Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 10:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 သတ္တဝါ​တို့​၏​ဝိညာဉ်​သည် ဘီး​၌​တည်​သောကြောင့် သူ​တို့​ရပ်​သောအခါ ဘီး​တို့​လည်း ရပ်​ကြ​၏​။ သူ​တို့​ကြွ​သောအခါ ဘီး​တို့​လည်း ကြွ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ထို​သတ္တ​ဝါ​တို့​ရပ်​ကြ​သော​အ​ခါ​ဘီး​တို့ သည်​လည်း​ရပ်​၏။ သတ္တ​ဝါ​တို့​ပျံ​သန်း​ကြ သော​အ​ခါ​ဘီး​တို့​သည်​လည်း​လိုက်​၍​သွား ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သတ္တ​ဝါ များ​၏​ဝိ​ညာဉ်​က​ဘီး​တို့​ကို​ချုပ်​ကိုင်​၍ ထား​သော​ကြောင့်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 သ တ္တ ဝါ တို့၏ ဝိ ညာဉ် သည် စက် များ၌ ပါ ရှိ သော ကြောင့်၊ ခေ ရု ဗ တို့ ရပ် ကြ သော်၊ စက် များ လည်း ရပ် ခြင်း၊ တက် ကြ သော်၊ တက် ခြင်း ပြု ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 သူ​တို့​ရပ်​သော​အ​ခါ ဘီး​တို့​သည်​ရပ်​ကြ၏။ သူ​တို့​သည် မြေ​ကြီး​နှင့်​ကွာ၍ တက်​သော​အ​ခါ၊ ဘီး​တို့​သည်​လည်း ထက်​ကြပ်​လိုက်၍ တက်​ကြ၏။ အ​ကြောင်း​မူ​ကား၊ သ​တ္တ​ဝါ၏ ဝိ​ညာဉ်​သည်​ဘီး​တို့၌​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 10:17
8 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ထာဝရအရှင်​ဘုရားသခင်​သည် မြေမှုန့်​ဖြင့် လူ​ကို​ပုံဖော်ဖန်ဆင်း​၍ သူ​၏​နှာခေါင်း​ထဲသို့ ဇီဝ​အသက်​ကို မှုတ်သွင်း​တော်မူ​ရာ လူ​သည် သက်ရှိသတ္တဝါ​ဖြစ်လာ​၏​။


သူ​တို့​သည် မျက်နှာမူ​ရာ​သို့သာ တည့်တည့်​သွား​တတ်​၏​။ သွား​သောအခါ ဟိုဘက်​သည်ဘက်​မ​လှည့်​ဘဲ ဝိညာဉ်​တော်​ညွှန်ပြ​ရာ​သို့​သာ​သွား​၏​။


ထို​မီးတောက်မီးလျှံ​အလယ်​တွင်​လည်း သတ္တဝါ​သဏ္ဌာန်​လေး​ခု ပါလာ​၏​။ ထို​သတ္တဝါ​တို့​၏​သဏ္ဌာန်​သည် လူ​၏​သဏ္ဌာန်​နှင့်​တူ​၏​။


ထိုသို့ ခေရုဗိမ်​တို့ သွား​သောအခါ ဘီး​တို့​သည်​လည်း သူ​တို့​၏​ဘေး​မှ လိုက်​ကြ​၏​။ ခေရုဗိမ်​တို့​အတောင်ပံ​ဖြန့်​၍ မြေ​မှ​ကြွ​သောအခါ ဘီး​တို့​သည်​လည်း ထက်ကြပ်မကွာ​လိုက်​ကြ​၏​။


သတ္တဝါ​တို့​၏​အတောင်ပံ​များ တစ်​ခု​နှင့်​တစ်​ခု​ထိခတ်​သော​အသံ​၊ သတ္တဝါ​တို့​အနား​ရှိ ဘီး​များ​လည်​နေ​သော​အသံ​ကို​လည်း ငလျင်လှုပ်သံ​ကြီး​ကဲ့သို့ ငါ​ကြား​ရ​၏​။


အကြောင်းမူကား ခရစ်တော်​ယေရှု​၌​ရှိ​သည့် အသက်ရှင်​ခြင်း​၏​ဝိညာဉ်​တော်​နှင့်ဆိုင်သော​တရား​သည် အပြစ်​နှင့်​သေ​ခြင်း​တို့​နှင့်ဆိုင်သော​တရား​မှ သင့်​ကို​လွတ်မြောက်​စေ​ပြီ​ဖြစ်​၏။


သို့သော် သုံး​ရက်​ခွဲ​လွန်​ပြီး​သောအခါ ဘုရားသခင်​ထံ​တော်​မှ​ဇီဝ​အသက်​သည် ထို​သူ​တို့​အထဲသို့​ဝင်​၍ သူ​တို့​သည် မိမိ​တို့​ခြေ​ဖြင့်​မတ်တပ်ရပ်​ကြ​၏။ ထို​သူ​တို့​ကို​မြင်​သော​သူ​တို့​သည် အလွန်​ကြောက်ရွံ့​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ