ဤအမှုကို ရှေးယခင်ကပင် ငါချမှတ်ခဲ့ကြောင်း သင်မကြားဖူးသလော။ သင်သည် ခိုင်ခံ့သောမြို့တို့ကို အပျက်အစီးကျောက်ပုံဖြစ်စေမည့်အကြောင်း ရှေးကာလကပင် ငါစီမံထားခဲ့သည့်အတိုင်း ယခု ငါဖြစ်စေပြီ။
ယောရှု 8:28 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် ယောရှုသည် အာဣမြို့ကို မီးရှို့ပစ်၍ ယနေ့တိုင် လူသူကင်းမဲ့ရာအပျက်အစီးပုံ ဖြစ်စေ၏။ Common Language Bible ယောရှုသည်အာဣမြို့ကိုမီးရှို့ဖျက်ဆီး လိုက်သဖြင့် ယနေ့တိုင်မြို့ပျက်အဖြစ် ကျန်ရစ်လေသည်။- Garrad Bible ယော ရှု သည် အာ ဣ မြို့ ကို ထို သို့ မီး တိုက်၍ ယ နေ့ တိုင် အ စဉ် ဆိတ် ညံ ရာ မြို့ ဆိုး ကုန်း ဖြစ် စေ ၏။ Judson Bible ယောရှုသည်လည်း အာဣမြို့ကိုမီးရှို့၍၊ ယနေ့တိုင်အောင် ထာဝရဖျက်ဆီးရာ အမှိုက်ပုံဖြစ်စေ၏။ |
ဤအမှုကို ရှေးယခင်ကပင် ငါချမှတ်ခဲ့ကြောင်း သင်မကြားဖူးသလော။ သင်သည် ခိုင်ခံ့သောမြို့တို့ကို အပျက်အစီးကျောက်ပုံဖြစ်စေမည့်အကြောင်း ရှေးကာလကပင် ငါစီမံထားခဲ့သည့်အတိုင်း ယခု ငါဖြစ်စေပြီ။
ဒမတ်စကပ်မြို့နှင့်ဆိုင်သောဗျာဒိတ်တော်။ “ကြည့်ရှုလော့။ ဒမတ်စကပ်မြို့သည် မြို့အဖြစ်ရှိနေတော့မည်မဟုတ်။ ယိုယွင်းပျက်စီးရာအစုအပုံ ဖြစ်လိမ့်မည်။
အကယ်စင်စစ် ကိုယ်တော်သည် မြို့ကိုကျောက်ပုံဖြစ်စေ၍ ခိုင်ခံ့သောမြို့ကို ပြိုပျက်ရာဖြစ်စေ၏။ တစ်ပါးအမျိုးသားတို့၏နန်းတော်တည်ရာမြို့သည် မြို့အဖြစ်ရှိတော့မည်မဟုတ်။ မည်သည့်အခါမျှ ပြန်လည်တည်ဆောက်တော့မည်မဟုတ်။
ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် အမ္မုန်အမျိုးသားတို့နေရာ ရဗ္ဗာမြို့၌ စစ်ပွဲသံကြားရသောအချိန် ရောက်စေမည်။ ထိုမြို့သည် အပျက်အစီးပုံကြီးဖြစ်၍ မြို့ငယ်တို့သည်လည်း မီးလောင်သွားလိမ့်မည်။ အစ္စရေးလူမျိုးတို့သည်လည်း မိမိအား သိမ်းပိုက်ခဲ့သူကို ပြန်၍သိမ်းပိုက်လိမ့်မည်”ဟု မိန့်တော်မူ၏။
ဘေဘီလုံမြို့ကို အဘက်ဘက်မှဝင်တိုက်ကြ။ သိုလှောင်ရုံများကို ဖွင့်ဖောက်ပြီး စပါးပုံကဲ့သို့ ပုံထားကြ။ မြို့ကို အကုန်အစင်ဖျက်ဆီးပစ်ကြ။ အကြွင်းအကျန် မရှိစေနှင့်။
“ငါသည် ဂျေရုဆလင်မြို့ကို ကျောက်ပုံဖြစ်စေမည်၊ ခွေးအတို့ခိုအောင်းရာ ဖြစ်စေမည်။ ယုဒမြို့များကို နေထိုင်သူမရှိ၊ လူသူကင်းမဲ့ရာအရပ် ဖြစ်စေမည်။”
သို့ဖြစ်၍ သင်တို့ကြောင့် ဇိအုန်မြို့သည် လယ်ကဲ့သို့ ထွန်ယက်ခြင်းကို ခံရမည်။ ဂျေရုဆလင်မြို့သည်လည်း အပြိုအပျက်ပုံဖြစ်လိမ့်မည်။ အိမ်တော်တည်ရှိရာတောင်သည်လည်း တောအုပ်ဖြစ်လိမ့်မည်။
ထိုမြို့မှတိုက်ယူသောပစ္စည်းရှိသမျှတို့ကို လဟာပြင်အလယ်၌စုပုံ၍ သင်၏ဘုရားသခင်ထာဝရဘုရားထံ ထိုမြို့နှင့်တကွ တိုက်ယူသောပစ္စည်းရှိသမျှတို့ကို အကုန်အစင်မီးရှို့ပူဇော်ရမည်။ ထိုမြို့သည် အပျက်အစီးပုံကြီး အစဉ်ဖြစ်ရမည်။ နောက်တစ်ဖန် မတည်ဆောက်ရ။
ထာဝရဘုရား၏ပြင်းထန်သောအမျက်တော်သည်ပြေ၍ သင့်ကို သနားစုံမက်တော်မူမည့်အကြောင်း၊ သင့်ကို သနားစုံမက်၍ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည့်အတိုင်း သင့်ကိုတိုးပွားစေတော်မူမည့်အကြောင်း သင်သည် ကျိန်ခြင်းခံရသောအရာတစ်စုံတစ်ခုကိုမျှ သင်၏လက်ထဲ၌ မထားရ။
ယောရှုသည် ပဋိညာဉ်သေတ္တာကို ထမ်းရသောယဇ်ပုရောဟိတ်တို့ခြေချသောနေရာဖြစ်သော ဂျော်ဒန်မြစ်အလယ်၌ ကျောက်တုံးတစ်ဆယ့်နှစ်တုံးကို ချထားလေ၏။ ထိုကျောက်တုံးတို့သည် ယနေ့တိုင်အောင် ထိုနေရာ၌ရှိ၏။
အာဣဘုရင်ကို နေဝင်ချိန်တိုင်အောင် သစ်ပင်ပေါ်တွင် ချိတ်ဆွဲထား၏။ နေဝင်သောအခါ ယောရှုအမိန့်အတိုင်း လူတို့သည် အလောင်းကို သစ်ပင်မှချ၍ မြို့တံခါးဝတွင်ပစ်ထားပြီးလျှင် အလောင်းပေါ်တွင် ကျောက်ပုံကြီးပုံထား၏။ ထိုကျောက်ပုံသည် ယနေ့တိုင်အောင် ရှိ၏။