ထို့ကြောင့် မောရှေက ယောရှုအား “ငါတို့အတွက် လူတို့ကိုရွေးချယ်ပြီးလျှင် အာမလက်လူမျိုးတို့ကို ထွက်၍တိုက်လော့။ မနက်ဖြန်၌ ငါသည် ဘုရားသခင်၏တောင်ဝှေးကို ကိုင်လျက် တောင်ကုန်းထိပ်တွင်ရပ်နေမည်”ဟု ဆိုလေ၏။
ယောရှု 8:3 - မြန်မာ့စံမီသမ္မာကျမ်း ယောရှုနှင့်စစ်သည်အပေါင်းတို့သည်လည်း အာဣမြို့သို့ ထ၍စစ်ချီကြ၏။ ယောရှုသည် ရဲစွမ်းသတ္တိရှိသောစစ်သူရဲသုံးသောင်းကိုရွေးချယ်ပြီး သူတို့ကို ညအချိန်၌စေလွှတ်၍ Common Language Bible သို့ဖြစ်၍ယောရှုသည်စစ်သူရဲအပေါင်းတို့နှင့် အာဣမြို့သို့ချီတက်ရန်အသင့်ပြင်လေသည်။ သူသည်လက်ရွေးစင်စစ်သူရဲသုံးသောင်းကို ညအချိန်၌စေလွှတ်၍၊- Garrad Bible အာ ဣ မြို့ သို့ ယော ရှု နှင့် စစ် သူ ရဲ အ ပေါင်း တို့ ထွက် ချီ စဉ်၊ ယော ရှု သည် စစ် ခေါင်း မာ သူ သုံး သောင်း ကို ရွေး ကောက်၍ ညဉ့် ချင်း စေ လွှတ် ရာ၊ Judson Bible ယောရှုနှင့် စစ်သူရဲအပေါင်းတို့သည် အာဣမြို့ကို တိုက်ခြင်းငှာထကြ၏။ ယောရှုသည် ခွန်အားကြီးသော စစ်သူရဲသုံးသောင်းတို့ကို ရွေးချယ်၍ ညအခါစေလွှတ်လျက်၊ |
ထို့ကြောင့် မောရှေက ယောရှုအား “ငါတို့အတွက် လူတို့ကိုရွေးချယ်ပြီးလျှင် အာမလက်လူမျိုးတို့ကို ထွက်၍တိုက်လော့။ မနက်ဖြန်၌ ငါသည် ဘုရားသခင်၏တောင်ဝှေးကို ကိုင်လျက် တောင်ကုန်းထိပ်တွင်ရပ်နေမည်”ဟု ဆိုလေ၏။
ရေလွှမ်းမိုးခြင်းရောက်လာပြီး သူတို့အားလုံးကို ဖယ်ရှားသုတ်သင်သည့်တိုင်အောင် သတိကင်းမဲ့လျက်နေကြ၏။ လူ့သားကြွလာသောအခါ၌လည်း ထိုနည်းတူဖြစ်လိမ့်မည်။
ထိုအစေအပါး၏သခင်သည် သူမျှော်လင့်မထားသောနေ့၊ သူမသိသောအချိန်တွင်ရောက်လာ၍
ညသန်းခေါင်၌ ‘ကြည့်ရှုလော့။ သတို့သားရောက်လာပြီ။ သူ့ကိုကြိုဆိုရန် ထွက်ခဲ့ကြလော့’ဟူသောအော်ဟစ်သံထွက်ပေါ်လာရာ
အကြောင်းမူကား သူခိုးသည် ညအချိန်၌လာသကဲ့သို့ သခင်ဘုရား၏နေ့ရက်သည် ရောက်လာမည်ဖြစ်ကြောင်း သင်တို့ကိုယ်တိုင် သေချာစွာသိကြ၏။
ယောရှုသည်လည်း ရဲစွမ်းသတ္တိရှိသောစစ်သူရဲအပေါင်းတို့နှင့်တကွ စစ်တပ်တစ်တပ်လုံးကိုခေါ်၍ ဂိလဂါလအရပ်မှ စစ်ချီထွက်လေ၏။
သင်သည် ဂျေရိခေါမြို့နှင့် ဂျေရိခေါဘုရင်ကိုပြုသကဲ့သို့ အာဣမြို့နှင့်အာဣဘုရင်ကိုပြုရမည်။ ထိုမြို့မှ တိုက်ယူသောပစ္စည်းနှင့်တိရစ္ဆာန်တို့ကိုကား သင်တို့အဖို့ သိမ်းယူခွင့်ရှိ၏။ မြို့အနောက်ဘက်၌ ကင်းပုန်းချထားလော့”ဟု မိန့်တော်မူ၏။
သူတို့အား “သင်တို့သည် မြို့အနောက်ဘက် မြို့နှင့်မလှမ်းမကမ်းတွင်ကင်းပုန်းချ၍ သင်တို့အားလုံး အဆင်သင့်ရှိနေကြရမည်။
သို့ရာတွင် ထာဝရဘုရား၏နေ့ရက်သည် သူခိုးလာသကဲ့သို့ရောက်လာလိမ့်မည်။ ထိုနေ့ရက်၌ ကောင်းကင်သည် ကျယ်လောင်သောအသံဖြင့် ကွယ်ပျောက်သွား၍ လောကဓာတ်တို့သည် ပြင်းထန်သောအပူရှိန်ဖြင့် ပျက်သုဉ်းသွားလိမ့်မည်။ မြေကြီးမှစ၍ ၎င်းပေါ်၌ပြုလုပ်သောအရာတို့သည်လည်း လောင်ကျွမ်းလိမ့်မည်။