိမ့်မည်​။


ထာဝရဘုရား​သည် ဖြောင့်မတ်​တော်မူ​ခြင်း ရှိ​သည့်​အတိုင်း ငါ​သည် ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​၍ အမြင့်ဆုံး​သော​ထာဝရဘုရား​၏​နာမ​တော်​ကို သီဆိုချီးမွမ်း​မည်​။


ဖြောင့်မှန်​သော​သူ​ကို မကောင်း​သော​လမ်း​ထဲသို့ လမ်းလွဲ​စေ​သော​သူ​သည် မိမိ​၏​တွင်း​ထဲသို့ မိမိကိုယ်တိုင်​ကျ​လိမ့်မည်​။ အပြစ်တင်စရာမရှိ​သော​သူ​တို့​မူကား ကောင်း​သော​အရာ​ကို အမွေဆက်ခံ​ရ​ကြ​လိမ့်မည်​။


လူ့​အသက်​သတ်ခြင်း​အပြစ်ဝန်​ကို ထမ်း​သော​သူ​သည် သေတွင်း​ထဲ​ရောက်​သည့်​တိုင်အောင် ထွက်ပြေး​တိမ်းရှောင်​နေ​ရ​လိမ့်မည်​။ မည်သူ​မျှ​သူ့​ကို​မ​ထောက်မ​စေ​နှင့်​။


မီးပြင်းဖို​ထဲသို့ ပစ်ချ​ကြ​လိမ့်မည်။ ထို​နေရာ​၌ ငိုကြွေး​ခြင်း​နှင့် အံကြိတ်​ခြင်း​ရှိ​လိမ့်မည်။


မီးပြင်းဖို​ထဲသို့ ပစ်ချ​ကြ​လိမ့်မည်။ ထို​နေရာ​၌ ငိုကြွေး​ခြင်း​နှင့်​အံကြိတ်​ခြင်း​ရှိ​လိမ့်မည်။


အသက်​စာစောင်​၌ စာရင်း​မ​ဝင်​သော​သူ​ရှိသမျှ​တို့​သည်​လည်း မီး​အိုင်​ထဲသို့ ပစ်ချ​ခြင်း​ခံရ​ကြ​၏။


သို့သော် ကြောက်​တတ်​သူ​များ၊ မ​ယုံကြည်​သူ​များ၊ ရွံရှာ​ဖွယ်​ကောင်း​သူ​များ၊ လူသတ်သူ​များ၊ တရားနှင့်မညီ​မေထုန်ပြု​သူ​များ၊ ပြုစား​သော​သူ​များ၊ ရုပ်တု​ကိုးကွယ်​သူ​များ​နှင့် လိမ်လည်​သော​သူ​အပေါင်း​တို့​သည် ကန့်​နှင့်​လောင်​သော​မီး​အိုင်​ထဲ၌ မိမိ​တို့​အဖို့​ကို​ရ​ကြ​လိမ့်မည်။ ဤသည်ကား ဒုတိယ​သေ​ခြင်း​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ