ဒါဝိဒ်မင်းကြီးသည် ထိုပစ္စည်းများအပြင် မိမိနှိမ်နင်းခဲ့သောတိုင်းပြည်အပေါင်းတို့မှသိမ်းယူခဲ့သော ရွှေငွေတို့ကိုလည်း ထာဝရဘုရားထံဆက်ကပ်၏။
ယောရှု 6:19 - မြန်မာ့စံမီသမ္မာကျမ်း ရွှေ၊ ငွေမှစ၍ ကြေးနီ၊ သံအသုံးအဆောင်အလုံးစုံတို့မူကား ထာဝရဘုရားအဖို့ သန့်ရှင်းသည်ဖြစ်၍ ထာဝရဘုရား၏ဘဏ္ဍာတိုက်ထဲသို့ သွင်းရမည်”ဟု ဆိုလေ၏။ Common Language Bible ရွှေ၊ ငွေ၊ ကြေးနီ၊ သံတို့ဖြင့်ပြုလုပ်ထားသော ဝတ္ထုပစ္စည်းရှိသမျှတို့ကိုကား ထာဝရဘုရား အတွက်သီးသန့်သတ်မှတ်ထားသဖြင့် ထာဝရ ဘုရား၏ဘဏ္ဍာတော်တိုက်ထဲသို့သွင်းထားရ မည်'' ဟုမိန့်ဆိုလေသည်။ Garrad Bible ရွှေ ငွေ မှ စ၍ ကြေး သံ အ သုံး အ ဆောင် ရှိ သ မျှ မှာ ထာ ဝ ရ ဘု ရား အ ဖို့ သီး သန့် ပြီး ဖြစ် သည် နှင့် ထာ ဝ ရ ဘု ရား၏ ဘ ဏ္ဍာ တော် သို့ သွင်း ကြ ရ မည် ဟု တပ် သား တို့ အား မိန့် ဆို ပြီး လျှင်၊ Judson Bible ရွှေငွေကိုလည်းကောင်း၊ ကြေးဝါတန်ဆာ၊ သံတန်ဆာရှိသမျှတို့ကိုလည်းကောင်း၊ ထာဝရဘုရားအဖို့ သန့်ရှင်းစေ၍၊ ဘဏ္ဍာတော်ထဲသို့ သွင်းထားရကြမည်ဟု လူများတို့အား ယောရှုသည်မှာထားလေ၏။ |
ဒါဝိဒ်မင်းကြီးသည် ထိုပစ္စည်းများအပြင် မိမိနှိမ်နင်းခဲ့သောတိုင်းပြည်အပေါင်းတို့မှသိမ်းယူခဲ့သော ရွှေငွေတို့ကိုလည်း ထာဝရဘုရားထံဆက်ကပ်၏။
ထာဝရဘုရား၏အိမ်တော်ရှိဘဏ္ဍာများနှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာများကို ထုတ်ဆောင်၍ ထိုအရာအားလုံးအပြင် ရှောလမုန်မင်းကြီးပြုလုပ်ခဲ့သောရွှေဒိုင်းလွှားအားလုံးကိုလည်း ယူဆောင်သွား၏။
ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်အဖို့ လုပ်ဆောင်စရာအလုံးစုံတို့ကို လုပ်ဆောင်ပြီးသောအခါ ခမည်းတော်ဒါဝိဒ်မင်းကြီး ဆက်ကပ်လှူဒါန်းထားသော ရွှေထည်ငွေထည်အသုံးအဆောင်များကို ရှောလမုန်မင်းကြီးယူဆောင်လာပြီး ထာဝရဘုရား၏အိမ်တော်ရှိဘဏ္ဍာတိုက်ထဲတွင် ထားရှိလေ၏။
ထာဝရဘုရား မိန့်တော်မူခဲ့သည့်အတိုင်းပင် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်နှင့် ဘုရင့်နန်းတော်ဘဏ္ဍာတိုက်တို့မှ ရှိသမျှကို ယူဆောင်သွား၏။ ထာဝရဘုရား၏ဗိမာန်တော်ရှိ အစ္စရေးဘုရင်ရှောလမုန်မင်းကြီးပြုလုပ်ထားခဲ့သော ရွှေအသုံးအဆောင်အားလုံးကိုလည်း ချိုးဖဲ့ဖျက်ဆီး၍ယူဆောင်သွားလေ၏။
ဒါဝိဒ်မင်းကြီးသည် ထိုပစ္စည်းများအပြင် ဧဒုံ၊ မောဘ၊ အမ္မုန်၊ ဖိလိတ္တိ၊ အာမလက် စသောလူမျိုးအပေါင်းတို့ထံမှ သိမ်းယူသော ရွှေငွေတို့ကိုလည်း ထာဝရဘုရားထံ ဆက်ကပ်၏။
လေဝိအမျိုးတွင် အဟိယသည် ဘုရားသခင်၏ဘဏ္ဍာတိုက်နှင့် ဆက်ကပ်လှူဒါန်းသောပစ္စည်းများထားရာဘဏ္ဍာတိုက်တို့ကို စောင့်ကြပ်ရ၏။
ရှေလောမုတ်နှင့် သူ့ညီအစ်ကိုတို့သည် ဒါဝိဒ်မင်းကြီးနှင့် ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများဖြစ်သော ထောင်တပ်မှူး၊ ရာတပ်မှူးများ၊ စစ်ဗိုလ်ချုပ်များ ဆက်ကပ်လှူဒါန်းသောပစ္စည်းများထားရာဘဏ္ဍာတိုက်အလုံးစုံကို စောင့်ကြပ်ရ၏။
စစ်ပွဲမှရလာသောတိုက်ရာပါပစ္စည်းအချို့ကို ထာဝရဘုရား၏အိမ်တော်ပြုပြင်ရန်အတွက် ဆက်ကပ်ထား၏။
စိတ်အာရုံရသူရှမွေလ၊ ကိရှ၏သားရှောလု၊ နေရ၏သားအာဗနာ၊ ဇေရုယာ၏သားယွာဘတို့ ဆက်ကပ်ထားသောပစ္စည်းအားလုံးအပါအဝင် လူတို့ဆက်ကပ်ထားသောပစ္စည်းမှန်သမျှတို့ကို ရှေလောမိတ်နှင့် သူ့ညီအစ်ကိုတို့ စောင့်ကြပ်ရ၏။
ထို့ပြင် ဒါဝိဒ်မင်းကြီး၏စိတ်ထဲတွင်ပေါ်လာသည့်အတိုင်း ထာဝရဘုရား၏အိမ်တော်ဝင်းအပါအဝင် ပတ်လည်အခန်းများအားလုံး၊ ဘုရားသခင်အိမ်တော်၏ဘဏ္ဍာတိုက်နှင့် ဆက်ကပ်လှူဒါန်းသောပစ္စည်းများထားရာသိုလှောင်ရုံ စသည်တို့၏ပုံစံများကိုပါ ပေးအပ်လေ၏။
သူသည် ခမည်းတော်ဆက်ကပ်လှူဒါန်းခဲ့သောပစ္စည်းများ၊ မိမိကိုယ်တိုင်ဆက်ကပ်လှူဒါန်းခဲ့သောပစ္စည်းများနှင့် ရွှေထည်ငွေထည်အသုံးအဆောင်များကို ဘုရားသခင်၏အိမ်တော်သို့ ယူဆောင်လာ၏။
လူတို့သည် အလှူပစ္စည်းများ၊ ဆယ်ဖို့တစ်ဖို့များ၊ ဆက်ကပ်လှူဒါန်းသောပစ္စည်းများကို သစ္စာရှိစွာယူဆောင်လာကြ၏။ လေဝိအမျိုးသားကောနနိသည် ထိုအလှူပစ္စည်းတို့ကို ကြီးကြပ်အုပ်ချုပ်ပေးရပြီး သူ့ညီရှိမိသည် သူ၏လက်ထောက် ဖြစ်၏။
လေဝိအမျိုးတို့သည် ဆယ်ဖို့တစ်ဖို့ကိုလက်ခံသောအခါ အာရုန်အမျိုးအနွယ်ယဇ်ပုရောဟိတ်သည် လေဝိအမျိုးတို့နှင့်အတူရှိရမည်။ လေဝိအမျိုးတို့သည် ဆယ်ဖို့တစ်ဖို့ထဲမှ ဆယ်ဖို့တစ်ဖို့ကို ဘုရားသခင်၏အိမ်တော် သိုလှောင်တိုက်အခန်းများထဲသို့ ယူဆောင်လာရမည်။
ဧဗဒမေလက်သည်လည်း သူ၏လက်အောက်ငယ်သားတို့ကိုခေါ်ပြီး ဘုရင့်နန်းတော်ဘဏ္ဍာတိုက်အောက်သို့ဝင်၍ ထိုနေရာမှ အဝတ်စုတ်၊ အဝတ်ဟောင်းတို့ကိုယူပြီးလျှင် ထိုအဝတ်တို့ကို ယေရမိရှိရာတွင်းထဲသို့ ကြိုးနှင့်လျှောချပေး၏။
လေးနှစ်မြောက်၌ သီးသောအသီးရှိသမျှသည် ထာဝရဘုရားအဖို့ သန့်ရှင်းသောချီးမွမ်းရာပူဇော်သက္ကာဖြစ်ရမည်။
“အို ဇိအုန်သမီးပျို၊ ထ၍ တလင်းနယ်လော့။ ငါသည် သင့်အား သံဦးချိုနှင့် ကြေးဝါခွာကို ပေးမည်။ သင်သည် လူမျိုးများစွာတို့ကို ညက်ညက်ကြေအောင် နင်းနယ်လိမ့်မည်။ သင်သည် သူတို့၏မတရားသောအကျိုးစီးပွားကို ထာဝရဘုရားထံတော်သို့လည်းကောင်း၊ သူတို့၏ဥစ္စာပစ္စည်းတို့ကို မြေတစ်ပြင်လုံး၏အရှင်ထံသို့လည်းကောင်း ဆက်ကပ်လိမ့်မည်။”
သုံ့ပန်းများ၊ တိုက်ခိုက်သိမ်းယူသောပစ္စည်းများကို ဂျေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး၊ မောဘလွင်ပြင်တပ်စခန်းရှိ မောရှေ၊ ယဇ်ပုရောဟိတ်ဧလာဇာနှင့် အစ္စရေးအမျိုးသားလူထုတို့ထံသို့ ယူဆောင်လာကြ၏။
ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် ထိုငွေများကိုယူ၍ “သွေးဖိုးငွေဖြစ်သောကြောင့် ဘဏ္ဍာတိုက်ထဲသို့မသွင်းအပ်”ဟု ဆိုလျက်
ထို့နောက် ကိုယ်တော်သည် အလှူခံသေတ္တာဘက်သို့မျက်နှာမူလျက် ထိုင်တော်မူ၍ လူတို့သည် ကြေးဒင်္ဂါးကို အလှူခံသေတ္တာထဲသို့ ထည့်နေကြပုံကို ကြည့်ရှုတော်မူ၏။ ချမ်းသာသောသူများစွာတို့သည် အမြောက်အမြားထည့်ကြ၏။
အစ္စရေးလူမျိုးတို့ အပြစ်ပြုကြပြီ။ သူတို့အား ငါပညတ်ထားသည့် ပဋိညာဉ်ကို ချိုးဖောက်ကြပြီ။ သူတို့သည် ကျိန်ခြင်းခံရသောအရာကို ယူကြပြီ။ ထိုအရာတို့ကို ခိုးယူပြီး လိမ်ညာကြ၏။ မိမိတို့ပစ္စည်းတို့နှင့်အတူ ရောထားကြပြီ။