ဆာလံ 80:19 - မြန်မာ့စံမီသမ္မာကျမ်း19 ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တို့ကို ပြန်လည်ထူထောင်တော်မူပါ။ အကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရမည့်အကြောင်း ကိုယ်တော်၏မျက်နှာတော်အလင်းကို ထွန်းလင်းစေတော်မူပါ။ အခန်းကိုကြည့်ပါ။Common Language Bible19 အနန္တတန်ခိုးရှင်ဘုရားသခင်ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားပြန်လာစေတော်မူပါ။ ကျွန်တော်မျိုးတို့အားကရုဏာတော်ကို ပြတော်မူပါ။ သို့ပြုတော်မူလျှင်ကျွန်တော်မျိုးတို့သည် ကယ်တင်ခြင်းခံရကြပါမည်။ အခန်းကိုကြည့်ပါ။Garrad Bible19 ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင်၊ အ ကျွန်ုပ် တို့ ကို ပြန် လာ စေ၍၊ လွတ် မြောက် ကြ ရ စေ ခြင်း ငှာ မျက် နှာ တော် ရောင် ခြည် ကို လွှတ် တော် မူ ပါ။ အခန်းကိုကြည့်ပါ။Judson Bible19 ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ မျက်နှာတော်အလင်းကို ပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပါလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်ထံမှ မျက်နှာလွှဲတော်မမူပါနှင့်။ အမျက်တော်ထွက်၍ ကိုယ်တော်၏အစေအပါးကို ငြင်းပယ်တော်မမူပါနှင့်။ ကိုယ်တော်သည် အကျွန်ုပ်ကိုကူညီမစသောအရှင် ဖြစ်ပါ၏။ အကျွန်ုပ်ကိုကယ်တင်တော်မူသောဘုရားသခင်၊ အကျွန်ုပ်ကိုပစ်ပယ်တော်မမူပါနှင့်။ အကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနှင့်။
အမှန်စင်စစ် ဘိုးဘေးတို့သည် ထိုပြည်ကို မိမိတို့ဓားလက်နက်ဖြင့် သိမ်းယူခဲ့ကြသည်မဟုတ်ပါ။ သူတို့အောင်ပွဲရသည်မှာ သူတို့၏လက်ရုံးကြောင့်လည်း မဟုတ်ပါ။ ကိုယ်တော်၏လက်ယာလက်တော်၊ ကိုယ်တော်၏လက်ရုံးတော်နှင့် ကိုယ်တော်၏ မျက်နှာတော်အလင်းကြောင့်သာဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် သူတို့ကိုနှစ်သက်တော်မူ၏။