အာဗြဟံသည် အိုမင်းရင့်ရော်၍ သက်တမ်းစေ့သောအခါ နောက်ဆုံးထွက်သက်ထွက်၍သေဆုံးပြီး မိမိလူမျိုးတို့စုစည်းရာသို့ ရောက်လေ၏။
ယောရှု 23:1 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ထာဝရဘုရားသည် အစ္စရေးလူမျိုးအား ပတ်ဝန်းကျင်ရှိ ရန်သူအပေါင်းတို့၏ဘေးမှ ကာလအတန်ကြာ ကင်းငြိမ်းစေတော်မူ၏။ ယောရှုသည်လည်း အသက်အရွယ်ကြီးရင့်လာ၏။ Common Language Bible ကာလအတန်ကြာပြီးနောက်ထာဝရဘုရား သည် ဣသရေလအမျိုးသားတို့အား ပတ်ဝန်း ကျင်ရှိရန်သူများ၏ဘေးရန်မှကင်းငြိမ်း စေတော်မူ၏။ ယောရှုသည်လည်းအသက် အရွယ်အလွန်ကြီးရင့်လာပြီ။- Garrad Bible ကာ လ အ တန် ကြာ၍ ဣ သ ရေ လ အ မျိုး သား တို့ အား ပတ် ဝန်း ကျင် အ ရပ် ရပ် မှ ရန် ငြိမ်း ခွင့် ကို ထာ ဝ ရ ဘု ရား ပေး တော် မူ ပြီး နောက်၊ Judson Bible ထာဝရဘုရားသည် ပတ်ဝန်းကျင်နေသော ရန်သူအပေါင်းတို့လက်မှ ဣသရေလအမျိုးကို ကယ်လွှတ်၍၊ ငြိမ်သက်ခြင်းအခွင့်ကို ကြာမြင့်စွာသော ကာလပတ်လုံးပေးတော်မူပြီးမှ၊ ယောရှုသည် အသက်ကြီး၍ အိုမင်းသောအခါ၊ |
အာဗြဟံသည် အိုမင်းရင့်ရော်၍ သက်တမ်းစေ့သောအခါ နောက်ဆုံးထွက်သက်ထွက်၍သေဆုံးပြီး မိမိလူမျိုးတို့စုစည်းရာသို့ ရောက်လေ၏။
ဒါဝိဒ်မင်းကြီးသည် အသက်ကြီး၍အိုမင်းလာသောအခါ အနွေးထည်များ ဝတ်ပေးသော်လည်း မနွေးနိုင်တော့ပေ။
ဒါဝိဒ်မင်းကြီးက “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် မိမိလူမျိုးတော်တို့အား အေးချမ်းသာယာစွာနေစေမည်။ ကိုယ်တော်သည်လည်း ဂျေရုဆလင်မြို့တွင် အစဉ်စံနေတော်မူမည်။
နှစ်တစ်နှစ်တွင် တပ်ဖွဲ့အလိုက် ရှင်ဘုရင်၏အမှုကိစ္စအလုံးစုံကို တစ်လစီအလှည့်ကျထမ်းဆောင်သော အစ္စရေးအမျိုးသားတို့၏စာရင်းမှာ တပ်ဖွဲ့တစ်ဖွဲ့တွင် ဘိုးဘေးအိမ်ထောင်စုတို့၏အကြီးအမှူးများ၊ တပ်မှူးများ၊ လူတစ်ထောင်အုပ်၊ လူတစ်ရာအုပ်နှင့် သူတို့ကို ကြီးကြပ်အုပ်ချုပ်သောသူများ ပါဝင်၍ လူပေါင်းနှစ်သောင်းလေးထောင်ပါ၏။
အဘိယမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ဒါဝိဒ်မြို့တွင် သူ့ကို သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာသသည် သူ့အရိုက်အရာကို ဆက်ခံ၏။ အာသမင်းကြီးလက်ထက်တွင် ဆယ်နှစ်ပတ်လုံး တိုင်းပြည်အေးချမ်းသာယာလေ၏။
ယုဒမြို့ရွာတို့တွင် အထွတ်အမြတ်ထားရာနေရာများ၊ နံ့သာပေါင်းမီးရှို့ရာယဇ်ပလ္လင်များကိုလည်း ဖယ်ရှားပစ်၏။ သူ့လက်ထက်တွင် နိုင်ငံတော်အေးချမ်းသာယာလျက် ရှိ၏။
ယောရှဖတ်မင်းကြီး၏နိုင်ငံတော်ဝန်းကျင်အရပ်ရပ်တို့၌ သူ၏ဘုရားသခင်သည် ငြိမ်းချမ်းခြင်းကို ပေးတော်မူသဖြင့် နိုင်ငံတော်အေးချမ်းသာယာလျက်ရှိ၏။
ကိုယ်တော်သည် ကမ္ဘာမြေကြီးအစွန်းတိုင်အောင် စစ်ပွဲတို့ကိုအဆုံးသတ်စေတော်မူ၏။ လေးကိုချိုးလျက် လှံကိုအပိုင်းပိုင်းဖြတ်ကာ စစ်ရထားတို့ကို မီးဖြင့်ရှို့တော်မူ၏။
ချိုင့်ဝှမ်းထဲသို့ဆင်းလာနားသော တိရစ္ဆာန်ကဲ့သို့ ထာဝရဘုရား၏ဝိညာဉ်တော်သည် သူတို့ကို အနားယူစေတော်မူ၏။ ထိုနည်းတူ ကိုယ်တော်သည် နာမတော်ဘုန်းကြီးစေရန် လူမျိုးတော်ကို ဦးဆောင်တော်မူ၏။
“ယနေ့ ငါသည် အသက်တစ်ရာ့နှစ်ဆယ်ရှိပြီ။ မသွားမလာနိုင်တော့ပါ။ ထာဝရဘုရားကလည်း ‘သင်သည် ဤဂျော်ဒန်မြစ်ကိုမကူးရ’ဟု ငါ့အားမိန့်တော်မူပြီ။
မောရှေအား ထာဝရဘုရားမိန့်မှာခဲ့သည့်အတိုင်း ယောရှုသည် ပြည်တစ်ပြည်လုံးကို သိမ်းယူ၍ အစ္စရေးလူမျိုးတို့အား မျိုးနွယ်အလိုက် အမွေမြေအဖြစ် ခွဲဝေပေးလေ၏။ ထို့နောက်တွင် တစ်ပြည်လုံး စစ်ငြိမ်းလေ၏။
ယောရှု အသက်ကြီး၍ အိုမင်းလာသောအခါ ထာဝရဘုရားက သူ့အား “သင် အသက်ကြီး၍ အိုမင်းလာပြီ။ သို့သော် သိမ်းပိုက်ရမည့်ပြည် အများအပြားကျန်သေး၏။
ထာဝရဘုရားသည် သူတို့၏ဘိုးဘေးတို့အား ကျိန်ဆိုခဲ့သည့်အတိုင်း သူတို့နေလေရာရာ၌ အေးအေးချမ်းချမ်းနေထိုင်ရသောအခွင့်ကို ပေးတော်မူ၏။ သူတို့ရှေ့တွင် မည်သည့်ရန်သူမျှ မခံရပ်နိုင်။ ထာဝရဘုရားသည် သူတို့၏ရန်သူရှိသမျှကို သူတို့လက်သို့အပ်တော်မူ၏။
ယခုတွင်သင်တို့၏ဘုရားသခင်ထာဝရဘုရားကတိပေးခဲ့သည့်အတိုင်း သင်တို့၏ညီအစ်ကိုတို့အား အေးအေးချမ်းချမ်းနေထိုင်ရသောအခွင့်ကိုပေးတော်မူပြီ။ ထို့ကြောင့် သင်တို့သည်လည်း သင်တို့အား ထာဝရဘုရား၏အစေအပါးမောရှေပေးခဲ့သည့် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းရှိ သင်တို့ပိုင်ဆိုင်ရာပြည်၊ သင်တို့၏အိမ်ရှိရာသို့ပြန်သွားကြလော့။
ယခုမှာ ကြည့်ရှုလော့။ သင်တို့ကို ဦးဆောင်မည့် ရှင်ဘုရင်မှာ သူပင်ဖြစ်၏။ ငါမူကား အသက်ကြီး၍ ဆံပင်ဖြူလေပြီ။ ငါ့သားတို့လည်း သင်တို့နှင့်အတူရှိ၏။ ငါသည် ငယ်စဉ်မှစ၍ ယနေ့အထိ သင်တို့ကို ဦးဆောင်ပေးခဲ့ပြီ။