တစ်ညနေတွင် ဒါဝိဒ်မင်းကြီးသည် အိပ်ရာမှထလာပြီး ဘုရင့်နန်းတော်ခေါင်မိုးပြင်သို့တက်၍ စင်္ကြံလျှောက်နေစဉ် အလွန်အဆင်းလှသောမိန်းမတစ်ဦး ရေချိုးနေသည်ကို ထိုခေါင်မိုးပြင်မှ လှမ်းမြင်ရ၏။
ယောရှု 2:6 - မြန်မာ့စံမီသမ္မာကျမ်း ရာခပ်သည် ထိုသူတို့ကို ခေါင်မိုးပြင်သို့တက်စေပြီး ခေါင်မိုးပြင်၌ ဖြန့်ထားသောဗီသွာရိုးများအောက်၌ ဝှက်ထားနှင့်ပြီ။ Judson Bible သို့ဆိုသော်လည်း ထိုသူတို့ကို အိမ်အပေါ်သို့ တက်စေ၍၊ အမိုးပေါ်မှာဖြန့်ထားသော ပိုက်ဆန်ရိုးထဲ၌ ဝှက်ထားနှင့်ပြီ။ |
တစ်ညနေတွင် ဒါဝိဒ်မင်းကြီးသည် အိပ်ရာမှထလာပြီး ဘုရင့်နန်းတော်ခေါင်မိုးပြင်သို့တက်၍ စင်္ကြံလျှောက်နေစဉ် အလွန်အဆင်းလှသောမိန်းမတစ်ဦး ရေချိုးနေသည်ကို ထိုခေါင်မိုးပြင်မှ လှမ်းမြင်ရ၏။
ထိုအိမ်၏အိမ်ရှင်မက အဖုံးတစ်ခုကိုယူပြီး ရေတွင်းဝကို ပိတ်ကာ ထိုအပေါ်တွင် ဂျုံကို လှန်းထားလိုက်သဖြင့် မည်သူမျှ သတိမထားမိပေ။
ထာဝရဘုရား၏ပရောဖက်များကို ယေဇဗေလသတ်ခဲ့စဉ်က အကျွန်ုပ်မည်သို့ပြုပေးခဲ့သည်ကို အရှင်မကြားမိပါသလော။ အကျွန်ုပ်သည် ထာဝရဘုရား၏ပရောဖက်တစ်ရာကို ငါးဆယ်စီခွဲ၍ လိုဏ်ဂူထဲတွင် ဝှက်ထားခဲ့ပြီး အစာရေစာကိုလည်း ကျွေးမွေးခဲ့ပါ၏။
ထာဝရဘုရား၏ပရောဖက်များကို ယေဇဗေလသတ်ခဲ့စဉ်က ဩဗဒိသည် ပရောဖက်တစ်ရာကို ငါးဆယ်စီခွဲ၍ လိုဏ်ဂူထဲတွင် ဝှက်ထားခဲ့ပြီး အစာရေစာကိုလည်း ကျွေးမွေးခဲ့၏။
သို့သော် အာခဇိမင်းကြီး၏နှမဖြစ်သူ ယောရံမင်းကြီး၏သမီးတော်ယောရှေဘက အာခဇိမင်းကြီး၏သားတော်ယောရှကို အသတ်ခံရမည့်ဘုရင့်သားတော်များထဲမှ ခိုးယူ၍ အထိန်းတော်နှင့်အတူ အတွင်းခန်းထဲတွင်ဝှက်ထားသဖြင့် အာသလိရန်မှကင်း၍ အသတ်မခံရတော့ပေ။
ထိုမိန်းမသည် ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွား၏။ ထိုသားသည် အဆင်းလှကြောင်းကို မိခင်သိမြင်လျှင် သူ့ကိုသုံးလပတ်လုံးဝှက်ထား၏။
ရှင်ဘုရင်သည် သားတော်ယေရမေလ၊ အာဇရေလ၏သားစရာယနှင့် အာဗဒေလ၏သားရှေလမိတို့အား စာရေးတော်ကြီးဗာရုတ်နှင့်ပရောဖက်ယေရမိတို့ကို ဖမ်းဆီးရန် အမိန့်ပေး၏။ သို့သော် ထာဝရဘုရားသည် သူတို့ကို ဝှက်ထားတော်မူ၏။
လေသာဆောင်ပေါ်၌ရှိသောသူသည် မိမိအိမ်ထဲမှ ပစ္စည်းများကိုယူရန် အောက်သို့မဆင်းစေနှင့်။
တစ်စုံတစ်ယောက်သည် သင့်အိမ်ပေါ်မှပြုတ်ကျ၍ သင့်အိမ်၌လူသတ်သောအပြစ် မကျရောက်စေရန် သင်သည် အိမ်အသစ်ဆောက်သောအခါ သင်၏ခေါင်မိုးပြင်၌ အကာအရံလုပ်ရမည်။
အကြောင်းမှာ သင်တို့သည် သေဆုံးခဲ့ပြီဖြစ်၍ သင်တို့၏အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ဝှက်ထားလျက်ရှိ၏။
မောရှေဖွားမြင်သောအခါ အဆင်းလှသောသူငယ်ဖြစ်ကြောင်း သူ၏မိဘတို့မြင်သဖြင့် ရှင်ဘုရင်၏အမိန့်တော်ကိုပင်မကြောက်ဘဲ ယုံကြည်ခြင်းအားဖြင့် သူ့ကိုသုံးလပတ်လုံးဝှက်ထားကြ၏။
ထိုနည်းတူ ပြည့်တန်ဆာရာခပ်သည်လည်း စေတမန်တို့ကိုလက်ခံ၍ အခြားသောလမ်းဖြင့် လွှတ်လိုက်သောအခါ ထိုလုပ်ဆောင်မှုအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရသည်မဟုတ်လော။
ညဥ့်နက်တံခါးပိတ်ခါနီးတွင် သူတို့ထွက်သွားကြပါ၏။ အဘယ်အရပ်သို့သွားကြသည်ကို မသိပါ။ သူတို့နောက်သို့ အလျင်အမြန်လိုက်ကြပါလော့။ မီကောင်းမီနိုင်လိမ့်မည်”ဟု ဆိုလေ၏။
မင်းမှုထမ်းတို့သည် ဂျော်ဒန်မြစ်နံဘေးလမ်းအတိုင်း ရေတိမ်ပိုင်းအထိ ထိုသူတို့နောက်သို့ လိုက်ကြ၏။ မြို့ပြင်သို့ရောက်သည်နှင့် မြို့တံခါးလည်းပိတ်သွား၏။
ဂျေရိခေါမြို့ကိုစူးစမ်းရန် ယောရှုစေလွှတ်သောသူလျှိုတို့ကို ပြည့်တန်ဆာရာခပ်သည် ဝှက်ထားသောကြောင့် ယောရှုသည် ရာခပ်အပါအဝင် သူ့ဖခင်၏မိသားစုနှင့် သူ့အိမ်၌ရှိသောသူအပေါင်းတို့ကို အသက်ချမ်းသာခွင့်ပေးလေ၏။ ရာခပ်သည် ယနေ့တိုင်အောင် အစ္စရေးလူမျိုးတို့နှင့်အတူ နေထိုင်လေ၏။