Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ 5:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ထို့ကြောင့် သူ​တို့​သည် လူ​လွှတ်​၍ ဖိလိတ္တိ​မင်း​အပေါင်း​တို့​ကို ခေါ်ယူ​စုဝေး​စေ​ပြီးလျှင် “​အကျွန်ုပ်​တို့​သည် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင့်​သေတ္တာ​တော်​ကို မည်သို့​ပြု​ရ​ပါ​မည်နည်း​”​ဟု မေး​ကြ​၏​။ ထိုအခါ သူ​တို့​က “​အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင့်​သေတ္တာ​တော်​ကို ဂါသ​မြို့​သို့ ပို့လိုက်​ပါ​”​ဟု ဆို​ကြ​၏​။ ထို့ကြောင့် သူ​တို့​သည် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင့်​သေတ္တာ​တော်​ကို ပို့လိုက်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ထို့​ကြောင့်​သူ​တို့​သည်​ဖိ​လိတ္တိ​ဘု​ရင်​ငါး​ပါး တို့​ထံ​စေ​တ​မန်​များ​လွှတ်​၍​ဖိတ်​ခေါ်​ပြီး လျှင်``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကိုး​ကွယ် သော​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ငါ တို့​အ​ဘယ်​သို့​ပြု​ရ​ကြ​မည်​နည်း'' ဟု​မေး ကြ​၏။ ဘု​ရင်​တို့​က``ဂါ​သ​မြို့​သို့​ပင့်​ဆောင်​သွား ကြ​လော့'' ဟု​ဆို​သ​ဖြင့်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​အ​ခြား​ဖိ​လိတ္တိ​မြို့​တစ်​မြို့​ဖြစ် သော​ဂါ​သ​မြို့​သို့​ပင့်​ဆောင်​သွား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ဖိ လိ တ္တိ မင်း အ ပေါင်း တို့ လာ ရောက် စု ရုံး စေ ပြီး မှ ဣ သ ရေ လူ မျိုး၏ ဘု ရား သ ခင့် သေ တ္တာ တော် ကို မည် သို့ ပြု ရ အံ့ နည်း ဟု မေး မြန်း ကြ သော်၊ မင်း တို့ က ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင့် သေ တ္တာ တော် ကို ဂါ သ မြို့ သို့ ရွှေ့ ထား ပါ စေ ဟု ဆုံး ဖြတ် သည့် အ တိုင်း ရွှေ့ ထား ကြ ပြီး လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 လူ​ကို​စေ​လွှတ်၍ ဖိ​လိ​တ္တိ​မင်း​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင့် သေ​တ္တာ​တော်​ကို အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း​ဟု မေး​ကြ၏။ မင်း​များ​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင့်​သေ​တ္တာ​တော်​ကို ဂါ​သ​မြို့​သို့ ဆောင်​သွား​စေ​ဟု စီ​ရင်​သည်​အ​တိုင်း ဆောင်​သွား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ 5:8
11 ပူးပေါင်းရင်းမြစ်များ  

တာဟတ်​၏​သား ဇာဗဒ်​၊ ဇာဗဒ်​၏​သား ရှုသေလ​ဖြစ်​၏​။ ဧဖရိမ်​၏​သား ဧဇာ​နှင့်​ဧလဒ် တို့​မူကား ဂါသ​ပြည်​ဖွား​လူ​တို့​၏​သိုးနွား​တို့​ကို လုယူ​သောကြောင့် ထို​သူ​တို့​သည် သူ​တို့​ကို သတ်ဖြတ်​လိုက်​ကြ​၏​။


ကာလနေ​မြို့​သို့ သွား​လော့​။ ထိုမှ ဟာမတ်​မြို့ကြီး​သို့ သွား​ပြီး ဖိလိတ္တိ​ပြည်​၊ ဂါသ​မြို့​အထိ ဆင်းသွား​၍​ကြည့်​ကြ​လော့​။ ဤ​ပြည်​တို့​သည် သင်​တို့​၏​ပြည်​ထက် သာ၍​ကောင်း​သလော​။ သူ​တို့​၏​နယ်မြေ​သည် သင်​တို့​၏​နယ်မြေ​ထက် သာ၍​ကျယ်ပြန့်​သလော​။


ထို​နေ့ရက်​တွင် ငါ​သည် ဂျေရုဆလင်​မြို့​ကို လူမျိုး​အပေါင်း​တို့​အဖို့ အလွန်​လေးလံ​သော​ကျောက် ဖြစ်​စေ​မည်​။ ထို​ကျောက်​ကို ချီမ​သော​သူ​တိုင်း ဒဏ်ရာ​အပြင်းအထန် ရ​လိမ့်မည်​။ မြေကြီး​ပေါ်ရှိ လူမျိုးတကာ​တို့​သည် ဂျေရုဆလင်​မြို့​ကို တိုက်ခိုက်​ရန် စုဝေး​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


ခါနာန်​လူမျိုး​တို့​နေထိုင်​ရာ အီဂျစ်​ပြည်​အရှေ့ဘက်​ရှိဟောရ​မြစ်​မှ မြောက်ဘက်​ဧကြုန်​နယ်နိမိတ်​အထိ​၊ ဖိလိတ္တိ​ဘုရင်​ငါး​ပါး​အုပ်ချုပ်​သည့် ဂါဇ​ပြည်​၊ အာဇုတ်​ပြည်​၊ အာရှကေလုန်​ပြည်​၊ ဂိတ္တိ​ပြည်​၊ ဧကြုန်​ပြည်​မှစ၍ အာဝိ​ပြည်​အပါအဝင်


တစ်ဖန် နယ်နိမိတ်​သည် ဧကြုန်​မြောက်ဘက်​တောင်စောင်း​တစ်လျှောက် တက်သွား​၏​။ ထိုမှ နယ်နိမိတ်​သည် ရှိကြုန်​အရပ်​သို့​ကွေ့သွား​ပြီး ဗာလာ​တောင်​ကို​ဖြတ်​၍ ယာဗနေလ​အရပ်​သို့​ဆက်သွား​၏​။ ထိုမှ နယ်နိမိတ်​သည် ပင်လယ်​၌​ဆုံး​လေ​၏​။


ဖိလိတ္တိ​တပ်စခန်း​ဘက်​မှ ဂေါလျတ်​ဟု​အမည်​ရှိ​၍ အရပ်​ခြောက်​တောင်​တစ်ထွာ​ရှိ​သော ဂါသ​မြို့သား လူစွမ်းကောင်း​တစ်​ဦး ထွက်လာ​၏​။


ထိုအခါ အစ္စရေး​အမျိုးသား​နှင့်​ယုဒ​အမျိုးသား​တို့​သည် ထ​၍​ကြွေးကြော်​လျက် ဖိလိတ္တိ​လူမျိုး​တို့​ကို ချိုင့်ဝှမ်း​တိုင်အောင်​လည်းကောင်း​၊ ဧကြုန်​မြို့​တံခါး​တိုင်အောင်​လည်းကောင်း လိုက်လံတိုက်ခိုက်​ကြ​ရာ အသတ်ခံရ​သော​ဖိလိတ္တိ​လူမျိုး​တို့​သည် ရှာရိမ်​မြို့​မှစ၍ ဂါသ​မြို့​နှင့်​ဧကြုန်​မြို့​တိုင်အောင် လမ်း​တစ်လျှောက်​တွင် လဲကျ​လျက်​ရှိ​နေ​ကြ​၏​။


ထို့ကြောင့် အာခိတ်​မင်းကြီး​က ဒါဝိဒ်​ကို​ခေါ်​၍ “​ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်​နှင့်အညီ စင်စစ် သင်​သည် ဖြောင့်မှန်​သော​သူ​ဖြစ်​ပါ​၏​။ သင်​သည် ငါ့​ထံ​ရောက်လာ​သော​နေ့​မှစ၍ ယနေ့​တိုင်အောင် သင်​၌​အပြစ်​တစ်စုံတစ်ရာ​မျှ​မ​တွေ့​။ ထို့ကြောင့် ယနေ့ ငါ​နှင့်အတူ သင်​တိုက်ပွဲဝင်​ဖို့ ငါ​အလိုရှိ​သော်လည်း အခြား​မင်း​တို့​မူကား အလို​မ​ရှိ​ကြ​။


ထို့ကြောင့် သူ​တို့​သည် လူ​လွှတ်​၍ ဖိလိတ္တိ​မင်း​အပေါင်း​တို့​ကို ခေါ်ယူ​စုဝေး​စေ​ပြီးလျှင် “​အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင့်​သေတ္တာ​တော်​ကို အဝေး​သို့​ပို့​လိုက်​ပါ​လော့​။ သူ့​နေရာ သူ​ပြန်ရောက်​ပါစေ​။ သို့မဟုတ်လျှင် ငါ​တို့​နှင့် ငါ​တို့​လူမျိုး​ကို​သတ်ဖြတ်​လိမ့်မည်​”​ဟု ဆို​ကြ​၏​။ အကြောင်းမူကား ဘုရားသခင်​လက်​တော်​သည် ထို​မြို့​ကို ပြင်းထန်​စွာ​ဒဏ်ခတ်​သဖြင့် တစ်မြို့လုံး​သည် သေ​ရ​မည်​ကို ကြောက်လန့်​နေ​ကြ​၏​။


ထို​အခြင်းအရာ​ကို​မြင်​လျှင် အာဇုတ်​မြို့သား​တို့​က “​အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင့်​လက်​တော်​သည် ငါ​တို့​နှင့် ငါ​တို့​၏​ဘုရား​ဒါဂုန်​ကို ပြင်းထန်​စွာ​ဒဏ်ခတ်​တော်မူ​ပြီ​။ ထို​ဘုရား​၏​သေတ္တာ​တော်​ကို ငါ​တို့​နှင့်အတူ မ​ထား​သင့်​”​ဟု ဆို​ကြ​၏​။


ဖိလိတ္တိ​လူမျိုး​တို့​သည် ယဇ်ပုရောဟိတ်​များ​၊ ဂမ္ဘီရပညာရှင်​များ​ကို ခေါ်​၍ “​ထာဝရဘုရား​၏​သေတ္တာ​တော်​ကို မည်သို့​ပြု​ရ​မည်နည်း”​ဟု မေးမြန်း​ပြီး “သူ့​နေရာ​သို့ မည်သို့​ပြန်ပို့​ရ​မည်​ကို အကျွန်ုပ်​တို့​အား ပြောပြ​ပါ​”​ဟု ဆို​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ