ဤဘုရင်ငါးပါးစလုံးသည် ဆားပင်လယ်တည်းဟူသော စိဒ္ဒိမ်ချိုင့်ဝှမ်း၌ မဟာမိတ်ဖွဲ့ကြ၏။
ယောရှု 15:2 - မြန်မာ့စံမီသမ္မာကျမ်း တောင်ဘက်နယ်နိမိတ်မှာ ဆားပင်လယ်အစွန်း၊ တောင်ဘက်ပင်လယ်အော်မှ Common Language Bible တောင်ဘက်နယ်နိမိတ်သည်ပင်လယ်သေတောင် ဘက်စွန်းမှစ၍ တောင်ဘက်ရှိအကရဗ္ဗိမ် တောင်ကြားကိုဖြတ်ပြီးလျှင်ဇိနမြို့အထိ ရောက်သည်။ ထိုမှတစ်ဖန်ကာဒေရှဗာနာမြို့ ၏တောင်ဘက်သို့သွား၍ဟေဇရုန်မြို့ကိုဖြတ် လျက်အာဒါမြို့ဘက်သို့တက်ပြီးလျှင် ကာ ကာမြို့ဘက်သို့ကွေ့ပြီးနောက်အဇမုန်မြို့ သို့ရောက်လေသည်။ ထိုနောက်အီဂျစ်ပြည်နယ် စပ်ရှိချောင်းကိုလိုက်၍မြေထဲပင်လယ်တွင် အဆုံးသတ်သည်။ ဤကားယုဒနယ်မြေ၏ တောင်ဘက်နယ်နိမိတ်ဖြစ်သတည်း။ Garrad Bible တောင် အ လား ကား၊ ရေ ငံ အိုင် တောင် ဘက် အ ကွေ့ က စ၍၊ Judson Bible တောင်ဘက်အပိုင်းအခြားသည် သောဒုံအိုင်၌ တောင်အကွေ့မှထွက်၍၊ |
ဤဘုရင်ငါးပါးစလုံးသည် ဆားပင်လယ်တည်းဟူသော စိဒ္ဒိမ်ချိုင့်ဝှမ်း၌ မဟာမိတ်ဖွဲ့ကြ၏။
ထာဝရဘုရားသည် အီဂျစ်ပင်လယ်ကွေ့ကို အကုန်အစင်ဖျက်ဆီးတော်မူမည်။ ယူဖရေးတီးမြစ်အပေါ်ကိုလည်း ပြင်းထန်သောလေနှင့်အတူ လက်တော်ကိုဝှေ့ယမ်းတော်မူ၍ ထိုမြစ်ကို ချောင်းခုနစ်သွယ်ဖြစ်အောင်ရိုက်တော်မူသဖြင့် လူတို့သည် ဖိနပ်စီးလျက် ဖြတ်သွားကြလိမ့်မည်။
အရှေ့ဘက်ခြမ်းတွင် ဟောရန်မြို့နှင့်ဒမတ်စကပ်မြို့ကြား၊ ဂျော်ဒန်မြစ်တစ်လျှောက် ဂိလဒ်ပြည်နှင့်အစ္စရေးပြည်ကြားမှ မြေထဲပင်လယ်အရှေ့ဘက်နယ်နိမိတ်တိုင်အောင် တိုင်းတာရမည်။ ဤသည်ကား အရှေ့ဘက်နယ်နိမိတ်ဖြစ်၏။
ထိုသူက ငါ့အား “ဤမြစ်ရေသည် အရှေ့ဘက်အရပ်သို့ဦးတည်ပြီး အရာဗလွင်ပြင်ကိုဖြတ်ကာ ပင်လယ်ထဲသို့ စီးဝင်သွား၏။ ပင်လယ်ထဲသို့ ရောက်သွားသောအခါ ပင်လယ်ရေသည် ရေချိုဖြစ်သွား၏။
တောင်ဘက်ခြမ်းသည် ဧဒုံပြည်နယ်စပ်တစ်လျှောက်ရှိ ဇိနတောကန္တာရမှစရမည်။ တောင်ဘက်နယ်နိမိတ်သည် အရှေ့ဘက်တွင် ဆားပင်လယ်အစွန်းမှစရမည်။
ယုဒအမျိုးအနွယ်သည် မဲချ၍မျိုးနွယ်စုအလိုက် ရသောအမွေမြေမှာ ဤသို့ဖြစ်၏။ တောင်ဘက်စွန်းရှိ ဇိနတောကန္တာရမှ ဧဒုံနယ်နိမိတ်အထိဖြစ်၏။
အကရဗ္ဗိမ်တောင်ကုန်းရှိရာတောင်ဘက်သို့ ကွေ့သွားပြီး ဇိနတောကိုဖြတ်သွားကာ ကာဒေရှဗာနာတောင်ဘက်သို့ တက်သွား၏။ ထိုမှ ဟေဇရုန်အရပ်ကိုကျော်၍ အာဒါအရပ်သို့ တက်သွားပြီး ကာကာအရပ်သို့ရောက်၏။
အထက်မှစီးဆင်းလာသောရေသည် ရပ်၍ အလှမ်းဝေးသောဇာရတန်မြို့အနီးရှိအာဒံမြို့အထိ တစ်ဖက်တည်း၌စုပုံလျက် တန့်နေ၏။ အရာဗပင်လယ်ဟုခေါ်သော ဆားပင်လယ်တိုင်အောင် စီးဆင်းသောရေသည် လုံးလုံးပြတ်သွား၏။ လူတို့သည်လည်း တစ်ဖက်ကမ်းရှိ ဂျေရိခေါမြို့သို့ ကူးသွားကြ၏။