ယောရှု 23:6 - မြန်မာ့စံမီသမ္မာကျမ်း6 မောရှေ၏ပညတ္တိကျမ်း၌ ရေးထားသောပညတ်တရားအလုံးစုံကို လိုက်နာစောင့်ထိန်းရန် အားထုတ်လော့။ လက်ဝဲဘက်၊ လက်ယာဘက်သို့ လွှဲမသွားနှင့်။ အခန်းကိုကြည့်ပါ။Common Language Bible6 သို့ဖြစ်၍သင်တို့သည်မောရှေ၏ပညတ်ကျမ်း တွင်ပါရှိသမျှသောပညတ်များကိုတစ် သဝေမတိမ်းလိုက်နာစောင့်ထိန်းရန်သတိ ပြုကြလော့။- အခန်းကိုကြည့်ပါ။Garrad Bible6 သို့ ဖြစ်၍၊ မော ရှေ့ ပ ည တ္တိ ကျမ်း ရှိ အ ချက် ချက် ကို ဝဲ ယာ သို့ မ ယိမ်း မ ယိုင် ဘဲ စောင့် ရှောက် လိုက် နာ အံ့ သော ငှာ၊ အ တိုင်း ထက် အ လွန် ရဲ ရင့် ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible6 သို့ဖြစ်၍ သင်တို့သည် မောရှေ၏ပညတ္တိကျမ်းစာလမ်းမှ လက်ယာဘက် ဘက်ဝဲဘက်သို့မလွှဲဘဲ၊ ပါသမျှအတိုင်း ကျင့်စောင့်ခြင်းငှာလည်းကောင်း၊ အခန်းကိုကြည့်ပါ။ |
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။
သင်၏ဘုရားသခင်ထာဝရဘုရား ညွှန်ကြားသောအရာတို့ကို စောင့်ထိန်းလော့။ မောရှေ၏ပညတ်တရားကျမ်း၌ ရေးထားသည့် ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်၊ ပညတ်ချက်၊ ပြဋ္ဌာန်းချက်၊ သက်သေခံချက်တို့ကို စောင့်ထိန်းပြီး တရားလမ်းအတိုင်း လိုက်လျှောက်လော့။ သို့ပြုလျှင် သင်ပြုလေရာရာ၊ သွားလေရာရာတို့၌ အောင်မြင်ခွင့်ရမည်။