အီသီယိုးပီးယားပြည်နားရှိ အာရပ်လူမျိုး၊ ဖိလိတ္တိလူမျိုးတို့သည် ယဟောရံမင်းကြီးအား တိုက်ခိုက်လာအောင် သူတို့စိတ်ကို ထာဝရဘုရားနှိုးဆော်တော်မူ၏။
ယောလ 3:4 - မြန်မာ့စံမီသမ္မာကျမ်း အို တိုင်ရာမြို့၊ ဆီဒုန်မြို့နှင့် ဖိလိတ္တိပြည်သားအပေါင်းတို့၊ အဘယ်ကြောင့် ငါ့ကိုဆန့်ကျင်ကြသနည်း။ တစ်စုံတစ်ရာကြောင့် ငါ့ကိုတုံ့ပြန်ကြသလော။ သင်တို့ ငါ့ကိုတုံ့ပြန်လျှင် ငါသည်လည်း မနှေးအမြန် သင်တို့ပြုသောအမှုကို သင်တို့ခေါင်းပေါ် ပြန်ရောက်စေမည်။ Common Language Bible ``တုရုမြို့၊ ဇိအုန်မြို့နှင့်ဖိလိတ္တိပြည်အရပ် ရပ်မှလူအပေါင်းတို့ သင်တို့သည်ငါ့အား အဘယ်သို့ပြုရန်ကြိုးပမ်းနေကြပါသနည်း။ ငါ့အားလက်စားချေရန်ကြိုးပမ်းနေကြပါ သလော။ ယင်းသို့ကြိုးပမ်းနေကြပါမူ၊ ငါ သည်အလျင်အမြန်ဦးစွာသင်တို့အား လက်စားချေမည်။- Garrad Bible အို တု ရု မြို့၊ ဇိ ဒုန် မြို့ နှင့် ဖိ လ တ္တိ တ နယ် လုံး။ သင် တို့ သည် ငါ နှင့် မည် သို့ ဆိုင် သ နည်း။ ငါ့ အ ပြု အ မူ ကို ဆပ် ပေး လျက် သော်၎င်း၊ ငါ၌ ရန် ပြု လျက် သော်၎င်း၊ နေ သ လော။ သင် တို့ ပြု သည့် အ တိုင်း ပင်။ ရှောင် တ ခင် ရုတ် ခြင်း၊ ထိပ် ပေါ် တွင် ငါ တုံ့ ပြန် မည်။ Judson Bible အိုတုရုမြို့၊ ဇိဒုန်မြို့၊ ပါလေတ္တိနပြည်နှင့် နီးစပ်သောအရပ်ရှိသမျှတို့၊ သင်တို့သည် ငါနှင့်အဘယ်သို့ ဆိုင်ကြသနည်း။ ငါ့ကို ရန်တုံ့ပြုကြမည်လော။ ငါ့ကို ရန်တုံ့ပြုကြလျှင်၊ ထိုရန်ကို သင်တို့ခေါင်းပေါ်သို့ အလျင်အမြန် ငါပြန်ရောက်စေမည်။ |
အီသီယိုးပီးယားပြည်နားရှိ အာရပ်လူမျိုး၊ ဖိလိတ္တိလူမျိုးတို့သည် ယဟောရံမင်းကြီးအား တိုက်ခိုက်လာအောင် သူတို့စိတ်ကို ထာဝရဘုရားနှိုးဆော်တော်မူ၏။
ဖိလိတ္တိပြည်သားအပေါင်းတို့၊ သင့်ကို ရိုက်သောကြိမ်လုံးကျိုးသောကြောင့် ဝမ်းမြောက်ခြင်းမရှိနှင့်။ အကြောင်းမူကား မြွေအမျိုးထဲက မြွေပွေးပေါက်လာလိမ့်မည်။ သူ၏သားပေါက်သည်လည်း ပျံသန်းတတ်သောမီးမြွေဖြစ်လိမ့်မည်။
ထာဝရဘုရား၌ လက်စားချေရာနေ့၊ ဇိအုန်မြို့ကို ရန်ပြုသောသူကို ဒဏ်ပေးသောနှစ် ရှိ၏။
သူတို့၏လုပ်ဆောင်မှုနှင့်အညီ ရန်ပြုသောသူတို့အား အမျက်တော်ကိုလည်းကောင်း၊ ရန်သူတို့အား အကျိုးအပြစ်ကိုလည်းကောင်း ပေးဆပ်တော်မူမည်။ ကမ်းရိုးတန်းဒေသတို့အား အကျိုးအပြစ်ကို ပေးဆပ်တော်မူမည်။
ဂါဇမြို့ကို ဖာရောမင်းကြီး မတိုက်ခိုက်မီ ဖိလိတ္တိလူမျိုးတို့နှင့်ပတ်သက်၍ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံ ရောက်လာ၏။
ဖိလိတ္တိလူမျိုးအားလုံးကို ဖျက်ဆီးမည့်နေ့၊ တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့ကို စစ်ကူပေးသောကြွင်းကျန်သူရှိသမျှတို့ကို ပယ်ဖျက်မည့်နေ့ ရောက်လာပြီ။ ထာဝရဘုရားသည် ကတ္တောရကျွန်းရှိ ကြွင်းကျန်သောဖိလိတ္တိလူမျိုးတို့ကို ဖျက်ဆီးမည်။
ဘေဘီလုံမြို့မှ ထွက်ပြေးကြ။ အသက်ဘေးလွတ်အောင် ပြေးကြ။ ထိုမြို့၏အပြစ်ကြောင့် အဖျက်ဆီးမခံကြနှင့်။ အကြောင်းမူကား ထာဝရဘုရားလက်တုံ့ပြန်ရာအချိန်ကျရောက်ပြီ။ ထိုမြို့ခံထိုက်သောအပြစ်ကို ပြန်ပေးဆပ်စေတော်မူမည်။
သူတို့ရှေ့တွင် မြေကြီးလှုပ်ခတ်၍ ကောင်းကင်ခါယမ်းလေ၏။ နေနှင့်လလည်း အမှောင်ကျကုန်၏။ ကြယ်များသည်လည်း မိမိတို့၏အလင်းကို မပေးနိုင်။
ထိုနေ့သည် အမှောင်တကာ့အမှောင်နေ့၊ မိုးအုံ့၍အမှောင်ကျသောနေ့ ဖြစ်၏။ တောင်ပေါ်တွင် အရုဏ်ဦးအလင်းဖြာကျသကဲ့သို့ အင်အားကြီးသောလူမျိုးကြီးတစ်မျိုး ပေါ်လာမည်။ ဤအဖြစ်မျိုးသည် ရှေးကလည်း မဖြစ်ဖူး။ နောင်ကာလမျိုးဆက်အစဉ်အဆက်တွင်လည်း ဖြစ်လိမ့်မည်မဟုတ်။
“ခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ ဗက်ဇဲဒမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား သင်တို့၌ပြုခဲ့သောတန်ခိုးလက္ခဏာများကို တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့၌ပြုခဲ့လျှင် သူတို့သည် ရှေးယခင်ကပင် လျှော်တေအဝတ်ကိုဝတ်လျက် ပြာနှင့်လူးကာ နောင်တရခဲ့ကြပေလိမ့်မည်။
သို့သော် သင်တို့အား ငါဆိုမည်။ တရားစီရင်တော်မူရာနေ့၌ တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့သည် သင်တို့ထက် ခံသာကြလိမ့်မည်။
ခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ ဗက်ဇဲဒမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား သင်တို့၌ပြုခဲ့သောတန်ခိုးလက္ခဏာများကို တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့၌ပြုခဲ့လျှင် သူတို့သည် ရှေးယခင်ကပင် လျှော်တေအဝတ်ကိုဝတ်လျက် ပြာထဲ၌ထိုင်ကာ နောင်တရခဲ့ကြပေလိမ့်မည်။
သို့သော် တရားစီရင်တော်မူသောအခါ တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့သည် သင်တို့ထက် ခံသာကြလိမ့်မည်။
ဘုရားသခင်သည်လည်း မိမိထံ နေ့ညမပြတ်အော်ဟစ်တောင်းလျှောက်နေသည့် မိမိရွေးကောက်တော်မူသောသူတို့အတွက် တရားသဖြင့်မစီရင်ဘဲ ကြာရှည်စွာဆိုင်းထားတော်မူလိမ့်မည်လော။
သူသည် မြေပေါ်သို့လဲကျသွားရာ“ရှောလု၊ ရှောလု၊ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်း”ဟု သူ့အားပြောသောအသံကိုကြားရ၏။
လက်စားချေခြင်း၊ လက်တုံ့ပြန်ခြင်းသည် ငါနှင့်ဆိုင်၏။ သူတို့သည် အချိန်တန်လျှင် ခြေချော်လိမ့်မည်။ သူတို့၏ဘေးဒုက္ခနေ့ရက်သည်နီးပြီ။ သူတို့ကြုံရမည့်အမှုသည် အလျင်အမြန်ရောက်လာလိမ့်မည်။
သခင်ယေရှုသည် မီးလျှံထဲ၌ မိမိ၏တန်ခိုးကြီးသောကောင်းကင်တမန်များနှင့်အတူ မိုးကောင်းကင်မှပေါ်ထွန်းတော်မူသောအခါ သင်တို့ကို ဆင်းရဲဒုက္ခရောက်စေသောသူတို့အား ဆင်းရဲဒုက္ခကိုလည်းကောင်း၊
ထို့နောက် ယေဖသသည် အမ္မုန်ဘုရင်ထံ တမန်ကို စေလွှတ်၍ “သင်နှင့်ငါ့အကြား၌ အဘယ်အကြောင်းရှိ၍ သင်သည် ငါ့ပြည်ကို လာတိုက်ရသနည်း”ဟု မေးလေသော်