“မြေကြီးသားတိုင်း သွားရမည့်လမ်းကို ငါသွားရတော့မည်။ သို့ဖြစ်၍ သင်သည် ယောက်ျားပီပီ ရဲရင့်ခြင်းရှိလော့။
ယောရှု 1:7 - မြန်မာ့စံမီသမ္မာကျမ်း အားယူ၍ရဲရင့်ခြင်းရှိလော့။ သင်ပြုလေရာရာ၌ အထမြောက်မည့်အကြောင်း သင့်အား ငါ့အစေအပါးမောရှေ မှာထားခဲ့သောပညတ်တရားအလုံးစုံကို လိုက်နာစောင့်ထိန်းလော့။ လက်ဝဲဘက်၊ လက်ယာဘက်သို့ လွှဲမသွားနှင့်။ Common Language Bible အားမာန်တင်း၍ရဲရင့်ခြင်းရှိလော့။ ငါ၏ အစေခံမောရှေပေးသောပညတ်အားလုံး ကိုတစ်သဝေမတိမ်းစောင့်ထိန်းလော့။ ပညတ် ရှိသမျှကိုတစ်ခုမကျန်စောင့်ထိန်းလျှင် သင်သည်ကြံတိုင်းအောင်လိမ့်မည်။- Garrad Bible သို့ ရာ တွင် ကြံ တိုင်း အောင် ဆောင် တိုင်း မြောက် ရန် ငါ့ ကျွန် ရင်း မော ရှေ မှာ ထား ခဲ့ သော ပ ညတ် တ ရား ကို ဝဲ ယာ သို့ မ ယိမ်း မ ယိုင် ဘဲ၊ စောင့် ရှောက် လိုက် နာ အံ့ သော ငှာ၊ အ တိုင်း ထက် အ လွန် ရဲ ရင့်၍ အား ယူ လော့။ Judson Bible သို့ဖြစ်၍ ငါ၏ကျွန်မောရှေမှာထားသော တရားအတိုင်းကျင့်မည်ဟု စောင့်ရှောက်ခြင်းငှာ အားယူ၍ အလွန်ရဲရင့်ခြင်းရှိလော့။ ကြံစည်လေသမျှတို့၌ အောင်မည်အကြောင်း ထိုတရားလမ်းသို့ လိုက်လော့။ လက်ယာဘက်၊ လက်ဝဲဘက်သို့ မလွှဲနှင့်။ |
“မြေကြီးသားတိုင်း သွားရမည့်လမ်းကို ငါသွားရတော့မည်။ သို့ဖြစ်၍ သင်သည် ယောက်ျားပီပီ ရဲရင့်ခြင်းရှိလော့။
သင်၏ဘုရားသခင်ထာဝရဘုရား ညွှန်ကြားသောအရာတို့ကို စောင့်ထိန်းလော့။ မောရှေ၏ပညတ်တရားကျမ်း၌ ရေးထားသည့် ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်၊ ပညတ်ချက်၊ ပြဋ္ဌာန်းချက်၊ သက်သေခံချက်တို့ကို စောင့်ထိန်းပြီး တရားလမ်းအတိုင်း လိုက်လျှောက်လော့။ သို့ပြုလျှင် သင်ပြုလေရာရာ၊ သွားလေရာရာတို့၌ အောင်မြင်ခွင့်ရမည်။
သူသည် ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။ သူ၏ဘိုးဘေးဒါဝိဒ်မင်းကြီး လျှောက်ခဲ့သောလမ်းအတိုင်း လက်ယာလက်ဝဲမယိမ်းဘဲ လိုက်လျှောက်၏။
အစ္စရေးလူမျိုးတို့အဖို့ မောရှေအားဖြင့် ထာဝရဘုရား ပေးအပ်ထားသော ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို သင်လိုက်နာစောင့်ထိန်းလျှင် အောင်မြင်မှုကိုရလိမ့်မည်။ အားယူ၍ ရဲရင့်ခြင်းရှိလော့၊ မကြောက်ရွံ့နှင့်၊ စိတ်မပျက်နှင့်။
သင်တို့မူကား အားယူကြလော့။ စိတ်မပျက်ကြနှင့်။ အကြောင်းမူကား သင်တို့၏လုပ်ဆောင်မှုအတွက် အဖိုးအခကို ရရှိကြလိမ့်မည်”ဟု ဆင့်ဆို၏။
ဘုရားသခင်၏ဗျာဒိတ်တော်အကြောင်းကို သိနားလည်သောဇာခရိ အသက်ရှင်သမျှကာလပတ်လုံး ဘုရားသခင်ကို ရှာ၏။ ထာဝရဘုရားကို ရှာသောကာလပတ်လုံးတွင်လည်း ဘုရားသခင်သည် သူ့ကို အောင်မြင်ခွင့်ပေးတော်မူ၏။
ထိုအခါ ထာဝရဘုရားက စာတန်အား “ငါ့အစေအပါးယောဘကို သင်သတိထားမိသလော။ မြေကြီးပေါ်တွင် သူနှင့်တူသူတစ်ယောက်မျှမရှိ။ သူသည် အပြစ်တင်စရာမရှိ၊ ဖြောင့်မှန်သောသူ၊ ဘုရားသခင်ကိုကြောက်ရွံ့ရိုသေသောသူ၊ မကောင်းမှုကို ရှောင်ကြဉ်သောသူဖြစ်၏”ဟု မိန့်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တို့ကို ပြန်လည်ထူထောင်တော်မူပါ။ အကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရမည့်အကြောင်း ကိုယ်တော်၏မျက်နှာတော်အလင်းကို ထွန်းလင်းစေတော်မူပါ။
လက်ယာဘက်၊ လက်ဝဲဘက်သို့ မလှည့်နှင့်။ သင်၏ခြေကို မကောင်းမှုမှ ဖယ်ခွာစေလော့။
သူက ငါ့အား “အို နှစ်သက်မြတ်နိုးခြင်းခံရသူ၊ မကြောက်နှင့်။ ငြိမ်သက်ခြင်းရှိပါစေ။ အားယူလော့၊ အားယူလော့”ဟု ဆိုလျှင် ငါသည် ခွန်အားပြည့်လာ၍ “အကျွန်ုပ်၏သခင်၊ အမိန့်ရှိတော်မူပါ။ သခင့်စကားကြောင့် အကျွန်ုပ်အားရှိသွားပါပြီ”ဟု ပြန်လျှောက်၏။
မိမိလက်ကို ယောရှုအပေါ် တင်၍ မိမိမှတစ်ဆင့် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ယောရှုအား မှာကြားလေ၏။
ယနေ့ သင်တို့အား ငါဆင့်ဆိုသောပညတ်တော်ကို စောင့်ထိန်းလော့။ သို့ပြုလျှင် သင်တို့သည် ခွန်အားနှင့်ပြည့်စုံ၍ သင်တို့ကူးသွား၍သိမ်းပိုက်ရမည့်ပြည်ကို ဝင်ရောက်သိမ်းပိုက်နိုင်မည်။
သင်တို့အား ငါမှာကြားထားသည့် နှုတ်ကပတ်တော်ရှိသမျှတို့ကို လိုက်နာစောင့်ထိန်းရမည်။ မဖြည့်စွက်ရ။ မနုတ်ပယ်ရ။
ငါမှာကြားသည့်စကားတို့မှ လက်ယာဘက်၊ လက်ဝဲဘက်သို့မလွှဲ၊ အခြားဘုရားများနောက်သို့မလိုက်၊ ထိုဘုရားတို့ကို ဝတ်မပြုလျှင် ထိုကောင်းချီးများကိုခံစားရမည်။
သူတို့၏ပြည်ကို သိမ်းယူပြီး ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်တို့အား အမွေအဖြစ်ပေးခဲ့၏။
သင်တို့သည် ပြုလေရာရာ၌ အထမြောက်မည့်အကြောင်း ဤပဋိညာဉ်ပါအချက်တို့ကို လိုက်နာစောင့်ထိန်းရမည်။
ထို့နောက် မောရှေသည် ယောရှုကိုခေါ်၍ အစ္စရေးလူမျိုးအပေါင်းတို့၏ရှေ့၌ သူ့အား “အားယူ၍ရဲရင့်ခြင်းရှိလော့။ အကြောင်းမူကား ထိုပြည်ကို ဤလူမျိုးတို့အားပေးမည်ဟု သူတို့၏ဘိုးဘေးတို့အား ထာဝရဘုရားကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်သို့ သင်သည် သူတို့နှင့်အတူဝင်ရောက်၍ ထိုပြည်ကို သူတို့၏ အမွေဖြစ်စေရမည်။
သင်တို့အား ငါမှာကြားသောစကားတို့ကို မဖြည့်စွက်ရ။ မနုတ်ပယ်ရ။ သင်တို့အား ငါဆင့်ဆိုသော သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ပညတ်တော်များကို စောင့်ထိန်းရမည်။
သို့ဖြစ်၍ သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း လိုက်နာစောင့်ထိန်းရမည်။ လက်ယာဘက်၊ လက်ဝဲဘက်သို့ လွှဲမသွားရ။
ထာဝရဘုရား၏အစေအပါးမောရှေကွယ်လွန်ပြီးသည့်နောက် မောရှေ၏လက်ထောက်ဖြစ်သော နုန်၏သားယောရှုအား ထာဝရဘုရားက
ဤပညတ်တရားကျမ်း၌ ရေးထားသမျှတို့ကို လိုက်နာစောင့်ထိန်းနိုင်မည့်အကြောင်း ထိုတရားတို့ကို သင့်နှုတ်မှမကွာစေနှင့်။ နေ့ညမပြတ် ဆင်ခြင်အောက်မေ့ရမည်။ သို့ပြုလျှင် သင့်ဘဝလမ်းခရီး၌ အထမြောက်အောင်မြင်လိမ့်မည်။
သင့်ကို ငါမိန့်မှာထားသည်မဟုတ်လော။ အားယူ၍ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်။ စိတ်မပျက်နှင့်။ သင်သွားလေရာရာ၌ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူရှိ၏”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက မိမိအစေအပါးမောရှေအား မိန့်မှာခဲ့သည့်အတိုင်း မောရှေက ယောရှုအား ဆင့်ဆိုရာ ယောရှုသည် ထိုအတိုင်းပြုလေ၏။ ထာဝရဘုရားက မောရှေအားမိန့်မှာခဲ့သမျှကို ယောရှုက မပြုဘဲချန်ထားခဲ့သည်ဟူ၍ တစ်စုံတစ်ခုမျှမရှိ။
မောရှေ၏ပညတ္တိကျမ်း၌ ရေးထားသောပညတ်တရားအလုံးစုံကို လိုက်နာစောင့်ထိန်းရန် အားထုတ်လော့။ လက်ဝဲဘက်၊ လက်ယာဘက်သို့ လွှဲမသွားနှင့်။