ယောရှု 15:10 - မြန်မာ့စံမီသမ္မာကျမ်း10 တစ်ဖန် နယ်နိမိတ်သည် ဗာလာအရပ်မှ စိရတောင်ရှိရာအနောက်ဘက်သို့ကွေ့သွား၏။ ထိုမှ ခေသလုန် ခေါ် မြောက်ဘက်ယာရိမ်တောင်စောင်းတစ်လျှောက်ကိုဖြတ်၍ ဗက်ရှေမက်မြို့သို့ဆင်းလာပြီး တိမနတ်မြို့ကို ဖြတ်သွား၏။ အခန်းကိုကြည့်ပါ။Common Language Bible10 ထိုမြို့မှလှည့်ပြီးလျှင်အနောက်တောင်ကုန်း ဒေသသို့ရောက်၍ယာရိမ်တောင်(သို့မဟုတ် ခေသလုန်တောင်) မြောက်ဘက်မှအောက်ဘက် ရှိဗက်ရှေမက်မြို့သို့ရောက်ပြီးနောက် တိမနာမြို့ကိုဖြတ်၍သွားသည်။- အခန်းကိုကြည့်ပါ။Garrad Bible10 ၎င်း မြို့ အ နောက် ဘက် စိ ရ တောင် သို့ လှည့် လျက်၊ ခေ သ လုန် တောင် တည်း ဟူ သော ယာ ရိမ် တောင် စောင်း မြောက် ဘက် အ နီး ရောက် သော် ဗက် ရှေ မက် မြို့ သို့ ဆင်း၍ တိ မ နတ် မြို့ သို့ လျှောက် ပြီး မှ၊ အခန်းကိုကြည့်ပါ။Judson Bible10 ဗာလာမြို့ အနောက်ဘက်နားမှာလျှောက်လျက် စိရတောင်သို့လည်းကောင်း၊ ခေသလုန်တောင်တည်းဟူသော ယာရိမ်တောင် မြောက်ဘက်နားမှာလျှောက်လျက် ဗက်ရှေမက်မြို့၊ တိမနာမြို့သို့လည်းကောင်း၊ အခန်းကိုကြည့်ပါ။ |
ထို့ပြင် ဖိလိတ္တိလူမျိုးတို့သည်လည်း မြေနိမ့်ဒေသရှိမြို့ရွာများနှင့် ယုဒပြည်နေဂေ့အရပ်ကို ဝင်ရောက်တိုက်ခိုက်ပြီး ဗက်ရှေမက်မြို့၊ အာယလုန်မြို့၊ ဂေဒရုတ်မြို့၊ စောခေါမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ တိမနတ်မြို့နှင့်ဝန်းကျင်မြို့ရွာများ၊ ဂိမဇောမြို့နှင့်ဝန်းကျင်မြို့ရွာများကို သိမ်းပိုက်ကာ ထိုနေရာတို့၌ နေထိုင်ကြ၏။
သို့သော် လှည်းကို စောင့်ကြည့်ပါ။ သေတ္တာတော်ရှိခဲ့ရာနယ်သို့သွားသောလမ်းဖြစ်သည့် ဗက်ရှေမက်မြို့သို့ တက်သွားမည်ဆိုလျှင် ကိုယ်တော်သည် ငါတို့အပေါ် ဤဘေးဆိုးကြီး ကျရောက်စေသည်မှာ မှန်၏။ ထိုလမ်းသို့မတက်လျှင်မူကား ကိုယ်တော်၏လက်တော်သည် ငါတို့ကို ဒဏ်ခတ်တော်မူသည်မဟုတ်ဘဲ တိုက်ဆိုင်မှုသာဖြစ်ကြောင်း သိရကြမည်”ဟု ဆိုကြ၏။