ထိုသို့ လူကိုနှင်ထုတ်ပြီးလျှင် အသက်ပင်သို့သွားရာလမ်းကိုစောင့်ရှောက်စေရန် ခေရုဗိမ်နှင့်တကွ အဘက်ဘက်လည်နေသောမီးလျှံဓားကို ဧဒင်ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူ၏။
ယေဇကျေလ 10:18 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထာဝရဘုရား၏ဘုန်းအသရေတော်သည် အိမ်တော်တံခါးခုံမှခွာသွား၍ ခေရုဗိမ်အထက်၌ တည်နေ၏။ Common Language Bible ထိုနောက်ဘုရားသခင်၏တောက်ပသောဘုန်း အသရေတော်သည် ဗိမာန်တော်အဝင်ဝမှ ထွက်ခွာ၍သတ္တဝါတို့၏အထက်သို့ရွေ့ လျားသွားတော်မူ၏။- Garrad Bible ထာ ဝ ရ ဘု ရား၏ ဘုန်း တော် သည်၊ ဗိ မာန် တော် တံ ခါး ခုံ အ ထက် မှ ထွက် ခွာ လျက်၊ Judson Bible ထိုအခါ ထာဝရဘုရား၏ ဘုန်းတော်သည် အိမ်တော်တံခါးခုံမှ ရွှေ့၍ခေရုဗိမ်အပေါ်မှာ တည်လေ၏။ |
ထိုသို့ လူကိုနှင်ထုတ်ပြီးလျှင် အသက်ပင်သို့သွားရာလမ်းကိုစောင့်ရှောက်စေရန် ခေရုဗိမ်နှင့်တကွ အဘက်ဘက်လည်နေသောမီးလျှံဓားကို ဧဒင်ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူ၏။
ထိုသို့ စကားပြောလျက်သွားနေကြစဉ်တွင်ပင် မီးမြင်းနှင့်ကသောမီးရထားတစ်စီး ရုတ်ခြည်းပေါ်လာပြီး သူတို့နှစ်ဦးကိုခွဲပစ်ကာ ဧလိယသည် လေပွေဖြင့် ကောင်းကင်သို့ ပါသွားလေ၏။
ကိုယ်တော်သည် ခေရုဗိမ်ကိုစီး၍ ပျံသန်းတော်မူ၏။ လေအတောင်ပံများအားဖြင့် ထိုးဆင်းတော်မူ၏။
ကိုယ်တော်သည် အမှောင်ကို မိမိ၏လျှို့ဝှက်သောနေရာဖြစ်စေတော်မူ၏။ မိုးရေဖွဲ့ထားသောတိမ်တိုက်ထုကြီး၏အမှောင်ထုသည် ကိုယ်တော်၏ပတ်လည်၌ရှိသော အခြံအရံဖြစ်၏။
ထာဝရဘုရားသည် စိုးစံတော်မူ၏။ လူမျိုးတကာတို့သည် ထိတ်လန့်တုန်လှုပ်ကြပါစေ။ ကိုယ်တော်သည် ခေရုဗိမ်တို့အထက်၌ စံပယ်တော်မူ၏။ မြေကြီးသည် လှုပ်ခါပါစေ။
အို ဂျေရုဆလင်မြို့၊ ဆုံးမပဲ့ပြင်ခြင်းကိုခံယူလော့။ သို့မဟုတ်လျှင် သင့်ကို ငါစွန့်ခွာသွားမည်။ သင့်ကို နေထိုင်သူမရှိ၊ လူသူကင်းမဲ့ရာအရပ် ဖြစ်စေမည်”ဟု မိန့်တော်မူ၏။
ငါသည် သင့်ကို အတောင်ဖြန့်မိုးသောခေရုဗိမ်တစ်ပါးအဖြစ် ဘိသိက်ပေးပြီး ဘုရားသခင်၏သန့်ရှင်းသောတောင်ပေါ်၌ နေရာချထား၏။ သင်သည် မီးတောက်နေသောကျောက်တုံးများအလယ်တွင် သွားလာ၏။
တံခါးခုံများ၊ ရာဇမတ်ကွက်ပြတင်းပေါက်ငယ်များနှင့် တံခါးခုံရှေ့ရှိ သုံးဘက်သုံးတန်မှလျှောက်လမ်းများကို သစ်သားဖြင့် အလှဆင်ထား၏။ ကြမ်းပြင်မှပြတင်းပေါက်အထိနံရံများ၊ ပြတင်းပေါက်များကိုလည်း သစ်သားဖြင့် အလှဆင်ထား၏။
ထိုနေရာတွင် အစ္စရေးလူမျိုးတို့၏ဘုရားသခင့်ဘုန်းတော်သည် အရှေ့ဘက်မှထွက်ပေါ်လာ၍ အသံတော်သည်လည်း ရေထုကြီးဟုန်းသံကဲ့သို့ဖြစ်၏။ ကိုယ်တော်၏ဘုန်းတော်သည် မြေတစ်ပြင်လုံးသို့ ထွန်းလင်းလေ၏။
တစ်ဖန် “အချင်းလူသား၊ ငါ၏သန့်ရှင်းရာဌာနကို ငါစွန့်ပစ်အောင် အစ္စရေးအမျိုးအနွယ်တို့ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုကြီးကို သင်မြင်ပြီလော။ ထို့ပြင် ထို့ထက်သာ၍ စက်ဆုပ်ရွံရှာဖွယ်များ ပြုနေသည်ကို သင်မြင်ရဦးမည်”ဟု မိန့်တော်မူ၏။
အကယ်၍ သားသမီးမွေးလျှင်လည်း အားလုံးကို ငါဆုံးပါးစေမည်။ သူတို့ကို ငါစွန့်ပစ်သောအခါ သူတို့ အမင်္ဂလာဖြစ်လိမ့်မည်။
သူ့ခင်ပွန်းသည် နံနက်ထ၍ အိမ်တံခါးဖွင့်ကာ ခရီးဆက်မည်ပြုသောအခါ လက်ကိုတံခါးခုံပေါ်တင်လျက် အိမ်တံခါးဝတွင် လဲကျနေသော မယားငယ်ကို တွေ့လေ၏။