ယောရှု 8:4 - မြန်မာ့စံမီသမ္မာကျမ်း4 သူတို့အား “သင်တို့သည် မြို့အနောက်ဘက် မြို့နှင့်မလှမ်းမကမ်းတွင်ကင်းပုန်းချ၍ သင်တို့အားလုံး အဆင်သင့်ရှိနေကြရမည်။ အခန်းကိုကြည့်ပါ။Common Language Bible4 ``သင်တို့သည်မြို့၏အနောက်ဘက်မလှမ်း မကမ်းတွင်ပုန်းအောင်းနေလော့။ မြို့ကိုတိုက် ခိုက်ရန်အသင့်ရှိနေကြလော့။- အခန်းကိုကြည့်ပါ။Garrad Bible4 ထို မြို့ ကို တိုက် ရန် မ ဝေး မ ကွာ ဘဲ မြို့ နောက် ဖေး တပ် ပုန်း ချ လျက်၊ ရှိ သ မျှ အ သင့် နေ ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible4 သင်တို့သည် ထိုမြို့ကိုတိုက်ခြင်းငှာ မြို့နောက်မှာ ကင်းထိုးလျက်နေကြလော့။ မြို့နှင့်ဝေးဝေးခွာ၍ မသွားကြနှင့်။ တညီတညွတ်တည်း အသင့်နေကြလော့။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင် သူတို့ကို မလိုက်လျောပါနှင့်။ အဘယ်ကြောင့်ဆိုသော် သူတို့ထဲမှ လူလေးဆယ်ကျော်တို့သည် သူ့ကိုချောင်းမြောင်းနေကြပါသည်။ သူတို့သည် ပေါလုကိုမသတ်ရမချင်း မစားမသောက်ရန် ကျိန်ဆိုထားကြပါသည်။ ယခုပင် သူတို့သည် အသင့်ရှိလျက် အရှင်၏သဘောတူချက်ကို စောင့်နေကြပါသည်”ဟု လျှောက်လေ၏။
ရှင်ဘုရင်လည်း ညတွင်းချင်းထ၍ အမှုထမ်းတို့အား “ဆီးရီးယားလူမျိုးတို့ မည်သို့ကြံစည်နေသည်ကို သင်တို့အား ငါပြောပြမည်။ ငါတို့ငတ်ပြတ်နေသည်ကို သူတို့သိသဖြင့် တပ်စခန်းမှထွက်သွားပြီး တောထဲတွင် ပုန်းရှောင်နေကြ၏။ သူတို့က ‘အကယ်စင်စစ် မြို့သားတို့သည် မြို့ထဲမှထွက်လာကြလိမ့်မည်။ သူတို့ထွက်လာလျှင် ငါတို့က သူတို့ကို အရှင်ဖမ်းပြီး မြို့ထဲသို့ဝင်ကြမည်’ဟူ၍ သူတို့ကြံစည်ကြပြီ”ဟု မိန့်ဆို၏။