တစ်ဖန် နယ်နိမိတ်သည် ဧကြုန်မြောက်ဘက်တောင်စောင်းတစ်လျှောက် တက်သွား၏။ ထိုမှ နယ်နိမိတ်သည် ရှိကြုန်အရပ်သို့ကွေ့သွားပြီး ဗာလာတောင်ကိုဖြတ်၍ ယာဗနေလအရပ်သို့ဆက်သွား၏။ ထိုမှ နယ်နိမိတ်သည် ပင်လယ်၌ဆုံးလေ၏။
ထိုနောက်ဧကြုန်မြို့မြောက်ဘက်ရှိတောင်သို့ ရောက်ပြီးလျှင် ရှိကြုန်မြို့ဘက်သို့လှည့်၍ ဗာလာတောင်ကိုလွန်လျက်ယာဗနေလမြို့ သို့ရောက်သည်။ ထိုနောက်အနောက်ဘက်နယ် နိမိတ်ဖြစ်သောမြေထဲပင်လယ်တွင်အဆုံး သတ်သည်။ ယုဒအနွယ်ဝင်မိသားစုတို့သည်ဖော်ပြ ပါနယ်နိမိတ်များအတွင်း၌နေထိုင်ကြ သည်။
ဧ ကြုန် တောင် စောင်း မြောက် ဘက် အ ထိ ၎င်း မှ ရှိ ကြုန် မြို့၊ ဗာ လာ တောင်၊ ယာ ဗ နေ လ မြို့ များ သို့ ရောက်၍ ပင် လယ်၌ ဆုံး သ တည်း။
ဧကြုန်မြို့ မြောက်ဘက်နားမှာလျှောက်လျက် ရှိကြုန်ရွာသို့လည်းကောင်း၊ ဗာလာတောင်သို့လည်းကောင်း၊ ယာဗနေလရွာသို့လည်းကောင်း၊ ရောက်၍ ပင်လယ်၌ဆုံးလေ၏။
ဧလိယက ရှင်ဘုရင်အား “ထာဝရဘုရားက ‘သင်သည် တမန်ကိုစေလွှတ်၍ ဧကြုန်ဘုရားဗာလဇေဗုပ်ကို မေးမြန်းစေသည်မှာ အစ္စရေးပြည်၌ မေးမြန်းစရာ ဘုရားသခင် မရှိသလော။ ထို့ကြောင့် သင်လဲလျောင်းရာသလွန်မှ ပြန်ထရမည်မဟုတ်။ သင်မုချသေရမည်’ဟူ၍ မိန့်တော်မူပြီ”ဟု ဆင့်ဆို၏။
တမန်တို့ကလည်း “လူတစ်ယောက်က အကျွန်ုပ်တို့ကို လာတွေ့ပြီး ‘သင်တို့ကိုစေလွှတ်လိုက်သော ရှင်ဘုရင်ထံပြန်သွား၍ သူ့အား ထာဝရဘုရားက ဧကြုန်ဘုရားဗာလဇေဗုပ်ကို သွားမေးစေသည်မှာ အစ္စရေးပြည်၌ ဘုရားသခင် မရှိသလော။ ထို့ကြောင့် သင်လဲလျောင်းရာသလွန်မှ ပြန်ထရမည်မဟုတ်။ သင်မုချသေရမည်ဟု မိန့်တော်မူကြောင်း ပြန်လျှောက်လော့’ဟူ၍ ဆိုပါ၏”ဟု လျှောက်တင်ကြ၏။
သူသည် ဖိလိတ္တိလူမျိုးတို့ကို ချီတက်တိုက်ခိုက်ပြီး ဂါသမြို့ရိုး၊ ယာဗနေမြို့ရိုး၊ အာဇုတ်မြို့ရိုးတို့ကို ဖြိုဖျက်၏။ အာဇုတ်မြို့ဝန်းကျင်နှင့် ဖိလိတ္တိပြည်အတွင်းရှိ မြို့ရွာများကို ပြန်လည်တည်ဆောက်၏။
အနောက်ဘက်နယ်နိမိတ်သည် မြေထဲပင်လယ်နှင့်ကမ်းရိုးတန်းတို့ဖြစ်ရမည်။ ဤသည်ကား သင်တို့အဖို့ အနောက်ဘက်နယ်နိမိတ်ဖြစ်မည်။
တစ်ဖန် နယ်နိမိတ်သည် ဗာလာအရပ်မှ စိရတောင်ရှိရာအနောက်ဘက်သို့ကွေ့သွား၏။ ထိုမှ ခေသလုန် ခေါ် မြောက်ဘက်ယာရိမ်တောင်စောင်းတစ်လျှောက်ကိုဖြတ်၍ ဗက်ရှေမက်မြို့သို့ဆင်းလာပြီး တိမနတ်မြို့ကို ဖြတ်သွား၏။
အနောက်ဘက်နယ်နိမိတ်သည် မြေထဲပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ဖြစ်၏။ ဤရွေ့ကား ယုဒအမျိုးသားတို့ မျိုးနွယ်စုအလိုက် ရရှိသောနယ်မြေအပိုင်းအခြားဖြစ်၏။
ဧကြုန်မြို့နှင့် ထိုမြို့ဝန်းကျင်ရှိမြို့ရွာများ၊
တစ်ဖန် နယ်နိမိတ်သည် ထိုတောင်ထိပ်မှ နေဖတောစမ်းရေတွင်းသို့ ကွေ့သွား၍ ဧဖရုန်တောင်ရှိ မြို့များသို့ရောက်၏။ ထိုမှ နယ်နိမိတ်သည် ကိရယတ်ယာရိမ် ခေါ် ဗာလာအရပ်သို့ ကွေ့သွား၏။
ယုဒအမျိုးတို့သည် ဂါဇမြို့နှင့်ထိုမြို့၏နယ်မြေ၊ အာရှကေလုန်မြို့နှင့် ထိုမြို့၏နယ်မြေ၊ ဧကြုန်မြို့နှင့် ထိုမြို့၏နယ်မြေ စသည်တို့ကို သိမ်းပိုက်လေ၏။
ထိုအခါ အစ္စရေးအမျိုးသားနှင့်ယုဒအမျိုးသားတို့သည် ထ၍ကြွေးကြော်လျက် ဖိလိတ္တိလူမျိုးတို့ကို ချိုင့်ဝှမ်းတိုင်အောင်လည်းကောင်း၊ ဧကြုန်မြို့တံခါးတိုင်အောင်လည်းကောင်း လိုက်လံတိုက်ခိုက်ကြရာ အသတ်ခံရသောဖိလိတ္တိလူမျိုးတို့သည် ရှာရိမ်မြို့မှစ၍ ဂါသမြို့နှင့်ဧကြုန်မြို့တိုင်အောင် လမ်းတစ်လျှောက်တွင် လဲကျလျက်ရှိနေကြ၏။
ထို့ကြောင့် ဘုရားသခင်၏သေတ္တာတော်ကို ဧကြုန်မြို့သို့ပို့လိုက်ပြန်၏။ ထိုသို့ ဘုရားသခင်၏သေတ္တာတော်သည် ဧကြုန်မြို့သို့ ရောက်လာသောအခါ ဧကြုန်မြို့သားတို့က “ငါတို့နှင့် ငါတို့လူမျိုးကိုသတ်ဖြတ်ရန် အစ္စရေးလူမျိုးတို့၏ဘုရားသခင့်သေတ္တာတော်ကို ငါတို့ထံ ပို့လိုက်လေပြီတကား”ဟု အော်ဟစ်ကြ၏။
ထို့ကြောင့် သူတို့သည် လူလွှတ်၍ ဖိလိတ္တိမင်းအပေါင်းတို့ကို ခေါ်ယူစုဝေးစေပြီးလျှင် “အကျွန်ုပ်တို့သည် အစ္စရေးလူမျိုးတို့၏ဘုရားသခင့်သေတ္တာတော်ကို မည်သို့ပြုရပါမည်နည်း”ဟု မေးကြ၏။ ထိုအခါ သူတို့က “အစ္စရေးလူမျိုးတို့၏ဘုရားသခင့်သေတ္တာတော်ကို ဂါသမြို့သို့ ပို့လိုက်ပါ”ဟု ဆိုကြ၏။ ထို့ကြောင့် သူတို့သည် အစ္စရေးလူမျိုးတို့၏ဘုရားသခင့်သေတ္တာတော်ကို ပို့လိုက်ကြ၏။
အစ္စရေးလူမျိုးတို့ထံမှ ဖိလိတ္တိလူမျိုးတို့ သိမ်းပိုက်ခဲ့သောမြို့များကို ဧကြုန်မြို့မှစ၍ ဂါသမြို့တိုင်အောင် အစ္စရေးလူမျိုးတို့ ပြန်လည်ရရှိကြ၏။ ဖိလိတ္တိလူမျိုးတို့လက်မှ အစ္စရေးလူမျိုးတို့အပိုင် နယ်မြေများကို ပြန်လည်ရရှိကြ၏။ အစ္စရေးလူမျိုးတို့သည် အာမောရိလူမျိုးတို့နှင့်လည်း သင့်မြတ်ခြင်းရှိလေ၏။