ထို့နောက် ရောဗောင်မင်းကြီးသည် ခမည်းတော်ရှောလမုန်မင်းကြီးအသက်ရှင်စဉ်က ရှေ့တော်၌ခစားသူများဖြစ်သည့် သက်ကြီးဝါကြီးများအား “သင်တို့ မည်သို့အကြံပေးမည်နည်း။ ဤလူတို့အား မည်သို့ပြန်ပြောရမည်နည်း”ဟု တိုင်ပင်မေးမြန်းရာ
ယောဘဝတ္တု။ 8:8 - မြန်မာ့စံမီသမ္မာကျမ်း ယခင်မျိုးဆက်တို့ကို မေးမြန်းကြည့်လော့။ သူတို့ဘိုးဘေးတို့ စူးစမ်းလေ့လာခဲ့သောအရာကို ဆင်ခြင်ကြည့်လော့။ Common Language Bible လွန်လေပြီးသောကာလကိုစစ်၍၊ ရှေးဘိုးဘေးတို့ကို မေးမြန်းခြင်းငှါ အားထုတ်ပါတော့။ Garrad Bible အ ကျွန်ုပ် တို့ ကား၊ ယ မန် နေ့ က ဖြစ် ပွား၍၊ မြေ ကြီး ပေါ် တွင် အ သက် တာ လည်း၊ အ ရိပ် မျှ သာ ဖြစ် သည့် အ တိုင်း တစ် စုံ တစ် ရာ မ သိ နိုင် ကြ သော ကြောင့်၊ ရှေး လူ ဟောင်း ထံ မေး လျှောက် လျက်၊ ဘိုး ဘေး တို့ စီ စစ် ရာ ကို သ တိ မူ ပါ လော့။ Judson Bible လွန်လေပြီးသောကာလကို စစ်၍၊ ရှေးဘိုးဘေးတို့ကို မေးမြန်းခြင်းငှာ အားထုတ်ပါတော့။ |
ထို့နောက် ရောဗောင်မင်းကြီးသည် ခမည်းတော်ရှောလမုန်မင်းကြီးအသက်ရှင်စဉ်က ရှေ့တော်၌ခစားသူများဖြစ်သည့် သက်ကြီးဝါကြီးများအား “သင်တို့ မည်သို့အကြံပေးမည်နည်း။ ဤလူတို့အား မည်သို့ပြန်ပြောရမည်နည်း”ဟု တိုင်ပင်မေးမြန်းရာ
အသက်ကြီးရင့်သောသူတို့သည် ဉာဏ်ပညာရှိပြီး အသက်ရှည်သောသူတို့သည် ထိုးထွင်းဉာဏ်ရှိကြသည် မဟုတ်လော။
စင်စစ် ဤအရာအားလုံးကို ငါ့မျက်စိဖြင့်မြင်ရပြီ၊ ငါ့နားဖြင့်ကြားရ၍ နားလည်ပြီ။
ငါတို့တွင် ဆံပင်လည်းဖြူ၊ အသက်လည်းကြီးသောသူတို့ ရှိကြ၏။ သင့်ဖခင်ထက်ပင် အသက်ပိုကြီးကြသေး၏။
ဘိုးဘေးတို့လက်ထက်မှစ၍ ပညာရှိတို့ တစ်စုံတစ်ရာကွယ်ဝှက်ခြင်းမရှိဘဲ အဆင့်ဆင့်ပြောပြသည့်အတိုင်း ငါပြန်ပြောပြမည်။
အို ဘုရားသခင်၊ အကျွန်ုပ်တို့၏ဘိုးဘေးတို့က သူတို့လက်ထက် ရှေးကာလ၌ ကိုယ်တော်ပြုတော်မူသောအမှုကို အကျွန်ုပ်တို့အားပြောပြကြ၍ အကျွန်ုပ်တို့၏နားဖြင့် ကြားရကြပါ၏။
ယနေ့ ကိုယ်တော်၏ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းသကဲ့သို့ အသက်ရှင်သောသူသာလျှင် ပြုနိုင်ပါ၏။ ဖခင်သည် သားသမီးတို့အား ကိုယ်တော်၏သစ္စာတော်ကို သိစေပါ၏။
သက်ကြီးဝါကြီးတို့၊ နားထောင်ကြလော့။ ပြည်သူပြည်သားအပေါင်းတို့၊ အာရုံစိုက်ကြလော့။ သင်တို့ခေတ်တွင် ဤသို့ဖြစ်ပျက်ဖူးသလော။ သင်တို့ဘိုးဘေးတို့ခေတ်တွင် ဤသို့ဖြစ်ပျက်ဖူးသလော။
အကြောင်းမူကား ရှေးအခါကရေးထားသမျှသောအရာသည် ငါတို့ကိုသွန်သင်ရန်ရေးထားခြင်းဖြစ်ပြီး ကျမ်းစာ၌ပါသော သည်းခံခြင်းနှင့် နှစ်သိမ့်ခြင်းအားဖြင့် ငါတို့၌ မျှော်လင့်ခြင်းရှိစေရန်ဖြစ်၏။
ဤအမှုအရာတို့သည် နမူနာများအဖြစ် ထိုသူတို့၌ဖြစ်ပျက်ခဲ့ကြပြီး ၎င်းကိုရေးထားခြင်းမှာ ကပ်ကာလအဆုံးပိုင်း၌ အသက်ရှင်နေကြသောငါတို့ကို သတိပေးရန်အတွက်ဖြစ်၏။
လွန်လေပြီးသောနေ့ရက်များကို အောက်မေ့လော့။ လွန်လေပြီးသောနှစ်များကို ဆင်ခြင်သုံးသပ်လော့။ သင့်ဖခင်ကို မေးလော့။ သင့်ကို ရှင်းပြလိမ့်မည်။ သက်ကြီးဝါကြီးတို့ကို မေးလော့။ သင့်ကို ပြောပြလိမ့်မည်။
သင်တို့မမွေးမီ ရှေးကာလကအကြောင်းကို မေးမြန်းလော့။ မြေကြီးပေါ်၌ လူကိုဘုရားသခင်ဖန်ဆင်းသောနေ့မှစ၍ မိုးကောင်းကင်၏အစွန်းတစ်ဖက်မှ မိုးကောင်းကင်၏အခြားအစွန်းတစ်ဖက်တိုင်အောင် ဤကြီးမားသောအမှုမျိုး ဖြစ်ဖူးသလော။ ဤအမှုမျိုး ကြားဖူးသလော။