ဂိလဒ်ပြည်၊ ဂေရှုရိလူမျိုးနှင့် မာခါသိလူမျိုးတို့၏နယ်မြေ၊ ဟေရမုန်တောင်တစ်တောင်လုံး၊ ဗာရှန်ပြည်တစ်ပြည်လုံးမှစ၍ သာလကမြို့အထိ
ဂိလဒ်နယ်၊ ဂေရှုရိနယ်၊ မာခါနယ်၊ ဟေရမုန် တောင်တစ်ခုလုံးနှင့်သာလကပြည်အထိ ကျယ်ပြန့်သောဗာရှန်ပြည်တစ်ပြည်လုံးတို့ သည်လည်းကောင်း၊-
ဂေ ရှု ရ၊ မာ ခါ အ မျိုး သား တို့ ပိုင် နယ်၊ ဟေ ရ မုန် တောင် တစ် လျှောက်၊
ဂိလဒ်ပြည်၊ ဂေရှုရိလူ၊ မာခါသိလူနေသောပြည်၊ ဟေရမုန်တောင်ရှိသမျှ၊ သာလကပြည်တိုင်အောင် ဗာရှန်ပြည်တစ်လျှောက်လုံး၊
ထို့နောက် သူတို့သည် အစားအစာစားသောက်ရန် ထိုင်လိုက်ကြစဉ် ဣရှမေလလူမျိုး ခရီးသွားလူတစ်စုသည် နံ့သာမျိုးများ၊ လိမ်းဆေးများနှင့် မုရန်စေးများကို ကုလားအုတ်များပေါ်တင်ဆောင်လျက် ဂိလဒ်ပြည်ဘက်မှ အီဂျစ်ပြည်သို့ဆင်းသွားနေသည်ကို လှမ်းမြင်ရ၏။
ဂေရှုရပြည်သားနှင့် ဆီးရီးယားပြည်သားတို့က ထိုမြို့များထဲမှ ဟာဝုတ်ယာဣရမြို့ကိုလည်းကောင်း၊ ကေနတ်မြို့နှင့်ထိုမြို့ပတ်ဝန်းကျင်ရှိမြို့ရွာပေါင်းခြောက်ဆယ်ကိုလည်းကောင်း သိမ်းပိုက်လိုက်ကြ၏။ ထိုမြို့တို့သည် ဂိလဒ်၏ဖခင်ဖြစ်သောမာခိရ၏သားမြေးတို့ပိုင်သောမြို့များ ဖြစ်၏။
ဂဒ်သားမြေးတို့သည် ရုဗင်သားမြေးတို့နှင့် နယ်မြေချင်းကပ်လျက်ရှိသော ဗာရှန်ပြည်မှ သာလကအရပ်အထိ နေထိုင်ကြ၏။
“ဂဒ်သားမြေး၊ ရုဗင်သားမြေးတို့တွင် ထာဝရဘုရားရှေ့တော်၌ စစ်တိုက်ရန်လက်နက်ကိုင်စွဲသူအပေါင်းတို့သည် သင်တို့နှင့်အတူ ဂျော်ဒန်မြစ်ကိုကူး၍ သင်တို့ရှေ့၌ရှိသောထိုပြည်ကို နှိမ်နင်းလျှင် သင်တို့သည် ဂိလဒ်ပြည်ကို ပိုင်ဆိုင်ရာမြေအဖြစ် သူတို့အားပေးရမည်။
ဗာရှန်ဘုရင်ဩဃမင်းကြီး၏နိုင်ငံရှိ မြို့များဖြစ်သည့် သာလကနှင့်ဧဒြိတိုင်အောင် လွင်ပြင်ရှိမြို့အားလုံး၊ ဂိလဒ်ပြည်တစ်ပြည်လုံး၊ ဗာရှန်ပြည်တစ်ပြည်လုံးကို သိမ်းယူကြ၏။
အရှေ့အနောက်တစ်ခွင်ရှိ ခါနာန်လူမျိုးများ၊ တောင်ပေါ်ဒေသရှိ အာမောရိလူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ယေဗုသိလူမျိုး၊ ဟေရမုန်တောင်ခြေ မိဇပါပြည်ရှိ ဟိဝိလူမျိုးများ စသည်တို့ထံသို့လည်းကောင်း သတင်းပို့လေ၏။
ဟေရှဘုန်မြို့၌စိုးစံသော အာမောရိဘုရင်ရှိဟုန်မင်းကြီးပိုင်သောမြို့အားလုံးနှင့်တကွ အမ္မုန်အမျိုးသားတို့၏နယ်နိမိတ်အထိ၊
ကျန်ရှိနေသောမြေများမှာ ဖိလိတ္တိနယ်မြေတစ်ခုလုံး၊ ဂေရှုရိနယ်မြေတစ်ခုလုံး၊
သူတို့ရရှိသောနယ်မြေမှာ ဤသို့ဖြစ်၏။ ယာဇာမြို့၊ ဂိလဒ်ပြည်ရှိမြို့အားလုံး၊ ရဗ္ဗာမြို့အရှေ့ဘက်ရှိ အာရော်မြို့အထိ အမ္မုန်အမျိုးသားတို့၏ပြည်တစ်ဝက်၊
မနာရှေအမျိုးအနွယ်သည် ဂျော်ဒန်မြစ်အရှေ့ဘက်ရှိ ဂိလဒ်ပြည်နှင့် ဗာရှန်ပြည်အပါအဝင် အခြားအမွေမြေဝေစုဆယ်စုကိုလည်း ရသေး၏။
ဟေဗြဲလူမျိုးတို့သည် ဂျော်ဒန်မြစ်တစ်ဖက် ဂဒ်ပြည်၊ ဂိလဒ်ပြည်တို့သို့ ကူးသွားကြ၏။ ရှောလုမင်းကြီးသည် ဂိလဂါလမြို့၌ပင်ရှိပြီး သူနှင့်အတူရှိသောစစ်သည်အပေါင်းတို့မှာလည်း ကြောက်ရွံ့တုန်လှုပ်နေကြပြီဖြစ်၏။