အကျွန်ုပ်၏စိတ်နှလုံးထဲ၌ ကိုယ်တော်ပေးတော်မူသောဝမ်းမြောက်ခြင်းသည် သူတို့၏ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ပေါများသောအချိန်တွင် သူတို့၌ရှိသောဝမ်းမြောက်ခြင်းထက် သာလွန်ပါ၏။
ယောလ 1:12 - မြန်မာ့စံမီသမ္မာကျမ်း စပျစ်ပင်ခြောက်သွေ့ပြီ။ သဖန်းပင် ညှိုးနွမ်းပြီ။ သလဲပင်၊ စွန်ပလွံပင်၊ ပန်းသီးပင်အစရှိသောကွင်းပြင်ရှိ အပင်အားလုံးတို့သည်လည်း ခြောက်သွေ့လေပြီ။ စင်စစ် လူသားတို့အဖို့ ပျော်ရွှင်ခြင်းသည် ပျောက်လွင့်သွားလေပြီ။ Common Language Bible စပျစ်နွယ်ပင်များနှင့်သဖန်းပင်တို့သည်ညှိုးနွမ်းခြောက်သွေ့ကြလေပြီ။ သီးပင်မှန်သမျှတို့သည်ညှိုးနွမ်း၍သေကြလေကုန်ပြီ။ လူတို့မှာလည်းပျော်ရွှင်မှုမရှိတော့ပေ။ Judson Bible စပျစ်နွယ်ပင်သည် ညှိုးနွမ်း၏။ သင်္ဘောသဖန်းပင်လည်း သွေ့ခြောက်၏။ သလဲပင်၊ စွန်ပလွံပင်၊ ရှောက်ချိုပင်မှစ၍ တောသစ်ပင်ရှိသမျှတို့သည် ညှိုးနွမ်းကြ၏။ အကယ်စင်စစ် လူသားတို့၌ ဝမ်းမြောက်စရာအကြောင်းသည် သွေ့ခြောက်၏။ |
အကျွန်ုပ်၏စိတ်နှလုံးထဲ၌ ကိုယ်တော်ပေးတော်မူသောဝမ်းမြောက်ခြင်းသည် သူတို့၏ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ပေါများသောအချိန်တွင် သူတို့၌ရှိသောဝမ်းမြောက်ခြင်းထက် သာလွန်ပါ၏။
ဖြောင့်မတ်သောသူသည် စွန်ပလွံပင်ကဲ့သို့ ပွင့်လန်းဝေဆာ၍ လက်ဘနွန်တောင်မှ သစ်ကတိုးပင်ကဲ့သို့ကြီးထွားလိမ့်မည်။
“ယောက်ျားများအလယ်တွင် အကျွန်ုပ်ချစ်သူသည် တောသစ်ပင်တို့အလယ်မှ ပန်းသီးပင်ကဲ့သို့ ဖြစ်ပါ၏။ သူ့အရိပ်၌ ခိုနားရသည်ကို အကျွန်ုပ်အလွန်နှစ်သက်ပါ၏။ သူ့အသီးသည်လည်း အကျွန်ုပ်အဖို့ အလွန်ချိုမြိန်၍ အရသာရှိပါ၏။
သင့်အစို့အညှောက်သည် အကောင်းဆုံးအသီးကိုသီးသောသလဲတော၊ နာဒုပင်ရောပေါက်သော ဟင်္နာတော၊
သီးနှံဖြစ်ထွန်းသောမြေ၌ ဝမ်းမြောက်ရွှင်လန်းခြင်း ပျောက်ကွယ်လေပြီ။ စပျစ်ခြံ၌ ရွှင်လန်းစွာသီချင်းဆိုခြင်းမရှိ။ ဝမ်းမြောက်စွာကြွေးကြော်ခြင်းလည်းမရှိ။ စပျစ်သီးနယ်ရာကျင်း၌ စပျစ်သီးနင်းနယ်သောသူမရှိ။ ကြွေးကြော်သံကို ငါရပ်စဲစေပြီ။
စပျစ်ဝိုင်ပြတ်သောကြောင့် လမ်းများပေါ်တွင် အော်ဟစ်တောင့်တကြ၏။ ဝမ်းမြောက်ခြင်းရှိသမျှတို့သည် ချုပ်ငြိမ်းသွားလေပြီ။ ကမ္ဘာမြေပေါ်ရှိ ပျော်ရွှင်ခြင်းသည် ပျောက်ကွယ်လေပြီ။
စပျစ်ဝိုင်အသစ်သည် ငိုကြွေးမြည်တမ်းရပြီ။ စပျစ်ပင်သည် ညှိုးနွမ်းခြောက်သွေ့သွားပြီ။ စိတ်နှလုံးဝမ်းမြောက်ခဲ့သောသူအပေါင်းတို့သည်လည်း ညည်းတွားကြရလေပြီ။
ကိုယ်တော်သည် လူမျိုးတော်ကိုတိုးပွားစေ၍ သူတို့ကို အလွန်ဝမ်းမြောက်စေတော်မူပြီ။ သူတို့သည် သီးနှံရိတ်သိမ်းချိန်၌ ဝမ်းမြောက်သကဲ့သို့၊ လုယက်ပစ္စည်းခွဲဝေချိန်၌ ရွှင်လန်းသကဲ့သို့ ကိုယ်တော်၏ရှေ့မှောက်တွင် ဝမ်းမြောက်ကြပါပြီ။
‘ဖျက်ဆီးခံရပြီ။ အကြီးအကျယ်ပျက်စီးလေပြီ’ဟု ဟောရနိမ်မြို့မှ အော်ဟစ်ငိုကြွေးသံကြားရ၏။
သီးနှံဖြစ်ထွန်းသောမြေနှင့် မောဘပြည်၌ ဝမ်းမြောက်ရွှင်လန်းခြင်း ပျောက်ကွယ်လေပြီ။ စပျစ်သီးနယ်ရာကျင်းမှ စပျစ်ဝိုင်ပြတ်လေပြီ။ ဝမ်းမြောက်စွာကြွေးကြော်လျက် စပျစ်သီးကိုနင်းနယ်ကြတော့မည်မဟုတ်။ ကြွေးကြော်သောအသံသည်လည်း ဝမ်းမြောက်သောကြွေးကြော်သံမဟုတ်။
လယ်ယာ ဖျက်ဆီးခံရပြီ။ ကောက်ပဲသီးနှံ ဖျက်ဆီးခံရသောကြောင့် မြေသည် ငိုကြွေးမြည်တမ်းလေပြီ။ စပျစ်ဝိုင်အသစ် ခန်းလေပြီ။ ဆီလည်း လျော့လေပြီ။
ငါတို့၏မျက်စိရှေ့တွင်ပင် အစားအစာပြတ်လပ်လေပြီ မဟုတ်လော။ ငါတို့ဘုရားသခင်၏အိမ်တော်တွင်လည်း ဝမ်းမြောက်ရွှင်လန်းခြင်း ဆိတ်သုဉ်းလေပြီ မဟုတ်လော။
သို့သော် နောက်တစ်နေ့အရုဏ်တက်ချိန်တွင် ဘုရားသခင်သည် ထိုကြက်ဆူပင်အပေါ် ပိုးကောင်ကျစေ၍ ဖျက်ဆီးသဖြင့် အပင်မှာခြောက်သွေ့သွားလေ၏။
စပါးကျီထဲ၌ မျိုးစေ့ရှိသေးသလော။ စပျစ်ပင်၊ သဖန်းပင်၊ သလဲပင်နှင့် သံလွင်ပင်တို့ အသီးမသီးလျှင်လည်း ယနေ့မှစ၍ သင်တို့ကို ငါကောင်းချီးပေးမည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ပြန်ပြော၏။
“လောင်မီးပိုးကို ငါတားဆီးမည်။ သင်တို့မြေမှအသီးအနှံကို မဖျက်ဆီးစေရ။ သင်တို့မြေမှစပျစ်ပင်သည် အသီးမသီးဘဲမနေရ”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သူတို့သည် ဧရှကောလချိုင့်ဝှမ်းသို့ရောက်သောအခါ ထိုအရပ်မှ စပျစ်သီးအပြွတ်လိုက်ပါသောစပျစ်ခိုင်တစ်ခိုင်ကို အကိုင်းနှင့်တကွခုတ်ယူ၍ သလဲသီး၊ သဖန်းသီးအချို့တို့နှင့်အတူ ထမ်းပိုးဖြင့် လူနှစ်ယောက်ထမ်းလာကြ၏။