အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယော​ရှု 18:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို​နယ်နိမိတ်​သည် ရေဖိမ်​ချိုင့်ဝှမ်း​မြောက်ဘက်​ရှိ ဗင်ဟိန္နုံ​ချိုင့်ဝှမ်း​နှင့်​မျက်နှာချင်းဆိုင် တောင်​ခြေ​သို့​ရောက်​ပြီး ဟိန္နုံ​ချိုင့်ဝှမ်း​သို့ ဆင်းသွား​၏​။ ထိုမှ တောင်ဘက်​ယေဗုသိ​တောင်စောင်း​အတိုင်း အင်္ရောဂေလ​အရပ်​သို့ ဆင်းသွား​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​နောက်​ရေ​ဖိမ်​ချိုင့်​ဝှမ်း​မြောက်​ဘက်​ရှိ​ဟိန္နုံ ချိုင့်​ဝှမ်း​အ​နီး​တောင်​ခြေ​သို့​ရောက်​သည်။ တစ် ဖန်​ယေ​ဗု​သိ​တောင်​တန်း​တောင်​ဘက်​ရှိ​ဟိန္နုံ ချိုင့်​ဝှမ်း​ကို​ဖြတ်​၍​တောင်​ဘက်​အင်္ရော ဂေ​လ​ရွာ​သို့​ရောက်​သည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ဟိ န္နုံ ချိုင့် ရှေ့၊ ရေ ဖိမ့် ချိုင့် မြောက် ဘက် ရှိ တောင် ခြေ ရင်း သို့ လာ၍၊ ဟိ န္နုံ ချိုင့် ဖြင့် ယေ ဗု သိ တောင် စောင်း တောင် ဘက် သို့ လည်း ကောင်း၊ အင်္ရော ဂေ လ စမ်း ရေ သို့ လည်း ကောင်း၊ ဆင်း ပြီး နောက်

အခန်းကိုကြည့်ပါ။

Judson Bible

ဟိ​န္နုံ​သား၏​ချိုင့်​ရှေ့​မှာ၊ ရေ​ဖိမ်​ချိုင့်​မြောက်​ဘက်၌​ရှိ​သော တောင်​ခြေ​ရင်း​သို့​လာ၍ ယေ​ဗု​သိ​မြို့​တောင်​ဘက် ဟိ​န္နုံ​ချိုင့်​သို့​လည်း​ကောင်း၊ အင်္ရော​ဂေ​လ​ရွာ​သို့​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။



ယော​ရှု 18:16
19 ပူးပေါင်းရင်းမြစ်များ  

ယောနသန်​နှင့် အဟိမတ်​တို့​သည် မြို့​တွင်း​သို့​ဝင်​ပြီး လူ​မြင်​ခံ​၍​မ​ရ​သဖြင့် အင်္ရောဂေလ​အရပ်​တွင် နေ​နေ​၏​။ သတင်း​ရရှိ​သော​အစေခံမလေး​တစ်​ဦး​က သူ​တို့​အား လာ​ပြောပြ​သောအခါ သူ​တို့​သည်​လည်း ဒါဝိဒ်​မင်းကြီး​အား သွား​ပြောပြ​ကြ​၏​။


ဖိလိတ္တိ​စစ်သည်​တို့​သည် ချီလာ​၍ ရေဖိမ်​ချိုင့်ဝှမ်း​တွင် တပ်ဖြန့်​နေရာယူ​ကြ​လေ​၏​။


အဒေါနိယ​သည် ဘုရင့်​သား​တော်​ဖြစ်​သော မိမိ​ညီအစ်ကို​အပေါင်း​တို့​နှင့် ခမည်းတော်​၏​အမှုထမ်း​များ​ဖြစ်​သော ယုဒ​အမျိုးသား​အပေါင်း​တို့​ကို ဖိတ်ခေါ်​ပြီး အင်္ရောဂေလ​အရပ်​နှင့်​နီး​သော ဇောဟေလက်​ကျောက်ဖျာ​ပေါ်တွင် သိုး​၊ နွား​နှင့် ဆူဖြိုး​သော​အကောင်​တို့​ကို ယဇ်ပူဇော်​၏​။


ရှင်ဘုရင်​သည် ဗင်ဟိန္နုံ​ချိုင့်ဝှမ်း​ရှိ​တောဖက်​အရပ်​ကို​လည်း မစင်ကြယ်​အောင် လုပ်လိုက်​သဖြင့် ထို​နေရာ​တွင် မည်သူ​မျှ မိမိ​သား​သမီး​ကို မောလုတ်​ဘုရား​ထံ မီးရှို့ပူဇော်​၍​မ​ရ​တော့​ချေ​။


ဖိလိတ္တိ​စစ်သည်​တို့​သည် ချီလာ​၍ ရေဖိမ်​ချိုင့်ဝှမ်း​ကို ဝင်ရောက်​တိုက်ခိုက်​ကြ​၏​။


သူ​သည် ဗင်ဟိန္နုံ​ချိုင့်ဝှမ်း​တွင် နံ့သာပေါင်း​ကို​မီးရှို့ပူဇော်​၏​။ အစ္စရေး​အမျိုးသား​တို့​ရှေ့​မှ ထာဝရဘုရား​နှင်ထုတ်​တော်မူ​သော​လူမျိုးခြား​တို့​၏​စက်ဆုပ်ရွံရှာဖွယ်​ဓလေ့​များ​အတိုင်း ကိုယ့်​သား​များ​ကို​ပင် မီးရှို့​ပူဇော်​ခဲ့​၏​။


ဗင်ဟိန္နုံ​ချိုင့်ဝှမ်း​တွင် မိမိ​သား​တို့​ကို​လည်း မီးရှို့ပူဇော်​၏​။ ဗေဒင်အတတ်​၊ ဟူးရားအတတ်​၊ မှော်အတတ်​တို့​ကို လိုက်စား​သည်​သာမက နတ်ဝင်သည်​၊ နတ်ထိန်းသည်​တို့​အား မေးမြန်း​သော​အလေ့အထ​ကို​လည်း ကျင့်သုံး​၏​။ ဤသို့​မကောင်းမှု​များ​ကို​ပြု​လျက် ထာဝရဘုရား​ကို အမျက်ထွက်​စေ​၏​။


အကယ်စင်စစ် တောဖက်​အရပ်​ကို ရှေးယခင်​ကပင် ပြင်ဆင်​ထား​လေ​ပြီ​။ ထို​အရပ်​ကို ရှင်ဘုရင်​အတွက် အဆင်သင့်​ဖြစ်စေ​ပြီ​။ ထို​အရပ်​သည် နက်​၍​ကျယ်ဝန်း​ပြီး မီးရှို့​ရန်​ထင်း​အမြောက်အမြား​ပုံထား​၏​။ ထာဝရဘုရား​၏​ထွက်သက်လေ​သည် ကန့်ရည်စီးကြောင်း​ကဲ့သို့​ထွက်လာ​၍ ထို​အရပ်​ကို မီးစွဲလောင်​စေ​မည်​။


သူ​တို့​အား ‘ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က အိုးထိန်းသည် ပြန်​ဆက်စပ်​၍​မ​ရ​နိုင်​အောင် မြေအိုး​ကို​ခွဲ​သကဲ့သို့ ဤ​လူမျိုး​နှင့်​ဤ​မြို့​ကို ငါ​ခွဲ​မည်​။ တောဖက်​အရပ်​၌ နေရာလပ်​မ​ရှိ​တော့​သည့်​တိုင်အောင် သူ​တို့​သည် သင်္ဂြိုဟ်​ခြင်း​ခံရ​ကြ​လိမ့်မည်​ဟု မိန့်​တော်မူ​ပြီ​။


အိုးခြမ်းပဲ့​တံခါး​နား​ရှိ ဗင်ဟိန္နုံ​ချိုင့်ဝှမ်း​သို့​သွား​၍ သင့်​အား ငါ​မိန့်မှာ​သော​စကား​တို့​ကို ထို​အရပ်​၌​ကြွေးကြော်​လော့​။


သို့ဖြစ်၍ ထာဝရဘုရား​က ထို​အရပ်​ကို တောဖက်​အရပ်​ဟူ၍​လည်းကောင်း​၊ ဗင်ဟိန္နုံ​ချိုင့်ဝှမ်း​ဟူ၍​လည်းကောင်း မ​ခေါ်​တော့​ဘဲ ကွပ်မျက်​ရာ​ချိုင့်ဝှမ်း​ဟု ခေါ်​ရ​သော​နေ့ရက် ရောက်လာ​လိမ့်မည်​။


ငါ​မ​မိန့်မှာ​ခဲ့​၊ စိတ်​ပင်​မ​ကူး​ခဲ့​ဘဲ​လျက် ရွံရှာဖွယ်​အမှု​ဖြစ်​သည့် ဗင်ဟိန္နုံ​ချိုင့်ဝှမ်း​၌ ဗာလ​ကုန်းမြင့်​ကို​တည်​ခြင်း​၊ သူ​တို့​၏​သား​သမီး​များ​ကို မောလုတ်​ဘုရား​အား​ပူဇော်​ခြင်း​ကို ပြု​ကြ​၏​။ ဤသို့ဖြင့် ယုဒ​အမျိုး​တို့​ကို အပြစ်​ဖြစ်​စေ​ကြ​ပြီ’​ဟု မိန့်​တော်မူ​၏​။


ယုဒ​အမျိုးသား​တို့​သည် ဂျေရုဆလင်​မြို့​၌​နေထိုင်​သော​ယေဗုသိ​လူမျိုး​တို့​ကို နှင်ထုတ်​၍​မ​ရ​သဖြင့် ယနေ့​တိုင်အောင် ယေဗုသိ​လူမျိုး​တို့​နှင့်အတူ ဂျေရုဆလင်​မြို့​တွင် နေထိုင်​ကြ​၏​။


ဇေလ​မြို့​၊ ဧလပ်​မြို့​၊ ဂျေရုဆလင် ခေါ် ယေဗုသိ​မြို့​၊ ဂိဗာ​မြို့​၊ ကိရယတ်​မြို့ စသည့်​မြို့​ပေါင်း တစ်ဆယ့်​လေး​မြို့​နှင့်​ရွာ​များ ပါ​၏​။ ဤသည်ကား ဗင်္ယာမိန်​အမျိုးသား​တို့ မျိုးနွယ်စု​အလိုက် ရရှိ​သော​အမွေမြေ​ဖြစ်​၏​။


ဗင်္ယာမိန်​အမျိုးသား​တို့​သည် ဂျေရုဆလင်​မြို့သား ယေဗုသိ​လူမျိုး​တို့​ကို မ​နှင်ထုတ်​ခဲ့​သဖြင့် ယေဗုသိ​လူမျိုး​တို့​သည် ဗင်္ယာမိန်​အမျိုးသား​တို့​နှင့်အတူ ယနေ့​တိုင်အောင် ဂျေရုဆလင်​မြို့​တွင် နေထိုင်​ကြ​လေ​၏​။


ယုဒ​အမျိုးသား​တို့​သည် ဂျေရုဆလင်​မြို့​ကို တိုက်ခိုက်​သိမ်းပိုက်​ကြ​၏​။ မြို့သား​တို့​ကို ဓား​ဖြင့် လုပ်ကြံ​၍ မြို့​ကို မီးရှို့​ပစ်​ကြ​၏​။


သို့သော် ထို​သူ​သည် နောက်တစ်ည​မ​နေ​လို​တော့​သဖြင့် မြည်း​နှစ်​ကောင်​ကို ကုန်းနှီးတင်​ပြီးလျှင် မယားငယ်​နှင့်တကွ ထွက်လာ​ခဲ့​ရာ ဂျေရုဆလင် ခေါ် ယေဗုတ်​မြို့​သို့ ဦးတည်​၍ ခရီး​ထွက်လာ​ခဲ့​၏​။