Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 6:25 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 ဂျေရိခေါ​မြို့​ကို​စူးစမ်း​ရန် ယောရှု​စေလွှတ်​သော​သူလျှို​တို့​ကို ပြည့်တန်ဆာ​ရာခပ်​သည် ဝှက်ထား​သောကြောင့် ယောရှု​သည် ရာခပ်​အပါအဝင် သူ့​ဖခင်​၏​မိသားစု​နှင့် သူ့​အိမ်​၌​ရှိ​သော​သူ​အပေါင်း​တို့​ကို အသက်ချမ်းသာ​ခွင့်​ပေး​လေ​၏​။ ရာခပ်​သည် ယနေ့​တိုင်အောင် အစ္စရေး​လူမျိုး​တို့​နှင့်အတူ နေထိုင်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

25 ပြည့်​တန်​ဆာ​မ​ရာ​ခပ်​သည်​ယေ​ရိ​ခေါ​မြို့ အ​ခြေ​အ​နေ​ကို​ထောက်​လှမ်း​ရန် စေ​လွှတ်​လိုက် သော​သူ​နှစ်​ယောက်​တို့​ကို​ဝှက်​ထား​ခဲ့​ခြင်း ကြောင့် ယော​ရှု​သည်​သူ​နှင့်​သူ​၏​ဆွေ​မျိုး​အား လုံး​တို့​ကို​အ​သက်​ချမ်း​သာ​ပေး​၏။ (သူ​၏ အ​ဆက်​အ​နွယ်​တို့​သည်​ယ​နေ့​တိုင်​အောင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ​နေ ထိုင်​လျက်​ရှိ​ကြ​သည်။)

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 ယော ရှု သည် ယေ ရိ ခေါ မြို့ သို့ အ စူး အ စမ်း စေ လွှတ် သော တ မန် တို့ ကို ဝှက် ထား သူ ပြည် တန် ဆာ ရာ ခပ် နှင့် ဆွေ မျိုး သား ချင်း၊ ရှိ ရှိ သ မျှ အား အ သက် ချမ်း သာ ပေး သည် နှင့် အ ညီ ဣ သ ရေ လ အ မျိုး ဘောင် တွင် ယ နေ့ တိုင် အောင် နေ ရ ကြ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 ယော​ရှု​သည်​လည်း၊ ပြည့်​တန်​ဆာ​ရာ​ခပ်​နှင့် သူ့​ပေါက်​ဖော်၊ သူ၌​ရှိ​သ​မျှ​တို့​ကို အ​သက်​ချမ်း​သာ​ပေး၍၊ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ယ​နေ့​တိုင်​အောင် နေ​ရ​လေ၏။ အ​ကြောင်း​မူ​ကား၊ ယေ​ရိ​ခေါ​မြို့​ကို စူး​စမ်း​စေ​ခြင်း​ငှာ၊ ယော​ရှု​စေ​လွှတ်​သော တ​မန်​တို့​ကို သူ​သည်​ဝှက်​ထား​သော​ကြောင့်​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 6:25
11 ပူးပေါင်းရင်းမြစ်များ  

စာလမုန်​သည် ရာခပ်​အားဖြင့် သား​ဗောဇ​ကို​ရ​၏။ ဗောဇ​သည် ရုသ​အားဖြင့် သား​ဩဗက်​ကို​ရ​၏။ ဩဗက်​သည် သား​ယေရှဲ​ကို​ရ​၏။


ထိုအခါ ထာဝရ​ဘုရား​၏​နာမ​တော်​ကို ပတ္ထနာ​ပြု​သော​သူ​အပေါင်း​တို့​သည် ကယ်တင်​ခြင်း​ခံရ​ကြ​လိမ့်မည်’​ဟူ၍ ဖြစ်​၏။


ပြည့်တန်ဆာ​ရာခပ်​သည် ယုံကြည်​ခြင်း​အားဖြင့် သူလျှို​တို့​ကို ငြိမ်းချမ်း​စွာ​လက်ခံ​သောကြောင့် မ​ယုံကြည်​သော​သူ​တို့​နှင့်အတူ​မ​ပျက်စီး​ခဲ့​ရ​ပေ။


ထိုနည်းတူ ပြည့်တန်ဆာ​ရာခပ်​သည်​လည်း စေတမန်​တို့​ကို​လက်ခံ​၍ အခြား​သော​လမ်း​ဖြင့် လွှတ်​လိုက်​သောအခါ ထို​လုပ်ဆောင်​မှု​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​သည်​မ​ဟုတ်​လော။


နုန်​၏​သား​ယောရှု​သည် သူလျှို​နှစ်ဦး​ကို ရှိတ္တိမ်​အရပ်​မှ တိတ်တဆိတ်​စေလွှတ်​၍ “​ခါနာန်​ပြည်​၊ ဂျေရိခေါ​မြို့​ကို သွား​၍​စူးစမ်း​ကြ​လော့​”​ဟု မှာလိုက်​၏​။ သူ​တို့​လည်း သွား​၍ ရာခပ်​အမည်​ရှိ​သော​ပြည့်တန်ဆာမ​၏​အိမ်​သို့​ဝင်​၍ ညအိပ်​ကြ​၏​။


ဤ​ပြည်​သို့ ငါ​တို့​ရောက်လာ​သောအခါ ဤ​ကြိုးနီ​ကို ငါ​တို့​လျှောဆင်း​လာ​ခဲ့​သော​ပြတင်းပေါက်​၌ ချည်​ထား​ရ​မည်​။ သင်​၏​မိဘ​၊ ညီအစ်ကို​မောင်နှမ​တို့​နှင့် ဆွေမျိုးသားချင်း​အားလုံး​ကို သင့်​အိမ်​၌ ခေါ်ထား​ရ​မည်​။


ရာခပ်​သည် ထို​သူ​နှစ်​ယောက်​ကို ဝှက်​ထား​နှင့်​ပြီး​ဖြစ်၍ မင်းမှုထမ်း​တို့​အား “​ထို​သူ​တို့​သည် ကျွန်မ​ထံသို့​ရောက်လာ​ကြ​သည်​မှာ မှန်​ပါ​၏​။ သို့ရာတွင် သူ​တို့ အဘယ်​က​လာ​ကြ​သည်​ကို ကျွန်မ မ​သိ​ပါ​။


ရာခပ်​သည် ထို​သူ​တို့​ကို ခေါင်မိုးပြင်​သို့​တက်​စေ​ပြီး ခေါင်မိုးပြင်​၌ ဖြန့်​ထား​သော​ဗီသွာရိုး​များ​အောက်​၌ ဝှက်​ထား​နှင့်​ပြီ​။


ယောရှု​သည် ပဋိညာဉ်​သေတ္တာ​ကို ထမ်း​ရ​သော​ယဇ်ပုရောဟိတ်​တို့​ခြေချ​သော​နေရာ​ဖြစ်​သော ဂျော်ဒန်​မြစ်​အလယ်​၌ ကျောက်တုံး​တစ်ဆယ့်​နှစ်​တုံး​ကို ချ​ထား​လေ​၏​။ ထို​ကျောက်တုံး​တို့​သည် ယနေ့​တိုင်အောင် ထို​နေရာ​၌​ရှိ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ