နေအေးသောအချိန်တွင် ဥယျာဉ်၌ ထာဝရအရှင်ဘုရားသခင် ကြွတော်မူသောအသံကို လူလင်မယားသည် ကြားလျှင် ထာဝရအရှင်ဘုရားသခင် ရှေ့တော်မှလွတ်ရန် ဥယျာဉ်ရှိသစ်ပင်များကြားတွင် ပုန်းကွယ်လျက်နေကြ၏။
ယောန 1:3 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ယောနသည် ထ၍ ထာဝရဘုရားထံတော်မှ တာရှုပြည်သို့ ထွက်ပြေးလေ၏။ သူသည် ယုပ္ပေမြို့သို့ဆင်းသွားပြီး တာရှုပြည်သို့သွားမည့်သင်္ဘောကို တွေ့သဖြင့် သင်္ဘောခပေးပြီး အထဲသို့ဝင်ကာ ထာဝရဘုရားထံတော်မှ တာရှုပြည်သို့ သင်္ဘောသားတို့နှင့်အတူ လိုက်သွားလေ၏။ Common Language Bible သို့ရာတွင်ယောနသည်ထာဝရဘုရား၏ထံတော်မှထွက်ပြေးရန်ယုပ္ပေသင်္ဘောဆိပ်သို့သွား၏။ ယုပ္ပေမြို့သို့ရောက်လျှင်စပိန်ပြည်သို့ထွက်ခွာသွားတော့မည်ဖြစ်သောသင်္ဘောကိုအဆင်သင့်တွေ့လေ၏။ ယောနသည်သင်္ဘောခကိုပေးပြီးလျှင် ထာဝရဘုရားနှင့်ဝေးရာစပိန်မြို့သို့သင်္ဘောသားများနှင့်အတူလိုက်ရန်သင်္ဘောပေါ်သို့တက်လေ၏။ Garrad Bible သို့ ရာ တွင် ယော န သည်၊ ထာ ဝ ရ ဘု ရား ထံ တော် မှ တာ ရှု မြို့ သို့ ပြေး မည် အ ကြံ နှင့် ထ၍၊ ယု ပ္ပေ မြို့ သို့ သွား ရောက် ရာ၊ တာ ရှု မြို့ သွား သင်္ဘော ကို တွေ့ ကြုံ၍ အ ခ ပေး ပြီး လျှင်၊ ထာ ဝ ရ ဘု ရား ထံ တော် မှ တာ ရှု မြို့ သို့ လိုက် ခြင်း ငှာ တက် စီး လေ ၏။ Judson Bible သို့သော်လည်း၊ ယောနသည် ထာဝရဘုရားထံတော်မှ တာရှုမြို့သို့ ပြေးမည့်အကြံရှိသည်နှင့် ထလျက် ယုပ္ပေမြို့သို့သွား၍ ရောက်သဖြင့်၊ တာရှုမြို့သို့သွားသော သင်္ဘောကို တွေ့ကြုံ၍ သင်္ဘောခကိုပေးပြီးလျှင်၊ ထာဝရဘုရားထံတော်မှ သင်္ဘောသားတို့နှင့်အတူ တာရှုမြို့သို့လိုက်ခြင်းငှာ သင်္ဘောကို စီးလေ၏။ |
နေအေးသောအချိန်တွင် ဥယျာဉ်၌ ထာဝရအရှင်ဘုရားသခင် ကြွတော်မူသောအသံကို လူလင်မယားသည် ကြားလျှင် ထာဝရအရှင်ဘုရားသခင် ရှေ့တော်မှလွတ်ရန် ဥယျာဉ်ရှိသစ်ပင်များကြားတွင် ပုန်းကွယ်လျက်နေကြ၏။
ကာဣနသည် ထာဝရဘုရား၏ရှေ့တော်မှထွက်သွား၍ ဧဒင်အရပ်၏အရှေ့ဘက်၊ နောဒပြည်တွင်နေထိုင်လေ၏။
ထိုအခါ ဧလိယသည် ကြောက်သဖြင့် အသက်ဘေးလွတ်အောင် ထပြေးရာ ယုဒပြည်၊ ဗေရရှေဘမြို့သို့ ရောက်သွားလေ၏။ ထိုမြို့တွင် မိမိငယ်သားကို ထားခဲ့၍
ထိုနေရာရှိလိုဏ်ဂူတစ်ခုထဲသို့ဝင်၍ ညအိပ်၏။ ထိုအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူ့ထံသို့ရောက်လာ၍ “ဧလိယ၊ ဤနေရာတွင် ဘာလုပ်နေသနည်း”ဟု သူ့အား မိန့်ဆို၏။
မင်းကြီးကတိပေးထားသည့်အတိုင်း ဂျုံဆန်၊ မုယောဆန်၊ သံလွင်ဆီ၊ စပျစ်ဝိုင်တို့ကို အမှုထမ်းတို့အတွက် ပေးပို့တော်မူပါ။
အကျွန်ုပ်တို့သည် မင်းကြီးအလိုရှိသမျှ လက်ဘနွန်တောင်မှသစ်တို့ကိုခုတ်ပြီး ယုပ္ပေမြို့အထိ ပင်လယ်လမ်းအတိုင်း ဖောင်ဖွဲ့၍ပို့လိုက်မည်။ ထိုနေရာမှ ဂျေရုဆလင်မြို့သို့ မင်းကြီးပြန်သယ်ယူပါ”ဟူ၍ ဖြစ်၏။
ရှင်ဘုရင်ပိုင် တာရှုသင်္ဘောသည် ဟုရံမင်းကြီး၏အမှုထမ်းတို့နှင့်အတူ ကူးသန်းသွားလာ၏။ ထိုတာရှုသင်္ဘောသည် သုံးနှစ်တစ်ခါပြန်လာပြီး ရွှေငွေများ၊ ဆင်စွယ်များ၊ မျောက်ဝံများ၊ ဒေါင်းများကို ယူဆောင်လာလေ့ရှိ၏။
ကျောက်ဆစ်သမား၊ လက်သမားတို့ကို ငွေပေး၍ခိုင်းစေ၏။ ပါးရှားဘုရင် ကုရုမင်းကြီး၏ခွင့်ပြုချက်ဖြင့် ဆီဒုန်အမျိုးသား၊ တိုင်ရာအမျိုးသားတို့ကို စားနပ်ရိက္ခာနှင့်ဆီကိုပေး၍ သစ်ကတိုးသားများကို လက်ဘနွန်တောမှ ယုပ္ပေမြို့အရောက် မျှောချစေ၏။
ထာဝရဘုရားကလည်း စာတန်အား “ကြည့်လော့။ သူ၌ရှိသမျှကို သင့်လက်၌ ငါအပ်ပြီ။ သူ့ကိုမူ ကိုယ်ထိလက်ရောက်မပြုရ”ဟု မိန့်တော်မူ၏။ စာတန်သည်လည်း ထာဝရဘုရားထံတော်မှ ထွက်သွားလေ၏။
စာတန်သည် ထာဝရဘုရားထံမှ ထွက်သွား၍ ယောဘကို ဦးခေါင်းမှ ခြေဖဝါးအထိ ဆိုးရွားသောအနာစိမ်းများကို ပေါက်စေ၏။
အချို့တို့သည် သင်္ဘောဖြင့် ပင်လယ်ကိုကူး၍ ကျယ်ပြောသောရေပြင်ပေါ်တွင် လုပ်ငန်းလုပ်ကိုင်ကြ၏။
တာရှုသင်္ဘောနှင့် နှစ်သက်ဖွယ်သောရေယာဉ် အစရှိသမျှတို့ကို အားလုံးဖျက်ဆီးတော်မူမည်။
တိုင်ရာမြို့နှင့်ဆိုင်သောဗျာဒိတ်တော်။ တာရှုသင်္ဘောတို့၊ ညည်းတွားငိုကြွေးကြလော့။ အကြောင်းမူကား တိုင်ရာမြို့သည် အိမ်မရှိ၊ ဆိပ်ကမ်းမရှိတော့သည့်တိုင်အောင် ဖျက်ဆီးခံရလေပြီဟု ဆိုက်ပရပ်ပြည်မှတစ်ဆင့် ကြားသိရပြီ။
အို တာရှုမြို့သမီးပျို၊ အထိန်းအချုပ်မရှိတော့ပြီဖြစ်၍ နိုင်းမြစ်ကဲ့သို့ ကိုယ့်မြေပေါ်မှာ ဖြတ်သန်းသွားလာလော့။
အို ကမ်းရိုးတန်းဒေသ၌နေထိုင်သောသူတို့၊ တာရှုမြို့သို့ကူးသွားကြလော့။ ညည်းတွားငိုကြွေးကြလော့။
အကယ်စင်စစ် ကမ်းရိုးတန်းဒေသတို့သည် ငါ့ကိုစောင့်မျှော်ကြလိမ့်မည်။ သင့်ကို ဘုန်းထင်ရှားစေတော်မူပြီဖြစ်၍ သင်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်အတွက်၊ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်အတွက် တာရှုသင်္ဘောတို့သည် သင်၏သားတို့ကို သူတို့၏ရွှေငွေများနှင့်အတူ အဝေးမှ အဦးဆုံးခေါ်ဆောင်လာလိမ့်မည်။
ကျွမ်းကျင်သောလက်မှုပညာသည်နှင့် ပန်းထိမ်သမားတို့က တာရှုမြို့မှလာသည့်ငွေပြား၊ ဥဖတ်မြို့မှလာသောရွှေတို့ဖြင့် တန်ဆာဆင်ပေးကြ၏။ ကျွမ်းကျင်သူတို့က အပြာရောင်အထည်၊ ခရမ်းရောင်အထည်တို့ဖြင့်လည်း တန်ဆာဆင်ပေးကြ၏။
အချင်းလူသား၊ ငါ့စကားကို နားထောင်လော့။ ပုန်ကန်တတ်သောအမျိုးကဲ့သို့ မပုန်ကန်နှင့်။ သင့်နှုတ်ကိုဖွင့်ပြီး ငါပေးသောအရာကို စားလော့”ဟု မိန့်ဆို၏။
တာရှုမြို့သားတို့သည် ကုန်စည်မျိုးစုံပေါများသောသင်နှင့် ကုန်သွယ်ကြ၏။ ထိုကုန်စည်များကို ငွေ၊ သံ၊ သံဖြူ၊ ခဲတို့နှင့် လဲလှယ်ကြ၏။
ထိုသို့ ဝိညာဉ်တော်က ငါ့ကိုချီဆောင်သွားသောအခါ ငါသည် ပူပန်စိတ်လောင်မြိုက်လျက် လိုက်ပါသွား၏။ ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်အားကြီးစွာတည်လျက်ရှိ၏။
ထို့ပြင် သူသည် ထာဝရဘုရားထံတော်မှ ထွက်ပြေးခဲ့ကြောင်းကို လူတို့အား ပြောပြသဖြင့် သူတို့သိသွားကြသောအခါ အလွန်ကြောက်ရွံ့ထိတ်လန့်၍ သူ့အား “အဘယ်ကြောင့် ဤသို့ပြုသနည်း”ဟု ဆိုကြ၏။
ထာဝရဘုရားထံ “အို ထာဝရဘုရား၊ အကျွန်ုပ်၏နေရင်းပြည်၌ရှိစဉ်က ဤသို့ဖြစ်မည်ဟု အကျွန်ုပ်ပြောခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် ကျွန်ုပ်လည်း တာရှုပြည်သို့ အမြန်ထွက်ပြေးခဲ့ပါ၏။ စင်စစ် ကိုယ်တော်သည် ကျေးဇူးပြုတတ်သော၊ သနားစုံမက်တတ်သော၊ စိတ်ရှည်သော၊ မေတ္တာကရုဏာကြွယ်ဝသောဘုရား ဖြစ်တော်မူ၍ ဘေးဆိုးကျရောက်စေမည့်အမှုမှ စိတ်တော်ပြောင်းလဲတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။
ယေရှုကလည်း“ထွန်ကိုင်းကိုကိုင်လျက် နောက်သို့လှည့်ကြည့်သောသူသည် ဘုရားသခင်၏နိုင်ငံတော်နှင့်မထိုက်တန်”ဟု မိန့်တော်မူ၏။
သို့သော် ပေါလုက ပံဖုလိပြည်တွင် သူတို့ထံမှ ထွက်ခွာသွားပြီး အမှုတော်ထမ်းဆောင်ရာသို့ သူတို့နှင့်အတူမလိုက်ခဲ့သောသူကို မခေါ်သွားသင့်ဟု မှတ်ယူ၏။
ထို့ကြောင့် အဂြိပ္ပမင်းကြီး၊ အကျွန်ုပ်သည် ကောင်းကင်ဘုံမှဗျာဒိတ်ရူပါရုံကို နားမထောင်၍မနေဘဲ
ယုပ္ပေမြို့တွင် ဒေါ်ကာဟု အဓိပ္ပာယ်ရသည့် တဗိသအမည်ရှိသော တပည့်တော်မတစ်ဦးရှိ၏။ သူသည် ကောင်းသောအမှု၊ ပေးကမ်းစွန့်ကြဲခြင်းအမှုတို့နှင့် ပြည့်စုံ၏။
ယုပ္ပေမြို့သည် လုဒ္ဒမြို့နှင့် နီးသည်ဖြစ်၍ လုဒ္ဒမြို့တွင် ပေတရုရှိကြောင်း တပည့်တော်တို့ကြားလျှင် လူနှစ်ဦးကို သူ့ထံသို့စေလွှတ်ကာ “အကျွန်ုပ်တို့ထံသို့ အလျင်အမြန်ကြွလာခဲ့ပါ”ဟု တောင်းပန်ကြ၏။
ဤသတင်းသည် ယုပ္ပေတစ်မြို့လုံးအနှံ့ကျော်ကြားသွား၍ လူများစွာတို့သည် သခင်ဘုရားကိုယုံကြည်ကြ၏။
ပေတရုသည် ယုပ္ပေမြို့တွင် သားရေနယ်သမားရှိမုန်ထံ၌ ရက်ပေါင်းများစွာတည်းခိုနေ၏။
ငါသည် ကောင်းမြတ်သောသတင်းကိုဟောပြောလျှင်လည်း ငါ့အတွက် ဂုဏ်ယူဝါကြွားစရာအကြောင်းမရှိ။ အဘယ်ကြောင့်ဆိုသော် ငါ၌မဖြစ်မနေဟောပြောရမည့်တာဝန်ရှိ၏။ ကောင်းမြတ်သောသတင်းကို ငါမဟောပြောဘဲနေလျှင် ငါ့အတွက် အမင်္ဂလာဖြစ်၏။
ထိုသူတို့သည် သခင်ဘုရားကြွလာတော်မူသောအခါ ကိုယ်တော်၏ရှေ့တော်မှလည်းကောင်း၊ ကိုယ်တော်၏အစွမ်းသတ္တိနှင့်ပြည့်စုံသောဘုန်းအသရေတော်မှလည်းကောင်း ဖယ်ရှားခြင်းခံရလျက် ထာဝရပျက်စီးခြင်းအပြစ်ဒဏ်ကို ခံကြရလိမ့်မည်။