တရားဟော 31:2 - မြန်မာ့စံမီသမ္မာကျမ်း2 “ယနေ့ ငါသည် အသက်တစ်ရာ့နှစ်ဆယ်ရှိပြီ။ မသွားမလာနိုင်တော့ပါ။ ထာဝရဘုရားကလည်း ‘သင်သည် ဤဂျော်ဒန်မြစ်ကိုမကူးရ’ဟု ငါ့အားမိန့်တော်မူပြီ။ အခန်းကိုကြည့်ပါ။Common Language Bible2 ``ယခုငါသည်အသက်တစ်ရာ့နှစ်ဆယ်ရှိ ပြီဖြစ်၍ သင်တို့အားဆက်လက်ခေါင်းဆောင်နိုင် တော့မည်မဟုတ်။ ထို့အပြင်ငါသည်ယော်ဒန် မြစ်တစ်ဖက်သို့မကူးရဟုထာဝရဘုရား က ငါ့အားမိန့်ကြားတော်မူပြီ။- အခန်းကိုကြည့်ပါ။Garrad Bible2 ငါ သည် ယ နေ့ အ သက် တစ် ရာ့ နှစ် ဆယ် ပြည့်၍၊ ချီ ဝင် ခြင်း၊ ချီ ထွက် ခြင်း ကို ဆက် လက် ပြု နိုင် တော့ မည် မ ဟုတ်။ ထာ ဝ ရ ဘု ရား က လည်း ဤ ယော် ဒန် မြစ် ကို မ ကူး ရ ဟု မြစ် တား တော် မူ ပြီး ဖြစ် ၏။ အခန်းကိုကြည့်ပါ။Judson Bible2 ငါသည် ယနေ့ အသက်တစ်ရာနှစ်ဆယ်စေ့ပြီ။ သင်တို့ရှေ့မှာ ထွက်ဝင်ခြင်းငှာ နောက်တစ်ဖန် မတတ်နိုင်။ ထာဝရဘုရားကလည်း၊ သင်သည် ယော်ဒန်မြစ်ကို မကူးရဟု မိန့်တော်မူပြီ။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်တို့၏အသက်တာနှစ်ကာလသည် အနှစ်ခုနစ်ဆယ်ဖြစ်ပါ၏။ ကျန်းမာသန်စွမ်းလျှင် အနှစ်ရှစ်ဆယ်ဖြစ်နိုင်ပါ၏။ သို့သော် ထိုနှစ်ကာလတို့၏အကောင်းဆုံးအချိန်မှာပင် အခက်အခဲပြဿနာနှင့် ဆင်းရဲဒုက္ခမျှသာဖြစ်ပါ၏။ အကယ်စင်စစ် အချိန်တို့သည် လျင်မြန်စွာကုန်လွန်၍ အကျွန်ုပ်တို့သည် အဝေးသို့ပျံသန်းသွားကြပါ၏။
ထိုအခါ ဇေရုယာ၏သား အဘိရှဲသည် ဒါဝိဒ်မင်းကြီးကိုလာကူပြီး ထိုဖိလိတ္တိသူရဲကို တိုက်ခိုက်သတ်ဖြတ်လိုက်လေ၏။ ထို့နောက် ဒါဝိဒ်မင်းကြီး၏စစ်သည်တို့က သူ့အား “အစ္စရေးလူမျိုး၏ဆီမီး ငြိမ်းမသွားစေရန် နောက်နောင် အကျွန်ုပ်တို့နှင့်အတူ စစ်ပွဲရှိရာသို့ မလိုက်ပါနှင့်တော့”ဟု ဆိုလျက် ဒါဝိဒ်မင်းကြီးအား ကျိန်ဆိုစေ၏။