ယောန 4:6 - Common Language Bible6 ထိုအခါယောနအားနေပူရှိန်မှသက်သာ စေရန် ထာဝရအရှင်ဘုရားသခင်သည် ကြက်ဆူပင်တစ်ပင်ကိုပေါက်စေပြီးလျှင် ယောန၏အပေါ်သို့အရိပ်ကျစေတော် မူ၏။ ယောနသည်ထိုအပင်ပေါက်လာသည့် အတွက်အလွန်ဝမ်းသာလျက်ရှိ၏။- အခန်းကိုကြည့်ပါ။Garrad Bible6 ထာ ဝ ရ ဘု ရား သ ခင် သည်၊ ယော န ကို ဒု က္ခ မှ ကင်း လွတ် စေ သော အ ရိပ် ဆာ ယာ၊ ဦး ခေါင်း ပေါ် တွင် ရှိ စေ ရန် ကြက် ဆူ ပင် ကို စီ မံ ကြီး ပွား စေ တော် မူ၏။ ယော န လည်း၊ ထို အ ပင် ကြောင့် အ လွန် အား ရ ဝမ်း မြောက် လေ၏။ အခန်းကိုကြည့်ပါ။Judson Bible6 အရှင် ထာဝရဘုရားသည်လည်း ကြက်ဆူပင်ကို ပြင်ဆင်ပြီးလျှင်၊ ယောန၏စိတ်ကို ပြေစေခြင်းငှာ သူ့ခေါင်းပေါ်မှာလွှမ်း၍ မိုးစေတော်မူ၏။ ထိုအပင်ကြောင့် ယောနသည် အလွန် အားရဝမ်းမြောက်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 ဘုရားသခင်ထာဝရဘုရားသည် ထိုနေရာတွင် ယောနခေါင်းပေါ်အရိပ်ရရန် ကြက်ဆူပင်တစ်ပင်ကိုပေါက်စေခြင်းဖြင့် စိတ်ဒုက္ခဖြစ်ခြင်းမှ သက်သာစေ၏။ ယောနသည် ထိုကြက်ဆူပင်ကြောင့် ဝမ်းသာအားရ ဖြစ်လေ၏။ အခန်းကိုကြည့်ပါ။ |
ဟေဇကိသည်စေတမန်တို့ကိုလက်ခံပြီး လျှင် မိမိ၏ဘဏ္ဍာတော်များဖြစ်သည့် ရွှေ၊ ငွေ၊ နံ့သာမျိုး၊ နံ့သာဆီနှင့်လက်နက်ကိရိယာ ရှိသမျှတို့ကိုပြ၏။ ပစ္စည်းသိုလှောင်ခန်းများ နှင့်နိုင်ငံတော်အရပ်ရပ်တို့တွင်ထိုသူတို့ အားမင်းကြီးမပြသည့်အရာတစ်စုံ တစ်ခုမျှမရှိ။-