အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယော​န 4:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဘုရားသခင်​ထာဝရဘုရား​သည် ထို​နေရာ​တွင် ယောန​ခေါင်း​ပေါ်​အရိပ်​ရ​ရန် ကြက်ဆူပင်​တစ်​ပင်​ကို​ပေါက်​စေ​ခြင်း​ဖြင့် စိတ်ဒုက္ခ​ဖြစ်​ခြင်း​မှ သက်သာ​စေ​၏​။ ယောန​သည် ထို​ကြက်ဆူပင်​ကြောင့် ဝမ်းသာအားရ ဖြစ်​လေ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​အ​ခါ​ယော​န​အား​နေ​ပူ​ရှိန်​မှ​သက်​သာ စေ​ရန် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် ကြက်​ဆူ​ပင်​တစ်​ပင်​ကို​ပေါက်​စေ​ပြီး​လျှင် ယော​န​၏​အ​ပေါ်​သို့​အ​ရိပ်​ကျ​စေ​တော် မူ​၏။ ယော​န​သည်​ထို​အ​ပင်​ပေါက်​လာ​သည့် အ​တွက်​အ​လွန်​ဝမ်း​သာ​လျက်​ရှိ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ထာ ဝ ရ ဘု ရား သ ခင် သည်၊ ယော န ကို ဒု က္ခ မှ ကင်း လွတ် စေ သော အ ရိပ် ဆာ ယာ၊ ဦး ခေါင်း ပေါ် တွင် ရှိ စေ ရန် ကြက် ဆူ ပင် ကို စီ မံ ကြီး ပွား စေ တော် မူ၏။ ယော န လည်း၊ ထို အ ပင် ကြောင့် အ လွန် အား ရ ဝမ်း မြောက် လေ၏။

အခန်းကိုကြည့်ပါ။

Judson Bible

အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ကြက်​ဆူ​ပင်​ကို ပြင်​ဆင်​ပြီး​လျှင်၊ ယော​န၏​စိတ်​ကို ပြေ​စေ​ခြင်း​ငှာ သူ့​ခေါင်း​ပေါ်​မှာ​လွှမ်း၍ မိုး​စေ​တော်​မူ၏။ ထို​အ​ပင်​ကြောင့် ယော​န​သည် အ​လွန် အား​ရ​ဝမ်း​မြောက်၏။

အခန်းကိုကြည့်ပါ။



ယော​န 4:6
11 ပူးပေါင်းရင်းမြစ်များ  

ထို​နေ့​၌ ဟာမန်​သည် စိတ်နှလုံး​ဝမ်းမြောက်​ရွှင်မြူး​လျက် ပြန်လာ​၏​။ သို့သော် ဘုရင့်​နန်းတော်​တံခါး​သို့​ရောက်​လျှင် မော်ဒကဲ​သည် မတ်တတ်​မ​ရပ်​၊ သူ့​အား မ​ကြောက်ရွံ့ မ​ရိုသေ​သည်​ကို မြင်​သောအခါ ဟာမန်​သည် မော်ဒကဲ​အား ပြင်းစွာ​အမျက်ထွက်​လေ​၏​။


ကျွန်​သည် အရိပ်​ကို​တောင့်တ​မိ​သကဲ့သို့​၊ သူရင်းငှား​သည် လုပ်အားခ​ကို မျှော်နေ​ရ​သကဲ့သို့ ဖြစ်​ပါ​သည်​တကား​။


ထို​ချမ်းသာကြွယ်ဝမှု​ကို သင်​၏​မျက်စိ​ဖြင့် ဝေ့ကြည့်​လိုက်​သောအခါ ၎င်း​သည် ရှိ​တော့​မည်​မ​ဟုတ်​။ အကြောင်းမူကား ၎င်း​သည် ရုတ်တရက်​အတောင်​ပေါက်​၍ လင်းယုန်​ကဲ့သို့ ကောင်းကင်​သို့​ပျံသန်း​သွား​လိမ့်မည်​။


ဟေဇကိ​မင်းကြီး​သည် သူ​တို့​ကို ဝမ်းမြောက်ဝမ်းသာ​ကြိုဆို​၍ မိမိ​ဘဏ္ဍာတိုက်​ထဲမှ ရွှေ​ငွေ​၊ အမွှေးနံ့သာ​၊ အဖိုးတန်​ဆီ​မှစ၍ လက်နက်​တိုက်​အားလုံး​နှင့် တွေ့​သမျှ​အဖိုးတန်ရတနာ​တို့​ကို သူ​တို့​အား ပြ​လေ​၏​။ နန်းတွင်း​နှင့် နိုင်ငံ​တစ်ဝန်းလုံး​တွင် ထို​သူ​တို့​အား ဟေဇကိ​မင်းကြီး မ​ပြပေး​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​။


“​ငါ​တို့​အင်အား​ဖြင့် ကာနိမ်​မြို့​ကို ငါ​တို့​သိမ်းယူ​နိုင်​ပြီ​”​ဟု ဆို​လျက် လောဒေဗာ​မြို့​တွင် သင်​တို့​ဝမ်းမြောက်​ကြ​၏​။


ယောန​ကို​မျိုချ​ရန် ငါး​ကြီး​တစ်​ကောင်​ကို ထာဝရဘုရား ပြင်ဆင်​ထား​သဖြင့် ယောန​သည် ငါး​ကြီး​ဝမ်း​ထဲတွင် သုံး​ရက်​သုံး​ည နေ​ရ​လေ​၏​။


ထိုအခါ ယောန​သည် မြို့​ပြင်​သို့​ထွက်သွား​၍ မြို့​အရှေ့ဘက်​တွင် ထိုင်​နေ​၏​။ ထို​နေရာ​တွင် ယာယီတဲ​ထိုး​၍ မြို့​ထဲတွင် မည်သို့​ဖြစ်ပျက်​မည်​ကို သိ​နိုင်​ရန် တဲ​ရိပ်​အောက်​တွင် ထိုင်ကြည့်​နေ​၏​။


သို့သော် နောက်တစ်နေ့​အရုဏ်တက်​ချိန်​တွင် ဘုရားသခင်​သည် ထို​ကြက်ဆူပင်​အပေါ် ပိုးကောင်ကျ​စေ​၍ ဖျက်ဆီး​သဖြင့် အပင်​မှာ​ခြောက်သွေ့​သွား​လေ​၏​။


သို့သော် နတ်​ဆိုး​တို့​သည် သင်​တို့​ကို​နာခံ​ကြ​သည့်​အတွက် ဝမ်းမြောက်​ခြင်း​မ​ရှိ​ကြ​နှင့်။ သင်​တို့​၏​နာမည်​များ​ကို ကောင်းကင်​၌​ရေးမှတ်​ထား​သည့်​အတွက် ဝမ်းမြောက်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


ငိုကြွေး​သော​သူ​တို့​သည် မ​ငိုကြွေး​သကဲ့သို့​လည်းကောင်း၊ ဝမ်းမြောက်​သော​သူ​တို့​သည် ဝမ်းမြောက်​ခြင်း​မ​ရှိ​သကဲ့သို့​လည်းကောင်း၊ ဝယ်ယူ​သော​သူ​တို့​သည် မည်သည့်​အရာ​ကို​မျှ မ​ပိုင်ဆိုင်​သကဲ့သို့​လည်းကောင်း နေ​ကြ​ပါစေ။